Connect with us

Hi, what are you looking for?

သတင်း

DKBAထိန်းချုပ်ရာကျောက်ခတ်ရွာဆေးရုံဟောင်းကိုစစ်တပ်ကကာမီကာဇီဒရုန်းနဲ့ ဗုံးကြဲ

ကရင်ပြည်နယ်၊မြန်မာ−ထိုင်းနယ်စပ်မျဉ်းဘေးဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)ထိန်းချုပ်ရာကျောက်ခတ်ကျေးရွာကဆေးရုံဟောင်းနေရာကို စစ်တပ်က ကာမီကာဇီဒရုန်း ၂စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စက်တင်ဘာ-၄ ၊၂၀၂၅/People’s Spring

ကရင်ပြည်နယ်၊မြန်မာ−ထိုင်းနယ်စပ်မျဉ်းဘေးဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)ထိန်းချုပ်ရာကျောက်ခတ်ကျေးရွာကဆေးရုံဟောင်းနေရာကို စစ်တပ်က ကာမီကာဇီဒရုန်း ၂စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒီကနေ့မနက်စော၈နာရီကျော်လောက်မှာဆေးရုံဟောင်းနေရာကို စစ်တပ်က ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

“လူထိတာတော့ မရှိဘူး။ ဆေးရုံဆိုတော့ နည်းနည်းတော့များတာပေါ့။ အဆောက်အဦတော့ ပျက်သွားတယ်”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျောက်ခတ်ကျေးရွာဟာသောင်ရင်းမြစ်ဘေးတည်ရှိပြီးဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)ထိန်းချုပ်ရာ နယ်မြေဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေက ကျားဖြန့်လုပ်ငန်းအသစ်တွေရှိရာ ဒေသဆိုပြီး လူမှုကွန်ရက်မှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပါတယ်။

တရုတ်နဲ့အခြားနိုင်ငံခြားသားတွေအစုလိုက်၊အပြုံလိုက်ကျောက်ခတ်ကနေထွက်ပြေးလာကြတာတွေလည်း ဖြစ်ခဲ့တဲ့ ဒေသဖြစ်ပါတယ်။

လတ်တလော ကျောက်ခတ်ဒေသမှာ တိုက်ပွဲဖြစ်ပွားတာမရှိပါဘူး။

ကျောက်ခတ်ရဲ့ နယ်စပ်တကျောက စစ်ကောင်စီတပ်စခန်းတွေကိုတော့ တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားပါတယ်။

လက်တလောမှာ ကော့ကရိတ်မြို့နယ်မှာ တိုက်ပွဲတွေဖြစ်နေပြီး အာရှလမ်းပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်​တွေတိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက်အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။