Connect with us

Hi, what are you looking for?

သတင်း

JICA က အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ယန်း ၁၅ဘီလီယံထုတ်ချေးမယ့်စီမံကိန်းဆိုင်းငံ့

အမေရိကန်ဒေါ်လာသန်း ၁၄၀ ခန့်တန်ဖိုးရှိ ဂျပန်ယန်း ၁၅ ဘီလီယံထောက်ပံ့မယ့်စီမံကိန်းကို ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)က ဆိုင်းငံ့လိုက်တယ်လို့ စစ်​ကောင်စီရဲ့ မြန်မာ့စီးပွားရေးဘဏ်(MEB) က စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)ရုံးအဆောက်အဦကို တွေ့ရစဉ်။ ဓာတ်ပုံ − JICA

စက်တင်ဘာ−၁၀၊ ၂၀၂၅။ဇော်ဝင်း/People’s Spring

အမေရိကန်ဒေါ်လာသန်း ၁၄၀ ခန့်တန်ဖိုးရှိ ဂျပန်ယန်း ၁၅ ဘီလီယံထောက်ပံ့မယ့်စီမံကိန်းကို ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)က ဆိုင်းငံ့လိုက်တယ်လို့ စစ်​ကောင်စီရဲ့ မြန်မာ့စီးပွားရေးဘဏ်(MEB) က စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

JICA ရဲ့ပင်လယ်ရပ်ခြားဖွံ့ဖြိုးမှုအစီအစဥ်​ချေး​ငွေ(ODA) ​အောက်က အ​သေးစားအလတ်စား-SME ချေးငွေစီမံကိန်း အစီအစဉ်ကနေ ပြည်တွင်းက အသေးစား၊အလတ်စားစီးပွားရေးလုပ်ငန်းရှင်တွေကို မြန်မာ့စီးပွားရေးဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တွေကနေတဆင့် ထုတ်ချေးနေတာလို့ ဆိုပါတယ်။

၂၀၂၀ နိုဝင်ဘာ ၄ရက်က ဂျပန်နိုင်ငံအစိုးရကိုယ်စား ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)နဲ့ မြန်မာနိုင်ငံအစိုးရကိုယ်စား ငွေတိုက်ဦးစီးဌာနတို့အကြား SME ချေးငွေစာချုပ်(Loan Agreement)ကို ချုပ်ဆိုခဲ့တာပါ။ ဒါ​ပေမယ့်ချေးငွေဆက်ထုတ်ပေးမယ့်အစီအစဉ်တွေကို JICAက ယာယီဆိုင်းငံ့ထားလိုက်တယ်လို့ မြန်မာ့စီးပွား​ရေးဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ဆိုင်းငံ့လိုက်တဲ့ ရက်စွဲ နဲ့အကြောင်းအရင်းကိုတော့ ထုတ်ပြန်ချက်မှာ မပါရှိပါဘူး။ဒါ နဲ့ ပတ်သက်ပြီး မြန်မာ့စီးပွား​ရေးဘဏ် နဲ့ JICA တို့ကို လူထုနွေဦးက ဆက်သွ​ယ်​မေးမြန်းဖို့ကြိုးစား​နေဆဲ ဖြစ်ပါတယ်။

ပြည်တွင်းက အသေးစားနဲ့အလတ်စားလုပ်ငန်းတွေ ရပ်တည်ရှင်သန်နိုင်ရေး အပါအဝင် ပြည်တွင်းထုတ်ကုန်တွေ တိုးတက်လာဖို့ရည်ရွယ်ချက်နဲ့ JICAက ၂၀၁၅ကစပြီး အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းသာရှိတဲ့ နှစ်​ရှည်ချေးငွေတွေ မြန်မာနိုင်ငံကို ပေးခဲ့ပါတယ်။

မြန်မာ့စီးပွား​ရေးဘဏ်ရဲ့စာရင်းအချက်အလက်တွေအရ SMEစီမံကိန်း အဆင့် ၁ ချေးငွေတွင် ဂျပန်ယန်း ၄ ဒသမ ၇၇၄ ဘီလီယံနဲ့ ၂၀၁၈က အဆင့် ၂ ချေးငွေအဖြစ် ဂျပန်ယန်း ၁၄ ဒသမ ၅ ဘီလီယံပေးခဲ့တယ်လို့ သိရပါတယ်။

JICAဘက်ကထုတ်ပြန်ချက်တွေအရရွေး​ကောက်ခံ အရပ်သားအစိုးရလက်ထက်ဖြစ်တဲ့၂၀၂၀ နိုဝင်ဘာ ၄ ရက်က မြန်မာအစိုးရနဲ့ စီမံကိန်းနှစ်ခုအတွက်စာချုပ်ချုပ်ခဲ့ပြီး အသေးစား၊အလတ်စားလုပ်ငန်း နဲ့ ပဲခူး-ကျိုက်ထို အဝေးပြေးလမ်းပိုင်းသစ်တည် ဆောက်ရေးဖြစ်တယ်လို့ တွေ့ရှိပါတယ်။

စာချုပ်ပါအချက်အလက်တွေအရ ပဲခူး-ကျိုက်ထို အဝေးပြေးလမ်းပိုင်းအတွက် ယန်း ၂၇ ဒသမ ၇၇၉ ဘီလီယံ(ဒေါ်လာသန်း ၂၆၀ )ဝန်းကျင်၊အသေးစားအလတ်စားလုပ်ငန်းရှင်တွေအတွက် ဂျပန်ယန်း ၁၅ ဘီလီယံ ကို နှစ်စဥ်အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်း၊ပြန်ဆပ်ရမယ့်ကာလကြာချိန် နှစ် ၄၀ နဲ့ ချေးငွေအတွက်မည်သည့်ချုပ်နှောင်မှုမှ မရှိဘူးလို့ ပါရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်အတွင်းဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)ကနေဆောက်လုပ်ပေးဖို့စီစဥ်ခဲ့ပေမယ့် အစီအစဥ်ပျက်သွားတဲ့တံတားကိုဒေသခံပြည်သူတွေကိုယ်ထူကိုယ်ထစနစ်နဲ့ အကောင်အထည်ဖော်တည်ဆောက်နေ​ပါတယ်။

သတင်း

စစ်ကောင်စီတပ်က လက်နက်ငယ်များ၊(၆၀) မမများဖြင့် ပြန်လည်ပစ်ခဲ့၍ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မဟာမိတ်အဖွဲ့များက ပြောသည်။

သတင်း

တိုက်ခိုက်မှုကြောင့် ထိခိုက်မှုကို အတိအကျမသိရသေးဘဲ စစ်ကောင်စီတပ်က ကားလေးစီး၊ အင်အား ၂၀ခန့်ဖြင့် ပိတ်ဆို့ရှာ‌ဖွေနေ၍ ပြည်သူများအနေဖြင့် ယင်းနေရာကိုဖြတ်သန်းခြင်းမပြုရန် PSTF က သတိပေးထားသည်။

သတင်း

True Fighter မြို့ပြပြောက်ကျားအဖွဲ့သည် မြို့ပေါ်တင် စစ်တင်ရေး ၄၀ကျော် ဆောင်ရွက်နိုင်ခဲ့ပြီး ခဲယမ်းလိုအပ်ချက်များရှိနေကြောင်း အသိပေးထားသည်။