Connect with us

Hi, what are you looking for?

သတင်း

မြင်းမူမြို့စီးပွားရေးဘဏ်စောင့် စစ်ကောင်စီတပ်သားများကို မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်

True Fighter မြို့ပြပြောက်ကျားအဖွဲ့သည် မြို့ပေါ်တင် စစ်တင်ရေး ၄၀ကျော် ဆောင်ရွက်နိုင်ခဲ့ပြီး ခဲယမ်းလိုအပ်ချက်များရှိနေကြောင်း အသိပေးထားသည်။

(မြင်းမူမြို့မြန်မာ့စီးပွားရေးဘဏ်အား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)
(မြင်းမူမြို့မြန်မာ့စီးပွားရေးဘဏ်အား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ စီးပွားရေးဘဏ်ရှိ စစ်ကောင်စီတပ်သားများအား လျက်ဆားပုလင်းမိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ရဲ CDM ဗိုလ်စွန်ရဲက ပြောသည်။

ယမန်နေ့ (မတ်လ ၂၄ရက်) ည ၁၁ နာရီဝန်းကျင်က မြင်းမူမြို့ မြန်မာ့စီးပွားရေးဘဏ် ဒုတိယအထပ်တွင် ဘန်ကာဖြင့် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများအား ဘဏ်ရှေ့မှနေ၍ လျက်ဆားပုလင်းမိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့က ပြောသည်။

အဆိုပါ လျက်ဆားပုလင်းမိုင်းသည် စစ်သား ၆ဦးခန့် ဖုန်းစုသုံးနေသည့်နေရာအနီး ပေါက်ကွဲခဲ့၍ ထိခိုက်သေဆုံးမှုများရှိသည်ဟု ဆိုသည်။

“၇ကောင်လောက် စုဖွဲ့နေတာကို အဝေးကနေ မြင်ရတယ်။ သူတို့တွေက ဒုတိယထပ်မှာ နေနေကြတာ။ ရှေ့မှာလည်း သဲအိတ်တွေနဲ့ ဘန်ကာလုပ်ထားကြတာပေါ့။ သူတို့ထဲက သုံးကောင်လောက်က အတော်မူးနေကြတယ်။ စကားတွေလည်း ကျယ်ကျယ်လောင်လောင် ပြောနေတော့ အလွယ်တကူပဲ ကျွန်တော်တို့ ချဥ်းကပ်နိုင်ခဲ့ပြီးစကစကင်းပုန်းကို လျက်ဆားပုလင်းနဲ့ဝင်ဖြုတ်ခဲ့တယ်။”ဟု True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်စွန်ရဲက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်က နံနက် ၂နာရီကျော်ထိ သေနတ်များဖြင့် မြို့တွင်းမြို့ပြင် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ဆိုသည်။

စစ်အုပ်စုဘက်က အချက်၅၀ခန့် ရမ်းသမ်းပစ်ခတ်သော်လည်း ရဲဘော်များ အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယင်းစစ်ဆင်ရေးကို True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် PENTAGRAM မဟာမိတ်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

True Fighter မြို့ပြပြောက်ကျားအဖွဲ့သည် မြို့ပေါ်တင် စစ်တင်ရေး ၄၀ကျော် ဆောင်ရွက်နိုင်ခဲ့ပြီး ခဲယမ်းလိုအပ်ချက်များရှိနေကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။