Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်မြို့ စစ်ကောင်စီ​၏ စီးပွားရေးဘဏ်လုံခြုံရေးအဖွဲ့အား ဗုံးခွဲတိုက်ခိုက်

တိုက်ခိုက်မှုကြောင့် ထိခိုက်မှုကို အတိအကျမသိရသေးဘဲ စစ်ကောင်စီတပ်က ကားလေးစီး၊ အင်အား ၂၀ခန့်ဖြင့် ပိတ်ဆို့ရှာ‌ဖွေနေ၍ ပြည်သူများအနေဖြင့် ယင်းနေရာကိုဖြတ်သန်းခြင်းမပြုရန် PSTF က သတိပေးထားသည်။

(ပုသိမ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့ရှိ စစ်ကောင်စီတပ်ယာဉ်တစ်စီးအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ပုသိမ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့ရှိ စစ်ကောင်စီတပ်ယာဉ်တစ်စီးအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

▪️စစ်ကောင်စီအဖွဲ့က လမ်းများပိတ်ဆို့စစ်ဆေးနေဟု ဒေသခံပြော

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ရှိ စစ်ကောင်စီလက်အောက်ခံမြန်မာ့စီးပွားရေးဘဏ် လုံခြုံရေးအဖွဲ့ ဗုံးခွဲတိုက်ခိုက်ခံရ၍ လမ်းများအား ပိတ်ဆို့စစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။

ပုသိမ်မြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်ဂိတ်တွင် လုံခြုံရေးစောင့်နေသော စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့(ဧပြီ ၅ရက်) နံနက်၇နာရီခန့်တွင် ဗုံးခွဲတိုက်ခိုက်ခံရခြင်းဟု ယင်းရပ်ကွက်တွင် နေသူတစ်ဦးက ပြောသည်။

“အဲ့ဂိတ်ကိုဖြတ်ဖူးတယ်။ အဲ့မှာအိပ် အဲ့မှာစားပြီး နေနေကြတာ။ စောင့်တဲ့သူတွေကလည်း လူရုပ်တောင်မပေါ်အောင် မွဲနေနေတာ။ မနက် ၇နာရီလောက်ကတော့ ဗုံးစာမိသွားတယ်ကြားတယ်” ဟု ပုသိမ်မြို့ခံတစ်ဦးက ပြောသည်။

ကျယ်လောင်သော ပေါက်ကွဲသံ နှစ်ချက်ကြားရပြီး စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို ပိတ်ဆို့စစ်ဆေးနေ‌ကြောင်း ပုသိမ်မြို့၊ အမှတ် (၄)ရပ်ကွက်တွင် နေသူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

” မနက်ကိုးနာရီလောက် ကျတော် အဲ့ဘက်(ပုသိမ်မြို့ မြန်မာ့စီးပွားရေးဘဏ်) ရောက်တယ်။ လာသမျှ အကုန်စစ်နေတာတွေ့တယ်။ စစ်ကောင်စီတပ်ကကောင်တွေက သေနတ်တကားကားနဲ့ ဟန်ရေးပြနေတယ်” ဟု ပုသိမ်မြို့ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို ‘နန်းထိုက်အောင် စစ်ဆင်ရေး’အဖြစ် ဖော်ဆောင်ခဲ့ခြင်းဟု ပုသိမ်မြို့ပြပျောက်ကြားတပ်ဖွဲ့ (PSTF)က သတင်းထုတ်ပြန်ထားသည်။

ပုသိမ်မြို့၊မြန်မာ့စီးပွားရေးဘဏ်ဂိတ်စောင့် စစ်ကောင်စီအဖွဲ့ကို အဝေးထိန်းဖောက်ခွဲရေးစနစ်ဖြင့် ဗုံးခွဲတိုက်ခိုက်ခြင်းဟု PSTFက ထုတ်ပြန် သည်။

တိုက်ခိုက်မှုကြောင့် ထိခိုက်မှုကို အတိအကျမသိရသေးဘဲ စစ်ကောင်စီတပ်က ကားလေးစီး၊ အင်အား ၂၀ခန့်ဖြင့် ပိတ်ဆို့ရှာ‌ဖွေနေ၍ ပြည်သူများအနေဖြင့် ယင်းနေရာကိုဖြတ်သန်းခြင်းမပြုရန် PSTF က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။