Connect with us

Hi, what are you looking for?

သတင်း

မုံရွာမှာ စစ်တပ်က အိမ်စီးကားတွေသုံးပြီး ပေါ်တာလိုက်ဆွဲနေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်တပ်က အိမ်စီးကားတွေနဲ့ မြို့လုံးပတ် ပေါ်တာလိုက်ဆွဲနေပြီး လူငယ်အချို့ ဖမ်းဆီးခံလိုက်ရပါတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက်မုံရွာမြို့လယ်နာရီစင်နားက လမ်းမထက်မှာ ဒီမိုက​ရေစီကိုသာလိုလား​ကြောင်း စာ​ရေးသား ဆန္ဒထုတ်​ဖော်ခဲ့စဥ်။ ဓာတ်ပုံ-CJ

စက်တင်ဘာ-၁၁၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်တပ်က အိမ်စီးကားတွေနဲ့ မြို့လုံးပတ် ပေါ်တာလိုက်ဆွဲနေပြီး လူငယ်အချို့ ဖမ်းဆီးခံလိုက်ရပါတယ်။

စစ်အုပ်စုဟာ အိမ်စီးကား ၅ စီးနဲ့ မြို့လုံးပတ်ကာ ပေါ်တာလိုက်ဆွဲနေတာဖြစ်တယ်လို့ဒေသခံတွေက ပြောပါတယ်။စက်တင်ဘာ ၁၀ ရက် ညနေပိုင်းကပဲ မုံရွာမြို့၊ ပြည်ထောင်စုလမ်း၊ အင်းကုန်းအဆင်းတောင်ဘက်မှာ လူငယ် ၂ ဦး၊ ရေဦးဆန်ဆိုင်ရှေ့မှာ ၄ ဦး စုစုပေါင်း ၆ ဦးကို အိမ်စီးကားတွေနဲ့ပတ်ပြီး ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

“AD Van ကားတွေနဲ့ကော ပတ်တာ။ ကမ်းနားတာရိုးဘက်တွေကော။ မနက်တိုင်းရှိတယ်။”လို့ မြို့ခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အရင်ရက်တွေကလည်း အလုပ်ကပြန်လာတဲ့လူငယ်တွေကို စစ်အုပ်စုက ပေါ်တာဆွဲလို့ လေးယောက်ထက်မနည်း ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၆ ရက် မနက်ပိုင်းကလည်း ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီး ၂ ဦးကိုပါ စစ်သားတွေက တားဆီးကာစစ်ဆေးပြီးပေါ်တာဆွဲဖမ်းဆီးသွားခဲ့ပါသေးတယ်။

ပေါ်တာဆွဲခံလိုက်ရတဲ့သူတွေကိုတော့ ဘယ်ကိုခေါ်သွားတယ်ဆိုတာ အတိအကျမသိရသေးဘဲ မိသားစုဝင်တွေက လိုက်လံစုံစမ်းနေရကြောင်း မြို့ခံတွေက ပြောပြပါတယ်။ စစ်အုပ်စုဟာ ငွေပေးနိုင်သူတွေကိုတော့ ပြန်လွှတ်ပြီး သိန်းရာချီတောင်းနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးမှုတွေကြောင့် မုံရွာမြို့ပေါ်မှာ ရုံးတက်ရုံးဆင်းချိန်ကလွဲလို့ လူသွားလူလာ ကင်းရှင်းနေတယ်လို့မုံရွာမြို့ခံတွေကပြောပါတယ်။

စစ်ကောင်စီဟာ စစ်ကိုင်း၊ မုံရွာ၊ ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေမှာပါ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေပြီး စစ်မှုထမ်းအပတ်စဥ် (၁၇)ကို စတင်ဖို့ ကြိုးစားနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။