Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်််််််ရေနက်ဆိပ်ကမ်းလမ်းပေါ်က စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်အတွင်း ဂိတ်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ပူးပေါင်းအဖွဲ့တွေနဲ့အတူ ၁နာရီကြာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေါနစစ်ကြောင်း ၃(KBDF)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စက်တင်ဘာ−၂၀၊ ၂၀၂၅။ ကျော်ဇော/ People’s Spring

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်အတွင်း ဂိတ်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ပူးပေါင်းအဖွဲ့တွေနဲ့အတူ ၁နာရီကြာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေါနစစ်ကြောင်း ၃(KBDF)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စက်တင်ဘာ ၁၈ ရက် မနက် ၆ နာရီခန့်က အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ပယကျေးရွာမှာတပ်စွဲထားတဲ့ အင်အား (၆၀)ခန့်ရှိ စစ်ကောင်စီတပ် ဂိတ်စခန်းကို တော်လှန်ရေးမဟာမိတ်တပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သား သုံးဦးသေဆုံးတယ်လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။

“ကံပေါက်ကနေ ထားဝယ် ရေနက်ဆိပ်ကမ်းကို သွားတဲ့ လမ်းပိုင်းပါဗျ။ လက်ရှိတော့ အင်အားဖြည့်ပြီး ကင်းပုန်းနဲ့ဝပ်ပြီး တပ်စွဲထားတုန်းလို့ သိရတယ်ဗျ”လို့ တိုက်ခိုက်ခဲ့တဲ့ စစ်တပ်ဂိတ်စခန်းအခြေအနေကို ဒေါနစစ်ကြောင်း ၃ (KBDF)မှ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားပြီးနောက်မှာ စစ်ကောင်စီရဲ့ ခလရ (၂၇၃)တပ်ရင်းမှ စစ်ကားလေးစီးဖြင့် အင်အားထပ်မံဖြည့်တင်းထားပြီး ကင်းပုန်းတွေလည်း ထပ်ချထားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲမှာ တော်လှန်ရေးပူးပေါင်းတပ်က ရဲဘော် တဦး ဒဏ်ရာရရှိခဲ့ပြီး ပြည်သူနှစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေါနစစ်ကြောင်း ၃(KBDF)က အသိ ပေးပါတယ်။

ပူးပေါင်းတိုက်ခိုက်မှုကိုတော့ ဒေါနစစ်ကြောင်း-၃(KBDF) ၊ ဒေါနတပ်ခွဲ-၆ (ဝေဟင်တပ်ဖွဲ့) ၊ ဒေါနတပ်ခွဲ-၇ (LPF) ၊ရာမညမွန်တပ်တော် (RMA)၊ ထားဝယ်ခရိုင် အမှတ်(၁) တပ်ရင်း-T1 ၊ ရေဖြူမြို့နယ် ပ.က.ဖ ၊ နဂါးနီပျောက်ကျားတပ်ဖွဲ့နှင့် ဗထူးတပ်မတော် (B.H.A)တို့ပါဝင်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ထားဝယ်််််််ရေနက်ဆိပ်ကမ်းလမ်းပေါ်က စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက် စက်တင်ဘာ−၂၀၊ ၂၀၂၅။ ကျော်ဇော/ People'…

Posted by People's Spring on Friday 19 September 2025

ရုပ်သံ − ဒေါနစစ်ကြောင်း

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊မြစ်ခြေမြို့ ရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့ပြီးတဲ့နောက်စစ်တပ်စစ်ကြောင်းပြန်ထိုးလာကာ မြို့ထဲကို စစ်ကြောင်းပြန်ရောက်လာတယ်လို့ ​ဒေသတွင်းစစ်​ရေးသတင်းရင်းမြစ် တွေကပြောပါတယ်။

ဆောင်းပါး

ဖိုးသား/People’s Spring အာဏာသိမ်းစစ်တပ်အတွက် စိုးရိမ်ဖွယ်ရာဖြစ်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေတိတ်ဆိတ်သွားပြီး​နောက်ပိုင်း တော်လှန်ရေးအဖွဲ့တွေ အပေါ်ကြီးမားတဲ့သက်ရောက်မှု နဲ့ အချိုးအကွေ့ ကာလတစ်ခု​ရောက်ပါတယ်။ အာဏာသိမ်းစစ်တပ်က ရှမ်းပြည်နယ်​မြောက်ပိုင်းမှာတရုတ်အကူအညီနဲ့ အပစ်ရပ်​အောင်လုပ်ပြီး​နောက် ပြုန်းတီးခဲ့တဲ့အင်အားတွေအတွက်စစ်မှုထမ်းတပ်သားသစ်တွေကိုစစ်တပ်ထိန်းချုပ်​ဒေသ​တွေက​နေ ပုံစံအမျိုးမျိုးနဲ့ စုဆောင်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ‌တော်လှန်ရေးအမာခံနယ်‌မြေတွေ ဖြစ်တဲ့ မန္တလေး၊စစ်ကိုင်း၊မကွေး၊ ချင်း ၊ကချင် ၊ရခိုင်ပြည်နယ်အစပ်အစရှိတဲ့...

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။