Connect with us

Hi, what are you looking for?

သတင်း

အုတ်တွင်းမှာ ရေကြီးလို့ ဆေးရုံထဲကလူနာတွေ ကယ်ထုတ်

နေပြည်တော်က ချောင်းတွေရေများ၊ မိုးဆက်ကြီးမယ့်သတိပေးချက် MOHADM ထုတ်ပြန်

အုတ်တွင်းမြို့နယ် ညောင်ခြေထောက်ဆေးရုံ ယနေ့ နံနက်ရေကြီးမှုမြင်ကွင်း။ ဓာတ်ပုံ - CJ

စက်တင်ဘာ-၃၀၊၂၀၂၅။လူအေး/People’s Spring

ပဲခူးတိုင်းက မြို့နယ်အချို့မှာ မိုးသည်းထန်လို့ တောင်ကျရေဆင်းလာတာနဲ့ ချောင်းရေလျှံတာတွေဖြစ်နေပြီး အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်ဆေးရုံဝန်းဆေးရုံထဲကို ရေတွေစီးဝင်လာတာကြောင့် လူနာတွေကို အရေးပေါ်ကယ်ထုတ်ခဲ့ကြရပါတယ်။

ဒီနေ့ စက်တင်ဘာ ၃၀ရက်မနက် ၅နာရီခန့်မှာ ဆေးရုံထဲကို ရေတွေစီးဝင်လာတာလို့ လူမှုကူညီအဖွဲ့ဝင်တဦးက ပြောပါတယ်။

” မိုးကသဲသဲမဲမဲကိုရွာနေတာ။အထက်ကနေဆင်းလာတာတွေလည်းပါတယ်။ ဆေးရုံအခန်းတွေထဲအထိ ရေတွေမြုပ်လာလို့ အကုန်ဆွဲထုတ်ခဲ့ရတယ်။ လူနာတွေအကုန်ကယ်တင်နိုင်ခဲ့ပါတယ်”လို့ ၎င်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အုပ်တွင်းမြို့နယ်မှာ ပြီးခဲ့တဲ့စက်တင်ဘာလဆန်းကလည်း စစ်တောင်းမြစ်ရေမြင့်တက်ပြီး ကမ်းပါးပြိုပြိုလို့ အရပ်သားထိခိုက်သေဆုံးမှုတချို့ရှိခဲ့ပါတယ်။ လက်ရှိမှာ အုပ်တွင်းမြို့နယ်အပြင် တောင်ငူ၊ ရေတာရှည်မြို့နယ်တွေမှာလည်း မိုးကောင်းနေတယ်လို့ သတင်းရရှိပါတယ်။

ပဲခူးတိုင်းနဲ့ ဆက်စပ်နေတဲ့ နေပြည်တော်မှာလည်း မိုးကောင်းနေပါတယ်။

ဒီကနေ့မနက်ပိုင်းမှာ နေပြည်တော်လယ်ဝေးမြို့က ပတ္တာချောင်းရေနဲ့ တပ်ကုန်းမြို့က နဝင်းချောင်းရေများပြီး သစ်တုံးတွေနဲ့အမှိုက်တွေမျောပါလာတာကြောင့် ချောင်းကမ်းပါးတွေမှာ မနေကြဖို့ ဒေသခံတွေအချင်းချင်းသတိပေးနေကြပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ၂၀ရက်နောက်ပိုင်းက ဘင်္ဂလားပင်လယ်အော်မှာဖြစ်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းနဲ့ တောင်တရုတ်ပင်လယ်က အင်အားပြင်းမုန်တိုင်း ရာဂါဆာ(Ragasa)အရှိန်ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ နေပြည်တော်နဲ့ မကွေးတိုင်း၊ ပဲခူးတိုင်းတို့မှာ ရေကြီးနစ်မြုပ်မှုတွေဖြစ်ခဲ့ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ ဒေသ၊ ရွာငံမြို့နယ်မှာ စက်တင်ဘာလ၂၄ရက်နေ့က မိုးသည်းထန်ပြီးတောင် မြေပြိုလို့ စစ်ဘေးရှောင်ဆယ်ဦး သေဆုံးခဲ့ပါတယ်။

မကွေးတိုင်း၊နတ်မောက်မြို့နယ်မှာလည်းမိုးများပြီးစက်တင်ဘာ ၂၈ ရက် က အောင်ပန်းကျွန်းဆည်ကျိုးကျခဲ့ပါတယ်။ ဆည်အောက်ဖက်က မယ်ဇလီပင်ရွာကို ရေတွေတိုက်စားပြီး နေအိမ်တချို့မျောပါသွားခဲ့ပါတယ်။

နေအိမ်တစ်လုံးပေါ်က မိသားစုဝင် ခြောက်ဦး ရေစီးနှင့်မျောပါသေဆုံးခဲ့တယ်လို့ ဒေသခံတချို့ကပြောပါတယ်။ ဒါ့အပြင် မကွေးတိုင်းထဲက ယောဒေသမြို့နယ်တွေမှာလည်း တောင်ကျရေဆင်းတာတွေ၊ ချောင်းရေလျှံတာတွေဖြစ်နေပါတယ်။

လက်ရှိမှာလည်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း ဆက်ရှိနေပြီး ဖိလစ်ပိုင်နိုင်ငံကိုဝင်ရောက်ခဲ့တဲ့ တောင်တရုတ်ပင်လယ်က တိုင်ဖွန်းမုန်တိုင်း BUALOI အရှိန်ကြောင့် မြန်မာနိုင်ငံမှာမိုးကြီးမယ့်သတိပေးချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ထုတ်ပြန်ထားပါတယ်။

ဒီနေ့ စက်တင်ဘာ ၃၀ရက်မှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ မန္တလေးတိုင်း၊ ကရင်နီပြည်နယ်၊ ပဲခူးတိုင်းနဲ့တနင်္သာရီတိုင်း၊ အောက်တိုဘာလ၁ရက်နေ့နဲ့ ၂ရက်နေ့မှာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ နေရာကွက်၍မိုးကြီးပြီး လေပြင်းတိုက်ခတ်နိုင်တယ်လို့သတိပေးထားပါတယ်။

လက်ရှိရာသီဥတုအခြေအနေအရ မြစ်ရေကြီးခြင်း၊ လျှပ်တပြက်ရေလွှမ်းမိုးခြင်း၊ တောင်ကျချောင်းရေလျှံခြင်းနဲ့ မြေပြိုခြင်းတွေကို အထူးသတိပြုကြဖို့ MOHADMက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ကမ္ဘာလှည့် ခရီးသွားတွေကြား လူသိများရာ ရှုမျှော်ခင်းကြည့် နေရာ တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုတွေကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်းထိ များပြားလာခဲ့ပါတယ်။

သတင်း

မိုးကြီးမှုနဲ့ တောင်ကျရေကြောင့် ကချင်ပြည်နယ်၊ ဖားကန့်နဲ့ မိုးကောင်းမြို့ကြား လမ်းပိုင်းမှာ ရေကျော်ပြီး လမ်းပိတ်ဆို့မှုဖြစ်နေပါတယ်။