Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က မီးပုံးပျံလွှတ်တင် ဆုတောင်း

မြန်မာပြည်သူတွေအားလုံး ကပ်ကြီးသုံးပါးမှ ကင်းလွှတ်ပြီးစေဖို့အတွက် ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က မီးပုံးပျံလွှတ်တင် ဆုတောင်းမှုကို ဒီကနေ့ (အောက်တိုဘာ ၇) ညမှာ ပြုလုပ်ခဲ့ကြပါတယ်။

Screenshot

အောက်တိုဘာ-၇၊၂၀၂၅။ သုည/People’s Spring

မြန်မာပြည်သူတွေအားလုံး ကပ်ကြီးသုံးပါးမှ ကင်းလွှတ်ပြီးစေဖို့အတွက် ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က မီးပုံးပျံလွှတ်တင် ဆုတောင်းမှုကို ဒီကနေ့ (အောက်တိုဘာ ၇) ညမှာ ပြုလုပ်ခဲ့ကြပါတယ်။

ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့မှာ Linn Yaung Ni Youth Organization (LYNYO) ၊ Owl Community ၊ Kyi Myindaing Networks နဲ့ Mayangone Democratic Front (MDF) တို့ဖြစ်ပြီး တော်လှန်သီတင်းကျွတ်မှာ “ ဓမ္မကိုပူဇော် အဓမ္မကိုလောင်ကျွမ်း” စာသားရေးသားကာ မီးပုံးပျံလွှတ် ဆုတောင်းခဲ့ကြတာပါ။

ဒါအပြင် ညီနောင် ၄ဖွဲ့က တော်လှန်ရေး ရဲဘော်တွေနဲ့ မြန်မာပြည်သူတွေ အားလုံး ကပ်ကြီးသုံးပါးမှ ကင်းလွှတ်ပြီး အာဏာရှင်ဘေးမှ အမြန်ဆုံးကင်းဝေးပါစေ ၊ မြန်မာပြည်သူလူထု အနာဂတ်ကို တော်လှန် ဆီမီးနဲ့ထွန်းညှိ အလင်းဆောင်ပါစေ ၊ ထွန်းညှိတဲ့ ဆီမီးတွေနဲ့အတူ ပြည်သူအပေါ် ဖိနှိပ်သူ မှန်သမျှ ပူလောင်ကျရှုံးပါစေလို့လည်း ဆုတောင်းခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က မီးပုံးပျံလွှတ်တင် ဆုတောင်း အောက်တိုဘာ-၇၊၂၀၂၅။ သုည/People's…

Posted by People's Spring on Tuesday 7 October 2025

ရုပ်သံ – ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့

ဆက်စပ်သတင်းများ

သတင်း

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းစစ်ကိုင်းငလျင်ကြီးဘေးတွင် ကွယ်လွန်ခဲ့သူများအတွက် ရည်စူး၍ ယနေ့ နှစ်ဆန်းတစ်ရက်နေ့တွင် အလှူဒါနပြုလုပ်ပေးခဲ့ကြောင်း ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့_Yangon 4 Brothersက အသိပေးထားသည်။