Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းငလျင်ကြီးကြောင့် ကွယ်လွန်သူများအတွက် ကုသိုလ်ပြုပေးသည့် ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းစစ်ကိုင်းငလျင်ကြီးဘေးတွင် ကွယ်လွန်ခဲ့သူများအတွက် ရည်စူး၍ ယနေ့ နှစ်ဆန်းတစ်ရက်နေ့တွင် အလှူဒါနပြုလုပ်ပေးခဲ့ကြောင်း ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့_Yangon 4 Brothersက အသိပေးထားသည်။

ဓာတ်ပုံ − Yangon 4 Brothers

ဧပြီ၁၇၊၂၀၂၅။သတိုး/People’s Spring

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းစစ်ကိုင်းငလျင်ကြီးဘေးတွင် ကွယ်လွန်ခဲ့သူများအတွက် ရည်စူး၍ ယနေ့ နှစ်ဆန်းတစ်ရက်နေ့တွင် အလှူဒါနပြုလုပ်ပေးခဲ့ကြောင်း ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့_Yangon 4 Brothersက အသိပေးထားသည်။

“သံဃာတော်မြတ် နေ့ဆွမ်းဆပ်ကပ်၊ သင်္ကန်းအလှူ၊ နဝကမ္မကုသိုလ်နှင့် ရေစက်သွန်းချ လှူမျှဝေခဲ့ပါ၏။ ထို့ပြင်ဆက်လက် ဘုရားတက်၍ပန်း၊ ရေချမ်းကပ်ဇီဝအသက် ငှက်၊ငါး လွှတ်ကာဘဝဆက် တိုင်း သက်ရှည် ကျန်းမာ အေးသုခနှင့် ပြည်စုံကြပါစေကြောင်း အခါခါဆုတောင်းပေးခဲ့ပါသည်။” ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

လှူဒါန်းမှုပြုလုပ်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများနှင့်အတူ မြန်မာနိုင်ငံသားအားလုံး ဘေးရန်ကင်း၍ စစ်အာဏာရှင်‌လက်အောက်မှ လွတ်မြောက်ရန် အတွက်လည်း ဆုတောင်းပေးထားသည်။

Public Service Announcement

Public Service Announcement

ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့_Yangon 4 Brothers အနေဖြင့် ငလျင်ဒဏ်သင့်ဒေသများအတွက် အလှူငွေ ကျပ်သိန်း ၆၀ ကျော်ရရှိခဲ့ပြီး ပြန်လည်ကူညီသည့်နေရာများကို မှတ်တမ်းများနှင့်အတူ ထုတ်ပြန်ထားသည်။

မတ်လ ၂၈ ရက်‌က စစ်ကိုင်းမြို့အနီးကို ဗဟိုပြု၍ လှုပ်ခဲ့သော ငလျင်ကြောင့် သေဆုံးသူ ၃၇၂၅ဦး ၊ ပျောက်ဆုံးသူ ၁၂၉ ဦးနှင့် ဒဏ်ရာရရှိသူ ၅၀၁၆ ဦးရှိကြောင်း ဧပြီ ၁၆ရက်တွင် စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းငလျင်ကြီးကြောင့် ဒုက္ခရောက်ရသူတွေဟာ ကမ္ဘာ့အရှေ့အလယ်ပိုင်းက ပဋိပက္ခကဖြစ်ပေါ်လာတဲ့ လောင်စာဆီအခက်အခဲနဲ့အတူ စားနပ်ရိက္ခာနဲ့ မြေဩဇာဈေးနှုန်းကြီးမြင့်မှု ဒဏ်တွေကိုပါ ထပ်ဆင့်ခံစားနေရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ဒီကနေ့ မတ်လ ၂၈ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းပြတ်ရွေ့သဘောသဘာဝအရ နောက်ဆက်တွဲ သဘာဝ ဘေးအန္တရာယ်များနဲ့ ပတ်သက်ပြီး အမြဲမပြတ် အထူးသတိပြုနေထိုင်ကြဖို့နဲ့အပြန်အလှန် စာနာဖေးမကာ ကူညီစောင့်ရှောက်ကြဖို့ မေတ္တာရပ်ခံကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

အတွေးအမြင်

ကံဆိုးချင်​တော့ စစ်အာဏာရှင် ၂ ဦး​အောက်မှာ ဖျက်အားကြီးမားတဲ့သဘာဝ​ဘေးအန္တရာယ်ကြီး နှစ်ခုကို ကျွန်​တော်တို့ကြုံခဲ့ရတယ် ။ ၂၀၀၈ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း နဲ့ ၂၀၂၅ စစ်ကိုင်းငလျင်ကြီးပါ။

ဆောင်းပါး

စစ်ကိုင်းငလျင်ကြီးလှုတ်ခတ်သွားခဲ့တာ ဒီကနေ့ တစ်နှစ်တင်းတင်း ပြည့်ပါပြီ။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် သေဆုံးသူ ၃၈၁၈ ဦး၊ ပျောက်ဆုံးသူ ၅ ဦးနဲ့ ဒဏ်ရာရရသူ ၅၁၀၄ ဦး ရှိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပေမဲ့...