Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းငလျင်ကြီးကြောင့် ကွယ်လွန်သူများအတွက် ကုသိုလ်ပြုပေးသည့် ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းစစ်ကိုင်းငလျင်ကြီးဘေးတွင် ကွယ်လွန်ခဲ့သူများအတွက် ရည်စူး၍ ယနေ့ နှစ်ဆန်းတစ်ရက်နေ့တွင် အလှူဒါနပြုလုပ်ပေးခဲ့ကြောင်း ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့_Yangon 4 Brothersက အသိပေးထားသည်။

ဓာတ်ပုံ − Yangon 4 Brothers

ဧပြီ၁၇၊၂၀၂၅။သတိုး/People’s Spring

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းစစ်ကိုင်းငလျင်ကြီးဘေးတွင် ကွယ်လွန်ခဲ့သူများအတွက် ရည်စူး၍ ယနေ့ နှစ်ဆန်းတစ်ရက်နေ့တွင် အလှူဒါနပြုလုပ်ပေးခဲ့ကြောင်း ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့_Yangon 4 Brothersက အသိပေးထားသည်။

“သံဃာတော်မြတ် နေ့ဆွမ်းဆပ်ကပ်၊ သင်္ကန်းအလှူ၊ နဝကမ္မကုသိုလ်နှင့် ရေစက်သွန်းချ လှူမျှဝေခဲ့ပါ၏။ ထို့ပြင်ဆက်လက် ဘုရားတက်၍ပန်း၊ ရေချမ်းကပ်ဇီဝအသက် ငှက်၊ငါး လွှတ်ကာဘဝဆက် တိုင်း သက်ရှည် ကျန်းမာ အေးသုခနှင့် ပြည်စုံကြပါစေကြောင်း အခါခါဆုတောင်းပေးခဲ့ပါသည်။” ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

လှူဒါန်းမှုပြုလုပ်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများနှင့်အတူ မြန်မာနိုင်ငံသားအားလုံး ဘေးရန်ကင်း၍ စစ်အာဏာရှင်‌လက်အောက်မှ လွတ်မြောက်ရန် အတွက်လည်း ဆုတောင်းပေးထားသည်။

Public Service Announcement

Public Service Announcement

ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့_Yangon 4 Brothers အနေဖြင့် ငလျင်ဒဏ်သင့်ဒေသများအတွက် အလှူငွေ ကျပ်သိန်း ၆၀ ကျော်ရရှိခဲ့ပြီး ပြန်လည်ကူညီသည့်နေရာများကို မှတ်တမ်းများနှင့်အတူ ထုတ်ပြန်ထားသည်။

မတ်လ ၂၈ ရက်‌က စစ်ကိုင်းမြို့အနီးကို ဗဟိုပြု၍ လှုပ်ခဲ့သော ငလျင်ကြောင့် သေဆုံးသူ ၃၇၂၅ဦး ၊ ပျောက်ဆုံးသူ ၁၂၉ ဦးနှင့် ဒဏ်ရာရရှိသူ ၅၀၁၆ ဦးရှိကြောင်း ဧပြီ ၁၆ရက်တွင် စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အင်အားပြင်း စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်မှုအပြီး အပျက်အစီးများ နှင့် ငလျင်ကြီး အ​ကြောင်း ပိုမိုသိရှိနိုင်ရန် ဒရုန်းအသုံးပြု၍စစ်တမ်း​ကောက်ယူ (Drone Survey)မည့်အပေါ် စစ်ကောင်စီက ခွင့်ပြုမပေးကြောင်း မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းဥက္ကဌ ဒေါက်တာစုံဟန်က ​ပြောသည်။

သတင်း

တိုက်ခိုက်မှု ၂၄၃ ခုထဲမှာ ၁၇၁ ကြိမ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေဖြစ်

သတင်း

ငလျင်ဒဏ်ကြောင့် ဆိုးဆိုးရွားရွားပြိုကျပျက်စီးသွားပြီးအသေအပျောက် များခဲ့တဲ့ မန္တလေးမြို့ က Sky Villa ကွန်ဒို အဆောက်အဦးကို ရှင်းလင်းရာမှာ တစ်ပတ်တာအတွင်း ရုပ်အလောင်း ၁၂ လောင်းထပ်မံတွေ့ရှိတယ်လို့ မီးသတ် ရဲ့စာရင်းတွေအရသိရပါတယ်။

ဆောင်းပါး

စစ်ကိုင်းငလျင်ကြီးအပြီးမှာ ​တော်လှန်​ရေးတပ်​တွေ နဲ့ စစ်​ကောင်စီတို့က ယာယီအပစ်ရပ်တယ်လို့အသီးသီး​ကြေညာခဲ့​ပေမယ့် ​​မြေပြင်မှာ​တော့တိုက်ပွဲ​တွေပိုပြင်းထန်လာတဲ့အ​ကြောင်း ဒီတစ်ပါတ်​ပြောပြပါမယ် ။

Facebook