Connect with us

Hi, what are you looking for?

သတင်း

မာန်အောင်အနီးပင်လယ်မှာ အင်အားအသင့်အတင့်ရှိငလျင်လှုပ်

ရခိုင်ပြည်နယ်၊မာန်အောင်မြို့အနီးကပင်လယ်ပြင်မှာရစ်ခ်တာစကေး ၄ ဒဿမ ၈ အဆင့်ငလျင် ဒီ‌နေ့ မနက်ပိုင်းမှာ လှုပ်ခတ်သွားခဲ့ပါတယ်။

​အောက်တိုဘာ-၁၀၊၂၀၂၅။ဇော်ရမ်း/People’s Spring

ရခိုင်ပြည်နယ်၊မာန်အောင်မြို့အနီးကပင်လယ်ပြင်မှာရစ်ခ်တာစကေး ၄ ဒဿမ ၈ အဆင့်ငလျင် ဒီ‌နေ့ မနက်ပိုင်းမှာ လှုပ်ခတ်သွားခဲ့ပါတယ်။

မာန်အောင်မြို့အနီး၊မြန်မာ့ပင်လယ်ပြင်မှာ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး အောက်တိုဘာလ၁၀ရက်မနက် ၆နာရီ၅၄မိနစ်မှာ လှုပ်သွားတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ထုတ်ပြန်ထားပါတယ်။

ငလျင်ကိုမာန်အောင်မြို့အပြင်ကျောက်ဖြူမြို့မှာလည်းခံစားလိုက်ရတယ်လို့ကျောက်ဖြူဒေသခံသတင်းရင်းမြစ်တချို့ဆီကနေသိရပါတယ်။ ထိခိုက်မှုမရှိဘူးလိုလတ်တလောသိရပြီး အသေးစိတ်ကို စုံစမ်းဆဲဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မာန်အောင်မြို့ဟာကျောက်ဖြူ၊စစ်တွေမြို့‌တွေနဲ့အတူ အာရက္ခတပ်တော်(AA)က မြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့ စစ်ကောင်စီစခန်းတွေကိုပိတ်ဆို့ထားတဲ့ မြို့ဖြစ်ပါတယ်။ လက်ရှိမှာ ဖုန်းလိုင်းဆက်သွယ်‌ရေးတွေပြတ်တောက်နေပါတယ်။

ထိုင်းမိုးဇလဌာနကတာ့ အခုငလျင်ဟာ ရစ်ခ်တာစကေး ၄ဒဿမ၅အဆင့်နဲ့ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး လှုပ်သွားတာလို့ ထုတ်ပြန်ထားပါတယ်။

မတ်လ၂၈ ရက်က စစ်ကိုင်းနဲ့မန္တလေးကို ဗဟိုပြုပြီး ရစ်ခ်တာစကေး ၇ဒဿမ၇ ငလျင်လှုပ်ပြီးတဲ့နောက် ကုန်းတွင်းပိုင်းမြို့နယ်တွေအပြင် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းက ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာလည်း ရစ်ခ်တာစကေး ၄နဲ့ ၅ ပတ်ဝန်းကျင်ငလျင်တွေ မကြာခဏဆိုသလို လှုပ်ခတ်နေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။