Connect with us

Hi, what are you looking for?

သတင်း

မ​ကွေးနဲ့ပဲခူး ကပစသုံးခုအနီးတိုက်ပွဲပြင်းထန်​နေ

မကွေးတိုင်း နဲ့ ပဲခူးတိုင်းမှာ စစ်တပ်ရဲ့ ကာကွယ်​ရေးပစ္စည်းထုတ်လုပ်စက်ရုံ (ကပစ) သုံးခုအနီးမှာစစ်တပ်နဲ့ ​တော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ပွဲအပြင်းအထန်ဖြစ်နေ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကပစ စက်ရုံတည်​နေရာ​တွေ။ အင်ဖိုဂရပ်ဖစ်-SAC-M

​အောက်တိုဘာ-၁၀၊၂၀၂၅။လူအေး/People’s Spring

မကွေးတိုင်း နဲ့ ပဲခူးတိုင်းမှာ စစ်တပ်ရဲ့ ကာကွယ်​ရေးပစ္စည်းထုတ်လုပ်စက်ရုံ (ကပစ) သုံးခုအနီးမှာစစ်တပ်နဲ့ ​တော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ပွဲအပြင်းအထန်ဖြစ်နေ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ပဲခူးတိုင်းထဲကပန်းတောင်းမြို့နယ်အခြေစိုက်ကပစ(၆) ၊ မကွေးတိုင်းငဖဲမြို့နယ်က ကပစ(၁၄) နဲ့ ပေါက်မြို့နယ်က ကပစ(၂၄) တွေမှာ အနီးကပ်တိုက်ပွဲတွေ ဖြစ်နေတာလို့ စုံစမ်းသိရှိရပါတယ်။

“ကပစ (၆)၊ (၁၄) နဲ့ (၂၄) မှာ ချနေကြတာ။ ၆ နဲ့ ၁၄ နားမှာ တိုက်ပွဲက တော်တော်ကို ပြင်းထန်ပြီး စစ်တပ်ကလည်း အင်အားထောင်ချီသုံးပြီး လေကြောင်းပစ်ကူနဲ့ ခုခံနေတယ်။ ၆ နဲ့ ၁၄ကို AAနဲ့ မဟာမိတ်တွေ သိမ်းဖို့အထိ စစ်ရေးရည်မှန်းချက်နဲ့ ချနေပြီ”လို့ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ် နယ်စပ်ဒေသအခြေစိုက် စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပေါက်မြို့အခြေစိုက် ကပစ(၂၄) အနီးမှာတိုက်ပွဲတွေဖြစ်နေပေမယ့် အသေးစိတ်ပြောကြားလိုခြင်းမရှိသေးဘူးလို့ ဒေသကာကွယ်ရေးတဖွဲ့အချို့ကဆိုပါတယ်။ AAနဲ့ မဟာမိတ်​တော်လှန်​ရေးတပ်တွေကတော့ကပစ (၆) နဲ့ (၁၄)အနီးပတ်ဝန်းကျင်၊ အမ်း-ပဒါန်းလမ်းနဲ့ ငဖဲမြို့နယ်ထဲက နတ်ရေကန်ဗျူသာပတ်ဝန်းကျင်၊ တောင်ကုတ်-ပန်းတောင်းလမ်းပိုင်းက လေသာတောင်စခန်းနဲ့ ညောင်ကျိုးစခန်းပတ်ဝန်းကျင်တွေမှာ စက်တင်ဘာလဆန်းကတည်းက တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

သတင်းရင်းမြစ်တဦးကလည်း ကပစ(၆) နဲ့ ကပစ(၁၄)ကိုအပြီးသတ်သိမ်းယူဖို့အထိ AAနဲ့ မဟာမိတ်တပ်တွေ စစ်ရေးအရှိန်မြှင့်နေတာလို့ သုံးသပ်ပြောကြားပါတယ်။

စစ်ကောင်စီတပ်မှာကပစစက်ရုံ ၂၅ ခုရှိပါတယ်။ မကွေးတိုင်းအတွင်း အများဆုံး ၁၅ ရုံ၊ ပဲခူးတိုင်းတွင် ၇ ရုံ၊ နေပြည်တော်(တပ်ကုန်း)မှာ ၂ ရုံ၊ ရန်ကုန် (တိုက်ကြီး)မှာ ၁ ရုံ ရှိပါတယ်။

မကွေးတိုင်းထဲကဂန့်ဂေါ၊ပေါက်၊ မြိုင်၊ ဆိပ်ဖြူ၊ စေတုတ္တရာ၊ ငဖဲ၊ သရက်၊အထက်မင်းလှ၊ ဆင်ပေါင်ဝဲမြို့နဲ့ ပဲခူးတိုင်းကပန်းတောင်း၊ပေါက်ခေါင်းမြို့နယ် တွေမှာ ကပစ စက်ရုံ​ပေါင်း ၂၂ ခုအထိ ရှိနေတာပါ။

လက်ရှိတိုက်ပွဲတွေနဲ့ပတ်သက်လို့ AAရဲ့ မဟာမိတ်တပ်တွေနဲ့နီးစပ်သူတစ်ဦးက “နတ်ရေကန်ရော၊ကပစ(၆)နဲ့(၁၄)ရောအခြေအနေကောင်းတယ်”လို့ပြောပါတယ်။

ငဖဲမြို့နယ်မှာရှိတဲ့ နတ်ရေကန်ဗျုဟာရဲ့ ကာကင်းစခန်းတွေကိုလည်း AAနဲ့ မဟာမိတ်တပ်တွေက စစ်ရေးအရှိန်မြှင့်တိုက်ခိုက်နေပြီး စက်တင်ဘာလနှောင်းပိုင်းမှာကာကင်းစခန်းတစ်ခုနဲ့ အောက်တိုဘာလ၈ရက်နေ့မှာ နောက်ထပ်ကာကင်းစခန်းတခုကိုထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

နတ်ရေကန်နားကဂုတ်ကြီးစခန်းကို ထိန်းထားပြီ။ ဖိုက်တာကုန်းလို့ခေါ်တဲ့ နောက်ထပ်စခန်းတခုကိုလည်းရထားပြီ။ လေကြောင်းကနေလာပစ်ပြီး တိုက်ပွဲတော့ဆက်ဖြစ်နေတယ်”လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

အဲ့ဒီစခန်းသိမ်းတိုက်ပွဲတွေမှာ စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုများပြားခဲ့ပြီး AA နဲ့ မဟာမိတ်တပ်ဘက်မှာလည်း ထိခိုက်ကျဆုံးမှုအချို့ရှိခဲ့ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ၂ရက်နေ့ကတိုက်ပွဲတွေမှာ ရဲဘော်နှစ်ဦးကျဆုံးခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) က အောက်တိုဘာလ ၈နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းက စစ်ရေးနယ်မြေတွေမှာ တပ်မ (၉၉) လက်အောက်ခံတပ်ရင်းတွေအစား စကခ-၁၇ လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခမရ (၅၇၄)၊ ခမရ (၅၆၉)၊ ခမရ (၅၇၅)၊ ခမရ (၅၇၇)၊ ခမရ (၅၂၀)၊ ခလရ (၂၉၅) တို့ကို ပြီးခဲ့တဲ့ သြဂုတ်လကစတင်ပြီး ပို့ဆောင်ခဲ့တာပါ။

​အဲဒီတပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ စစ်မှုထမ်းသင်တန်းဆင်း အများအပြားပါလာပြီး AA နဲ့ မဟာမိတ်တပ်တွေ ထိန်းချုပ်ထားတဲ့ စခန်းတွေကို ပြန်လည်ထိုးစစ်ဆင်ဖို့ ကြိုးစားနေတာပါ။ စစ်တပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းနဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေ အင်အားကိုသုံးပြီး ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ AA က သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလဆန်းကတိုက်ပွဲတွေမှာလည်း စစ်ကောင်စီဖက်မှာ ထိခိုက်သေဆုံးမှုများပြီး ဆုတ်ခွာထွက်ပြေးသွားလို့ လိုက်လံတိုက်ခိုက်နေတယ်လို့ AAက ထုတ်ပြန်ခဲ့ပါတယ်။

​လက်ရှိမှာ နတ်ရေကန်ဗျူဟာပတ်ဝန်းကျင်နဲ့ အမ်း-ပဒါန်းလမ်း၊ မင်းတုန်း၊ သရက်၊ ဆင်ပေါင်ဝဲ၊ အထက်မင်းလှ၊ ငဖဲမြို့နယ်တွေနဲ့ ပုသိမ်-မုံရွာလမ်းပိုင်းတွေ၊ ပဲခူးတိုင်းထဲက တောင်ကုတ်-ပန်းတောင်း ကားလမ်း၊ ဧရာဝတီတိုင်းထဲက လေးမျက်နှာမြို့နယ်တို့မှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။

​လက်ရှိတိုက်ပွဲတွေနဲ့ ပတ်သက်လို့ AA က သီးခြားထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

စက်တင်ဘာလ ၂၈ ရက်နေ့ကထုတ်ပြန်ချက်မှာစစ်တပ်ကတိုက်ပွဲတွေမှာ စစ်မှုထမ်းသင်တန်းဆင်းတွေ အများအပြား ထွက်ပြေးနေပြီး ထိခိုက်သေဆုံးမှုတွေလည်း များပြားနေတယ်လို့ AA ကအသိ​ပေးထား ပါတယ်။ တပ်ပျက်နေတဲ့ စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မြို့၊ ရွာတွေက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေလို့ လုံခြုံရေး သတိပြုကြဖို့ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးရန်နဲ့ ပတ်သက်တဲ့ အရေးပေါ်သတိပေးချက်ကိုလည်း AA က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။