Connect with us

Hi, what are you looking for?

သတင်း

မတ္တရာစစ်ရှောင်စခန်းဗုံးကြဲခံရပြီး ရဲဘော် ၁ဦး အပါအဝင် ၃ဦး သေဆုံး

မန္တလေးတိုင်း၊မတ္တရာမြို့နယ်က စစ်ရှောင်တွေရှိတဲ့နေရာကို စစ်ကောင်စီတပ်က လေကြောင်းက နေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရဲဘော် ၁ဦး အပါအဝင် ၃ဦး သေဆုံးပြီး ၂ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၅ အောက်တိုဘာ၂၆ ရက်က ကောင်းဆက်သာဆီဆိုင် ဗုံးကြဲအပြီးတွေ့ရစဉ်။ ဓာတ်ပုံ - CJ

အောက်တိုဘာ-၂၈၊၂၀၂၅၊ ရှိန်း/ People’s Spring

မန္တလေးတိုင်း၊မတ္တရာမြို့နယ်က စစ်ရှောင်တွေရှိတဲ့နေရာကို စစ်ကောင်စီတပ်က လေကြောင်းက နေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရဲဘော် ၁ဦး အပါအဝင် ၃ဦး သေဆုံးပြီး ၂ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ္တရာမြို့နယ်အ ရှေ့မြောက်ခြမ်းက သပြေ ချောင် ကျေးရွာကို အောက်တိုဘာ၂၆ ရက် ညနေ ၆နာရီ၄၀ မိနစ်မှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဗုံးထိမှန်ပြီး PDFရဲ ဘော် ၁ဦးနဲ့ ပြည်သူ ၂ဦး သေဆုံးပြီး ၂ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” ထိခိုက်သူတွေရဲ့ အသေးစိတ်အခြေ အနေကို မသိရဘူး။အဲဒီ နေ့က ညကြီးလာကြဲတာ။ပြီးတော့ ဖြစ်ဖြစ်ပြီး ချင်း ချက်ချင်း သဂြိုဟ်လိုက်ရတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

လေကြောင်းတိုက်ခံရတဲ့ ကျေးရွာနဲ့ (၁)မိုင်အကွာမှာ စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို ဝင်စီးထားတာမို့ ဒေသခံတွေ စစ်ဘေးရှောင် နေရချိန် ယခုလို လေကြောင်းတိုက်ခံရတာလို့ သိရပါတယ်။

စစ်တပ်က မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု တွေပြုလုပ်နေပြီး အဲဒီနေ့ ညနေ ၃နာရီကျော်မှာလည်း မတ္တရာနဲ့ စဉ့်ကူးမြို့နယ်အစပ်က ကောင်းဆက်သာဆီဆိုင်ကို ဗုံးကြဲခဲ့တာမို့ ဆိုင်မန်နေဂျာ သေဆုံးပြီး ၆ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်မှာ လူအများအပြား သေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခု လုပ်ခဲ့တဲ့ အာဏာသိမ်းမြန်မာစစ်တပ်နဲ့ ဆက်ဆံရေး မြှင့်တင်ဖို့ စီစဉ်နေတဲ့ အမေရိကန် အစိုးရကို အမေရိကန်အောက်လွှတ်တော်အမတ်တစ်ဦးက ဝေဖန်သွားခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းက စစ်ဘေးရှောင်စခန်းကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အနီးဝန်းကျင်က ဒေသခံတွေ တူးဖော်နေတဲ့ တပိုင်တနိုင်ရွှေမျှောတွေကို စစ်တပ်က လေကြောင်းကနေ နှစ်ရက်ဆက် ဗုံးကြဲခဲ့တာကြောင့် သေဆုံးသူ အရပ်သား ၃၀ဦးထက်မနည်း ရှိနေပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ပြည်သူ​သေဆုံးထိခိုက်မှုရှိပြီး၊​လေယာဥ်သံ ဗုံးသံကြောင့်နှလုံးရပ်သေဆုံးသူအချို့ရှိနေ

Facebook