Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့နယ်မှာ စစ်သားနှစ်ဦး လက်နက်တွေနဲ့ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ကောင်စီ တပ်သားနှစ်ဦး လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့(အောက်တိုဘာ ၂၈ရက်) ထုတ်ပြန်ပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေ။ ဓာတ်ပုံ - မုံရွာ ပကဖ

အောက်တိုဘာ-၂၈၊၂၀၂၅။​နေ့သစ်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ကောင်စီ တပ်သားနှစ်ဦး လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့(အောက်တိုဘာ ၂၈ရက်) ထုတ်ပြန်ပါတယ်။

မနေ့က(အောက်တိုဘာ ၂၇ ရက်)အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေက ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့နှစ်ဦးက စစ်ကောင်စီတပ်စခန်းကနေ Titans Force Monywa- အမှတ် (၂) တိုက်နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့နဲ့ ချိတ်ဆက်ပြီး အလင်းဝင်လာတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ကျောက္ကာရွှေကူနီ မှာတပ်စွဲထားတဲ့ အဖွဲ့ထဲက ထွက်ပြေးလာတယ် သတင်းရထားပါတယ်”လို့ မုံရွာ ပကဖ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ထွက်ပြေး လာသူနှစ်ဦးဟာ ဧရာဝတီတိုင်းကဖြစ်ပြီး စစ်မှုထမ်း ပေါ်တာဆွဲတာ ကြောင့်ပါလာသူ တွေလို့ သိရပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေယူလာတဲ့ လက်နက်တွေ။ ဓာတ်ပုံ – မုံရွာ ပကဖ

“သူတို့စခန်းချထားတဲ့ နေရာက သူတို့ပရဝုဏ်ပဲ။အဲတာ အပြင်ဘက် ရောက်ရင် ကျွန် တော်တို့ နယ် မြေ တွေချည်းပဲကို။နောက်ထပ်က သူတို့မြေ ပြင်ချိတ်ဆက်မှုလည်း ရှိကြလို့ပါ။အဲဒီတော့ အများကြီးထွက် ပြေးဖို့လည်း မလိုဘူးလေ”လို့ မုံရွာမြိုနယ်ပကဖ တာဝန်ရှိသူက ပြောပါတယ်။

မုံရွာမြို့နယ်၊ကျောက္ကရွာကို ထိုးလာတဲ့ စစ်ကြောင်းနဲ့ စီးပွားရေးတက္ကသိုလ်က ထွက်လာတဲ့ စစ်ကြောင်းတွေ ဩဂုတ်ကတိုက်ခိုက်ခံရပြီး ၄၀ဦး သေဆုံးကာ အဲဒီတုန်းက မုံရွာပကဖက ရခဲ့တဲ့ စာရင်းမှာ ပြည်သူ့စစ်တွေ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

မုံရွာမြို့နယ်ပကဖ တာဝန်ခံက “တကယ်တော့ သူတို့က(စကစ)လူလှိုင်းလုံးကြီး တက်လာတယ်ဆိုတာ ရှေ့ဆုံးကနေ ထိုးကျွေးလိုက်ရင် ပစ(ပြည်သူ့စစ်)တွေကိုပဲ ထိုးကျွေးလိုက်တာ။အဲတော့ ပစတွေအ နေနဲ့ တက်နိုင်သလောက် ဒီနယ် မြေအ ခြေအ နေမှာ ကိုယ် ရောက် နေတဲ့ ပတ်ဝန်းကျင်ကို လေ့လာ။ဒီဘက်က နည်းနည်းလေး ထွက်ရုံနဲ့ တော်လှန်ရေးတပ်‌ တွေရှိတဲ့ နယ်မြေ ကို ရောက်နိုင်ရင် ပြေးဖို့ရာ အကောင်းဆုံးပဲ။ထွက်လာခဲ့ကြပါလို့။ကျွန်တော်တို့ အနေနဲ့ နှိပ်စက်တာလည်း မရှိဘူး။ညှင်းပန်းတာလည်းမရှိဘူး။ရိုက်နှက်တာလည်းမရှိဘူး။အ ခြေခံ သဘောတရား မေးတယ်။စစ်ရာဇဝတ်မှုမှာပါဝင်ထားတာရှိမရှိစစ်ဆေးတယ်။မရှိရင် ဖြစ်စေချင်တဲ့အတိုင်းကျွန်တော်တို့လုပ်ပေးပါတယ် “လို့ ပြောပါတယ်။

အလင်းဝင်လာတဲ့ တပ်သားတွေက MA3 တလက်၊ MA 11 တလက် ပါရှိလာတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင်အလင်းဝင်လာတဲ့သူ နှစ်ဦးစလုံးက စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်မှုမရှိတာကြောင့် သူတို့ဖြစ်ချင်တဲ့ ဆန္ဒအတိုင်း ကြိုးစားဆောင်ရွက်ပေးသွားမယ်လို့ မုံရွာ ပကဖ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ပါတယ်။

သြဂုတ်၈ ရက်ကစလို့ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ စီးပွားရေးတက္ကသိုလ်ကနေ ထွက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းက မုံရွာ-ကျောက္ကာ-အရာတော်လမ်းပိုင်းအပါဝင် ကျောက္ကာ-ဗောဓိလမ်းပိုင်းတွေကို သံချပ်ကာကားတွေ၊ စစ်မှု ထမ်း(ပစ) အင်အားတွေ သုံးပြီး စစ်ကြောင်းထိုး ဝင်ရောက်နေခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ စက်တင်ဘာ ၁၇ရက်မှာ ကျင်းပခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။