Connect with us

Hi, what are you looking for?

သတင်း

လေးကေ့ကော်ဒေသတိုက်ပွဲ ခမရ(၂၀၉)တပ်ရင်း အထိနာပြီးပြန်ဆုတ်၊ ခဲယမ်းအများအပြားသိမ်းရ

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်နားမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့ တပ်မ(၂၂)လက်​အောက်ခံ ခမရ(၂၀၉)တပ်ရင်း အထိနာပြီး ပြန်ဆုတ်ခွာရကာ အဲဒီတပ်ရင်းထံက ခဲယမ်းတွေအများအပြားသိမ်းရခဲ့တယ်လို့ မြေပြင်ရဲဘော်နဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အောက်တိုဘာ၃၁ရက်တိုက်ပွဲအတွင်းမှာ တပ်မ(၂၂)လက်အောက်ခံ ခမရ(၂၀၉)တပ်ရင်းထံက သိမ်းရတဲံ ခဲယမ်းတွေ။ ဓာတ်ပုံ - Screengrab

နိုဝင်ဘာ-၂၊၂၀၂၅/People’s Spring

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်နားမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့ တပ်မ(၂၂)လက်​အောက်ခံ ခမရ(၂၀၉)တပ်ရင်း အထိနာပြီး ပြန်ဆုတ်ခွာရကာ အဲဒီတပ်ရင်းထံက ခဲယမ်းတွေအများအပြားသိမ်းရခဲ့တယ်လို့ မြေပြင်ရဲဘော်နဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲတွေရက်ဆက်ပြင်းထန်နေတဲ့ လေးကေ့ကော်ဒေသနားမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ရက်က ရသေ့ဂူအနီးမှာ တပ်မ(၂၂)လက်​အောက်ခံ ခမရ(၂၀၉)တပ်ရင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ ခမရ(၂၀၉)တပ်ရင်းအထိနာလို့ ပြန်ဆုတ်သွားရပြီး အလောင်းတွေနဲ့ ခဲယမ်းတွေအများအပြား ကျန်ခဲ့တယ်လို့ တော်လှန်ရေးရဲဘော်နဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အလောင်းပါကျန်တယ် စကစ။ ခဲယမ်းရရှိတယ်”လို့ အဲဒီတိုက်ပွဲမှာပါဝင်တဲ့ ရဲဘော်တဦးက ပြောပါတယ်။

တပ်မဟာ(၆)ဒေသက စစ်ရေးသတင်းရင်းမြစ်ကလည်း ” တပ်မ(၂၂) တပ်မမှူးကတော့လေတလုံး မိုးတလုံးနဲ့”လို့ အောက်တိုဘာ ၃၁ရက်က တပ်မ(၂၂)အထိနာသွားတဲ့အပေါ် မှတ်ချက်ပြုပါတယ်။

မြေပြင်က ရဲဘော်တွေရဲ့ ဖော်ပြထားမှုတွေမှာတော့ ကျည်တွေနဲ့ လက်နက်ကြီးကျည်တွေ အများအပြားသိမ်းရခဲ့တာကို တွေ့ရပါတယ်။

အောက်တိုဘာ ၃၁ရက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော်(DKBA)ထိန်းချုပ်ဒေသ ဖလူးရွာက တရုတ်နိုင်ငံသားရဲ့ လုပ်ငန်းဆိုက်ဖြစ်တဲ့ မီးပန်းဂိုဒေါင် ၁၂၀မမ လက်နက်ကြီးကျည် ထိမှန်ပြီး မီးလောင်ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်က လေးကေ့ကော်ဒေသကို စက်တင်ဘာ ၂၃ရက်ကစပြီး တပ်မ(၂၂)လက်​အောက်ခံ တပ်ရင်း​တွေကို သုံးရင်းတစ်ဗျူဟာဖွဲ့ပြီး ဗျူဟာ ၃ ခုနဲ့ ခွဲပြီး စစ်​ကြောင်းထိုးတိုက်ခိုက်​နေတာပါ။ ဗျူဟာ (၂၂၁) ၊ ဗျူဟာ(၂၂၂)၊ ဗျူဟာ(၂၂၃) ဆိုတဲ့ သုံးဗျူဟာနဲ့ တစ်ဗျူဟာ အင်အား ၄၀၀ ​ကျော်နဲ့ စုစုပေါင်း အင်အား ၁၂၀၀နဲ့ စစ်ကြောင်းထိုးလာတာလို့ ပူးပေါင်းစစ်ဆင်ရေးမှူး ဗိုလ်မှူးသူရစောဒါဘောက ‌အောက်တိုဘာ ၂၃ရက်မှာ လူထုနွေဦးကို ပြောထားပါတယ်။

ကရင်ပြည်နယ်၊လေးကေ့ကော်ဒေသကို တပ်မ(၂၂) ၊လက်​အောက်ခံဗျူဟာသုံးဗျူဟာနဲ့ စစ်သားအင်အား ၁၂၀၀ ကျော်သုံး စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ဟာ တိုက်ပွဲကာလတစ်လအတွင်းမှာ ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် ၁၅၀ခန့်သေဆုံးပြီး ၂၀၀​ ခန့်ဒဏ်ရာရရှိကာ အထိနာနေတယ်လို့ ပူးပေါင်းစစ်ဆင်ရေးမှူး ဗိုလ်မှူးသူရစောဒါဘောက ပြောပါတယ်။

လေးကေ့ကော်ဒေသတိုက်ပွဲ တစ်လအတွင်းမှာ စစ်ကောင်စီတပ်က လက်နက်နဲ့ လေးဦးအလင်းဝင်လာပြီး မြေပြင်မှာ သိမ်းဆည်းရမိတာက လက်နက် ၅လက်နဲ့ စစ်သားတစ်ဦး ဖမ်းဆီးရမိတယ်လို့လည်း ဆိုပါတယ်။

စစ်တပ်ဟာလေးကေ့ကော်ဒေသတိုက်ပွဲအတွင်းမှာ စစ်မှုထမ်းဥပဒေနဲ့ ခေါ်ဆောင်လာတဲ့ တပ်သားသစ်တွေကို အများဆုံးအသုံးပြုထားတယ်လို့လည်းသူက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က ကရင်ပြည်နယ်၊ မြဝတီတောင်ဘက် လေးကေ့ကော်ဒေသ အနီးတဝိုက်က ဒေသခံတွေ ခိုလှုံနေတဲ့ စစ်ရှောင်စခန်းကို ကာမီကာဇေဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ကရင်ပြည်နယ် ၊လေးကေ့ကော်ဒေသကို တပ်မ(၂၂)၊လက်​အောက်ခံဗျူဟာသုံးဗျူဟာနဲ့ စစ်သားအင်အား ၁၂၀၀ ​ကျော်သုံး စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ဟာ တိုက်ပွဲကာလတစ်လအတွင်းမှာ ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင်၁၅၀ခန့်သေဆုံးပြီး ၂၀၀​ ခန့်ဒဏ်ရာရရှိကာအထိနာနေတယ်လို့ ပူးပေါင်းစစ်ဆင်ရေးမှူး ဗိုလ်မှူးသူရစောဒါဘောက လူထုနွေဦးကို ပြောကြားပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်က ဖလူးကျေးရွာကို ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ (၈၈၈) ဗျူဟာက စစ်တပ်နဲ့ပေါင်းပြီး စစ်ကြောင်းထိုးလာရာ ​​တော်လှန်​ရေးတပ်​တွေရဲ့တိုက်ခိုက်မှု​ကြောင့် အထိနာသွားတယ်လို့ လူထုနွေဦးရဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။