Connect with us

Hi, what are you looking for?

သတင်း

လေး​ကေ့​ကော်​ဒေသ တစ်လတာတိုက်ပွဲအတွင်းမှာစစ်တပ်ကဒုတပ်ရင်းမှူးအပါအဝင် ၁၅၀​ခန့်သေဆုံးပြီး၂၀၀ ​ခန့်ဒဏ်ရာရ

ကရင်ပြည်နယ် ၊လေးကေ့ကော်ဒေသကို တပ်မ(၂၂)၊လက်​အောက်ခံဗျူဟာသုံးဗျူဟာနဲ့ စစ်သားအင်အား ၁၂၀၀ ​ကျော်သုံး စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ဟာ တိုက်ပွဲကာလတစ်လအတွင်းမှာ ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင်၁၅၀ခန့်သေဆုံးပြီး ၂၀၀​ ခန့်ဒဏ်ရာရရှိကာအထိနာနေတယ်လို့ ပူးပေါင်းစစ်ဆင်ရေးမှူး ဗိုလ်မှူးသူရစောဒါဘောက လူထုနွေဦးကို ပြောကြားပါတယ်။

တိုက်ပွဲဝင်​နေတဲ့ ​ကော်ဘရာစစ်​ကြောင်းက တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-​ပေးပို့

​အောက်တိုဘာ-၂၃၊၂၀၂၅။ဒီးဒီ၊သတိုး/People’s Spring

ကရင်ပြည်နယ် ၊လေးကေ့ကော်ဒေသကို တပ်မ(၂၂)၊လက်​အောက်ခံဗျူဟာသုံးဗျူဟာနဲ့ စစ်သားအင်အား ၁၂၀၀ ​ကျော်သုံး စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ဟာ တိုက်ပွဲကာလတစ်လအတွင်းမှာ ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင်၁၅၀ခန့်သေဆုံးပြီး ၂၀၀​ ခန့်ဒဏ်ရာရရှိကာအထိနာနေတယ်လို့ ပူးပေါင်းစစ်ဆင်ရေးမှူး ဗိုလ်မှူးသူရစောဒါဘောက လူထုနွေဦးကို ပြောကြားပါတယ်။

စစ်တပ်က လေးကေ့ကော်ဒေသကိုစက်တင်ဘာ၂၃ရက်ကစပြီးတပ်မ(၂၂)လက်​အောက်ခံ တပ်ရင်း​တွေကို သုံးရင်းတစ်ဗျူဟာဖွဲ့ပြီး ဗျူဟာ ၃ ခုနဲ့ ခွဲပြီး စစ်​ကြောင်းထိုးတိုက်ခိုက်​နေတာပါ။ ဗျူဟာ (၂၂၁) ၊ ဗျူဟာ(၂၂၂)၊ ဗျူဟာ(၂၂၃) ဆိုတဲ့ သုံးဗျူဟာနဲ့ တစ်ဗျူဟာ အင်အား ၄၀၀ ​ကျော်နဲ့ စုစုပေါင်း အင်အား ၁၂၀၀နဲ့ စစ်ကြောင်းထိုးလာတာလို့ ဗိုလ်မှူးသူရစောဒါဘောက ပြောပါတယ်။

“တပ်မ တစ်ခု တပ်ရင်း ၁၀ရင်းနဲ့ စစ်မြေပြင်မှာတော့ တပ်ရင်း ကိုးရင်း ဗျူဟာ သုံးဗျူဟာနဲ့ ထိုးစစ်ဆင်နေတယ်။ တစ်ဗျူဟာကတော့ တောင်ရှည် ၊ကျောက်ဂူဘက်က ထိုးစစ်ဆင်တယ်။ တစ်ဗျူဟာက လေးကေ့ကော်ထဲကို ထိုးစစ်ဆင်တယ်။ တစ်‌ဗျူဟာကတော့ ထီမယ်ဝါးခီး ဘက်ကနေ ထိုးစစ်ဆင်တယ်”လို့ပူးပေါင်းစစ်ဆင်ရေးမှူးက​ People’s Spring ကိုပြောပါတယ်။

Public Service Announcement

Public Service Announcement

တစ်လတာအတွင်း တိုက်ပွဲ​ပေါင်း ၄၅ ကြိမ်ခန့်ဖြစ်ခဲ့သလို ​နေ့စဥ်ရက်ဆက်တိုက်ပွဲ​တွေဖြစ်​နေပါတယ် ။ ယခုရက်ပိုင်းတိုက်ပွဲ​တွေမှာလည်း စစ်တပ်အထိနာပြီး ဖရိုဖရဲဖြစ်နေတယ်လို့လည်း ဗိုလ်မှူးက ဆိုပါတယ်။

“လေးကေ့ကော်တိုက်ပွဲက ၂၃ ရက်ကစတာ၊ အခုဆိုရင် တစ်လပေါ့။ တစ်လအတွင်းထဲမှာ ရန်သူအမြောက်အမြား ထိခိုက်သေဆုံးမှုတွေရှိတယ်။ တစ်လအတွင်းမှာ လက်နက်နဲ့လေးဦးအလင်းဝင်လာတယ်။ မြေပြင်မှာ သိမ်းဆည်းရမိတဲ့ လက်နက်က ၅ လက်။ ဖမ်းဆီးရမိ တစ်ဦး။ ဗျူဟာသုံးဗျူဟာနဲ့ထိုးစစ်ဆင်လာတယ်။ ၅၀၀တော့မရှိဘူး။ စလာကတည်းက ၁၂၀၀ ဆိုတော့ တစ်ဗျူဟာကို အင်အား ၄၀၀ လောက်ပေါ့။ အခုဆိုရင် သူတို့ဖွဲ့စည်းပုံတော်တော်လေးကို ဖရိုဖရဲဖြစ်နေပြီ။ အခုဆို တစ်ဗျူဟာသုံးရာလောက်ပဲကျန်တော့တယ်”လို့ ဗိုလ်မှူးသူရစောဒါဘောက ပြောပါတယ်။

စက်တင်ဘာ ၂၃ရက်ကစတဲ့ လေးကေ့ကော်ဒေသတိုက်ပွဲ တစ်လအတွင်းမှာ စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် ၁၅၀ လောက် သေဆုံးပြီး ၂၀၀ကျော် ဒဏ်ရာရတယ်လို့လည်း ဗိုလ်မှူးက ဆက်ပြောပါတယ်။

“သေဆုံးတာက အတည်ပြုလို့ရတာ မြေပြင်မှာကတော့ ၁၅၀လောက်ရှိတယ်။ ထိခိုက်ဒဏ်ရာရတာက ၂၀၀ လောက်ရှိတယ်။သေဆုံးတဲ့အထဲမှာ ရာထူးအမြင့်ဆုံးက ဒုရင်းမှူး တစ်ယောက်ပါတယ်”လို့ ပြောပါတယ်။

လေးကေ့ကော်ဒေသတိုက်ပွဲ တစ်လအတွင်းမှာ စစ်ကောင်စီတပ်က လက်နက်နဲ့ လေးဦးအလင်းဝင်လာပြီး မြေပြင်မှာ သိမ်းဆည်းရမိတာက လက်နက် ၅လက်နဲ့ စစ်သား တစ်ဦး ဖမ်းဆီးရမိတယ်လို့လည်း ဆိုပါတယ်။

“ဒီနေ့လည်းတစ်ယောက်ထပ်ဝင်လာတယ်။ လက်နက်တစ်လက်နဲ့”လို့ ဗိုလ်မှူးသူရ စောဒါဘောက ဒီကနေ့ (အောက်တိုဘာ ၂၃ရက်)မှာ ပြောပါတယ်။

စစ်တပ်ဟာလေးကေ့ကော်ဒေသတိုက်ပွဲအတွင်းမှာ စစ်မှုထမ်းဥပဒေနဲ့ ခေါ်ဆောင်လာတဲ့ တပ်သားသစ်တွေကို အများဆုံးအသုံးပြုထားတယ်လို့လည်းသူက ပြောပါတယ်။

” စစ်တပ်က အများဆုံးစစ်မှုထမ်းဥပဒေမှာ ဖမ်းဆီးခေါ်ဆောင်လာတဲ့ ပစ(ပြည်သူ့စစ်)တွေ ၊ သူတို့ကိုတော့ များသောအားဖြင့် စစ်မြေပြင်မှာ အသေခံခိုင်းတာတော့ တွေ့ရတယ်။ စစ်မြေပြင်မှာ ပြေးတာတို့ ဖမ်းမိတာ‌တို့ သေတာတို့ ကြည့်ချင်းအားဖြင့်ပစတွေကများတယ်။စစ်မှူထမ်းတွေများတယ်”လို့ ဗိုလ်မှူးသူရစောဒါဘောက ပြောပါတယ်။

လက်တလောမှာ‌တော့ တော်လှန်ရေးတပ်တွေဟာ မင်းလက်ပံနဲ့ ဖလူးကျေးရွာဘက်မှာ စစ်တပ်ရဲ့စစ်​ကြောင်း​တွေကို ခုခံတိုက်ခိုက်နေတယ်လို့လည်း ဗိုလ်မှူးက ပြောပါတယ်။

တိုက်ပွဲ​တွေအတွင်း​တော်လှန်​ရေးတပ်​တွေမှရဲ​​ဘော်အချို့ ထိခိုက်ကျဆုံးမှု​တွေလည်းရှိခဲ့ပါတယ်။ဒါ​ပေမယ့်အ​ရေအတွက်ကို​တော့မသိရ​သေးပါဘူး။

တစ်လတာလေးကေ့ကော်ဒေသတိုက်ပွဲအတွင်းမှာ စစ်တပ်ဟာ လက်နက်ကြီး​တွေနဲ့ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၅ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့ပါတယ် ။ဒါအပြင် နေအိမ်​ပေါင်းရာနဲ့ချီ မီးရှို့ဖျက်ဆီးခံရတယ်လို့ ဆိုပါတယ်။ဒါအပြင်​ဒေသခံပြည်သအများအပြားဟာထွက်​ပြေးတိမ်း​ရှောင်​နေကြရတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။