Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က လေးကေ့ကော် ဒေသခံတွေ ခိုလှုံနေတဲ့ စစ်ရှောင်စခန်းကို ကာမီကာဇေဒရုန်းနဲ့တိုက်ခိုက်

စစ်တပ်က ကရင်ပြည်နယ်၊ မြဝတီတောင်ဘက် လေးကေ့ကော်ဒေသ အနီးတဝိုက်က ဒေသခံတွေ ခိုလှုံနေတဲ့ စစ်ရှောင်စခန်းကို ကာမီကာဇေဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ထိုင်းဘက်ခြမ်းက ပလောတပို့စစ်ရှောင်စခန်းကို ၂၀၂၅ က တွေ့ရစဉ်။ ဓာတ်ပုံ - ဒလပန်း

▪️စစ်ရှောင် ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ

မတ်-၁၄၊ ၂၀၂၆။ ဒလပန်း/People’s Spring

စစ်တပ်က ကရင်ပြည်နယ်၊ မြဝတီတောင်ဘက် လေးကေ့ကော်ဒေသ အနီးတဝိုက်က ဒေသခံတွေ ခိုလှုံနေတဲ့ စစ်ရှောင်စခန်းကို ကာမီကာဇေဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်အနီး လေးကေ့ကော်ဒေသ အနီးတဝိုက်က ဒေသခံတွေ ခိုလှုံနေတဲ့ စစ်ရှောင်စခန်းကို စစ်တပ်တပ်ဖွဲ့ဝင်တွေက ဒီနေ့ မတ်လ ၁၄ ရက်မှာ ကာမီကာဇေဒရုန်းနဲ့တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“အခုသေတာက လေးကေ့ကော်ရွာသား ယောကျာ်းလေးတစ်ယောက်၊ ထိတာလည်းယောကျာ်းလေးပဲ“လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပလောတပို့စစ်ရှောင်မှာ လေးကေ့ကော်ဒေသအပါအဝင် ဖလူး၊ မင်းလက်ပံ၊ ရသေ့ဂူ ၊ မဲ့ထော်သလေး ၊ မယ်ဝါးခီးက ဒေသခံတွေ ခိုလှုံနေကြတာပါ။

လက်ရှိ စစ်ရှောင်စခန်းမှာ အိမ်ခြေ ၁,၀၀၀ ကျော်ရှိပြီး လူဦးရေ ၃,၀၀၀ကျော် ခိုလှုံနေကြတယ်လို့ သိရပါတယ်။

မနေ့က မတ်လ ၁၃ ရက် မနက်ပိုင်းမှာလည်း မြဝတီမြို့တောင်ဘက် ဖလူးကျေးရွာအနီးက ကျားဖြန့်ဝင်းထဲကို လက်နက်ကြီးသုံးလုံးကျရောက်ပေါက်ကွဲခဲ့ပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့မှူကြောင့် ဒေသခံ သေဆုံးမှုတွေရှိခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

လက်ရှိအချိန်မှာ မင်းလက်ပံ၊ ရသေ့ဂူဒေသအနီးမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်ဖြစ်ပွါးနေပါတယ်။

လေးကေ့ကော် စွယ်တော်ကုန်း(အမြောက်ကုန်း) နဲ့ လက်ခတ်တောင်မှာ တပ်စွဲထားတဲ့ စစ်တပ်ဖွဲ့တွေက တိုက်ပွဲဖြစ်ပွါးတဲ့နေရာတွေကို လက်နက်ကြီး ပစ်ကူပေးနေပါတယ်။

စစ်တပ်ဟာ မြဝတီမြို့တောင်ဘက် လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတွေကို ပြန်ရဖို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာအတွင်းက စစ်ကြောင်း သုံးကြောင်းနဲ့ စစ်ရေးလှုပ်ရှားခဲ့ပါတယ်။

စစ်ကြောင်းသုံးကြောင်းနဲ့ စစ်ကြောင်းထိုးနေပေမယ့်လည်း ကာကွယ်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့် စစ်တပ်ဟာ မင်းလက်ပံကျေးရွာအနီးကနေ ရှေ့မတိုးနိုင်သေးပါဘူး။

မင်းလက်ပံကျေးရွာကို ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားဆဲဖြစ်ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။ မင်းလက်ပံကျေးရွာဟာ မြဝတီမြို့တောင်ပိုင်းဒေသအတွက် အဓိက ခံစစ်စည်းတစ်ခု ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေတိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက်အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

​စစ်မြေပြင်မှာ ထိခိုက်သေဆုံးမှုများပြားနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းအင်အား လိုအပ်ချက်ကြောင့် အရင်က နယ်မြေအခြေအနေအရ ပိတ်ထားခဲ့ရတဲ့ စစ်သင်တန်းကျောင်းအချို့ကိုပါ ပြန်လည်ဖွင့်လှစ်ပြီးထပ်တိုးလက်ခံလေ့ကျင့်ပေးနေကြောင်း မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(Myanmar Defense & Security Institute-MDSI)က သတင်းထုတ်ပြန်ပါတယ်။