Connect with us

Hi, what are you looking for?

သတင်း

မုံရွာမှာ စစ်တပ်က လုံခြုံရေးအပြည့်နဲ့ ကထိန်လှည့်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်တပ်နဲ့ရဲတွေက သေနတ်တွေ၊ ကျည်ကာတွေနဲ့ လုံခြုံရေးအပြည့်ယူကာ ကထိန်လှည့်ခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

၂၀၂၂က မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်က ကထိန်လှည့်ခဲ့စဥ်။ ဓာတ်ပုံ-စကစ

နိုဝင်ဘာ-၂၊ ၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်တပ်နဲ့ရဲတွေက သေနတ်တွေ၊ ကျည်ကာတွေနဲ့ လုံခြုံရေးအပြည့်ယူကာ ကထိန်လှည့်ခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၁ ရက်နဲ့ ဒီကနေ့ နိုဝင်ဘာ ၂ရက်က မုံရွာမြို့ပေါ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဟာ သေနတ်တွေ၊ ကျည်ကာတွေ၊ ဂျန်မာတွေနဲ့ လုံခြုံရေးအပြည့်ယူပြီး ကထိန်လှည့်ခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

“မနေ့ကရဲ၊ ဒီကနေ့က စစ်တပ်။ ကျည်ကာတွေလည်းဝတ်ထားတယ်။ ဂျန်မာတွေနဲ့ကိုထွက်တာ။”လို့ မုံရွာမြို့ခံအမျိုးသားတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ရဲ့ကထိန်မှာ ဒရုန်းနဲ့ဗုံးကြဲခံရမှာကြောက်လို့ ဂျန်မာကားနဲ့ ကထိန်လှည့်ခဲ့တာကြောင့် တမြို့လုံးဖုန်းလိုင်းတွေ ယာယီပြတ်တောက် သွားခဲ့ကြောင်း မြို့ခံတွေက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က လုံခြုံရေးအတွက် မုံရွာမြို့ပေါ်က လမ်းတွေပါပိတ်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မုံရွာမြို့ပေါ်မှာလည်း လာမယ့်တန်ဆောင်တိုင် ပျော်ပွဲ၊ရွှင်ပွဲတွေကို ပြုလုပ်ဖို့ စီစဥ်နေပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးဖို့ စီစဥ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ဟာ မုံရွာမြို့ပေါ်မှာ ပျော်ပွဲ၊ရွှင်ပွဲတွေ ပြုလုပ်နေပေမဲ့ မုံရွာပတ်ပတ်လည်မှာတော့ တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။