နိုဝင်ဘာ-၂ ၊ ၂၀၂၅။မိုမို/People’s Spring
စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့မှာ တိုက်ပွဲဖြစ်ပြီး တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားငါးဦးထက် မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအချို့ရရှိတယ်လို့ ဆားတောင်မိုးကြိုးပြည်သူကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
စစ်ကိုင်းခရိုင် ကွပ်ကဲရေးစစ်ဌာနလမ်းညွှန်ချက်နဲ့ ဆားတောင်မြို့ အနောက်ဘက်ခြမ်းကို စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ အောက်တိုဘာ ၃၁ရက် ညနေပိုင်းမှာတိုက်ပွဲ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းမှာ အင်အား ၆၀ ခန့်ပါပြီး တိုက်ပွဲမှာ ၂နာရီဝန်းကျင်ကြာခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement
စစ်ကောင်စီတပ်စစ်ကြောင်းဆီကနေ MA1 တလက်၊ ၆၀မမ နှစ်လုံးကျဥ်အိမ်သုံးခုနဲ့ အခြားစစ်သုံး ပစ္စည်းတွေလည်းသိမ်းရတယ်လို့ သိရပါတယ်။
“ အခုလောလောဆယ် သာလွန်အင်အားနဲ့ထပ်ထိုးနေတယ်။ ခံစစ်နဲ့ ကစားနေရတယ်။ဆားတောင် (မြောက်) ၊ ဆားတောင် (တောင်) ဆားတောင် (နောက်) အကုန်စစ်ကြောင်းခွဲထိုးနေတာ” လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ ပင်မစစ်ကြောင်းတစ်ခုမှာအင်အား ၂၀၀ ထက်မနည်းအသုံးပြုထားတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
အခုနှစ် သြဂုတ်ကတည်းက စစ်ကိုင်းမြို့နယ်ထဲက မင်းကွန်းဒေသအပါအဝင် မြို့ပေါ်မှာပါ စစ်အင်အားဖြည့်တာနဲ့ စစ်ကြောင်းထိုးတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသတွင်းသတင်းရင်း မြစ်တွေက ထုတ်ပြန်ထားပါတယ်။
လာမယ့်ဒီဇင်ဘာမှာလုပ်မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီက နယ်မြေစိုးမိုးရေး အပါအဝင် ၎င်းတို့ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ ဒေသတွေကို ပြန်ရဖို့ ကြိုးစားနေပါတယ်။
ဆားတောင်မြို့မှာ တိုက်ပွဲဖြစ်ပြီး စစ်တပ် ငါးဦးထက်မနည်းသေဆုံး၊ လက်နက်ခဲယမ်းအချို့သိမ်းရ နိုဝင်ဘာ-၂ ၊ ၂၀၂၅။မိုမို/People…
Posted by People's Spring on Sunday 2 November 2025
ရုပ်သံ – ဆားတောင်မိုးကြိုးပြည်သူကာကွယ်ရေးတပ်ဖွဲ့
















































