Connect with us

Hi, what are you looking for?

သတင်း

ကပစ(၂၃)အနီးက စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက်

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ ကျောမြို့က စစ်တပ်ရဲ့အမှတ်(၂၃)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၃)အနီးက ဂိတ်စခန်း ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ယောကာကွယ်ရေးတပ်စစ်ဒေသရုံးဦးဆောင်ကော်မတီ(YDF)နိုဝင်ဘာ ၁၇ရက် ထုတ်ပြန်ပါတယ်။

ယောကာကွယ်ရေးတပ်စစ်ဒေသရုံးဦးဆောင် ကော်မတီ(YDF)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - YDF

နိုဝင်ဘာ-၁၇၊၂၀၂၅။ဇော်ဝင်း/People’s Spring

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ ကျောမြို့က စစ်တပ်ရဲ့အမှတ်(၂၃)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၃)အနီးက ဂိတ်စခန်း ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ယောကာကွယ်ရေးတပ်စစ်ဒေသရုံးဦးဆောင်ကော်မတီ(YDF)နိုဝင်ဘာ ၁၇ရက် ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၅ ရက်က ကပစ(၂၃)ကိုသွားတဲ့ လမ်းပိုင်းပေါ်က ရွှေပင်ကျေးရွာရှိ စစ်ကောင်စီတပ် ဂိတ်စခန်းကိုဂန့်ဂေါခရိုင်တပ်ရင်းအမှတ် (၁၈၊၁၉)၊ ယောကာကွယ်ရေးတပ်စစ်ဒေသရုံးဦးဆောင်ကော်မတီ (YDF)နဲ့ ကျောမြို့(ပကဖ)တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အဲဒီဂိတ်က စက်ရုံခြံစည်းရိုးနဲ့ဆို (၆)မိုင်ခွဲ လောက်ပဲဝေးတယ်။အဲဒါပြီးရင် စစ်ကောင်စီစခန်းတွေရှိတယ်။ပြီးရင် ပင်မစက်ရုံကိုရောက် တယ်”လို့ ကျောပကဖ တာဝန်ရှိသူက လူထုနွေဦးကိုပြောပါတယ်။

Public Service Announcement

Public Service Announcement

ရွှေပင်ရွာဂိတ်စခန်း အနီးမှာလည်း ကျောမြို့နဲ့ ကပစ (၂၃)ကို ကာကွယ်ထားတဲ့ ဗျူဟာကုန်းစခန်းတစ်ခု ရှိသေးကြောင်းလည်း ၎င်းက အသိပေးပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ကာကွယ်ရေးရဲဘော်တစ်ဦးဒဏ်ရာရပြီး စစ်ကောင်စီဘက်က အထိအခိုက်ကို စိစစ်ဆဲလို့ ယောကာကွယ်ရေးတပ်မြေပြင် စစ်ဒေသရုံးကဖော်ပြပါတယ်။

“ဂိတ်မှာက အင်အား ၁၅ နဲ့ ၂၀ကြားရှိတယ်။အဲဒီ​နေ့ (နိုဝင်ဘာ ၁၅ ရက်)က အထိအခိုက်ရှိတယ်။ နောက်ပြီး အဲဒီဂိတ်ကို စကစဘက်က ဖြုတ်တော့မယ်လည်းကြားတယ်”လို့ ယောဒေသစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲအတွင်း ကပစ(၂၃)ဘက်က သံပြားကာကားသုံးစီးအပြင် တပ်အကူ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲအပြီး ရွှေပင်ရွာအတွင်းက ပြည်သူတွေရဲ့နေအိမ် ၃၀ကျော်ကို စစ်ကောင်စီ က မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကပစ(၂၃)မှာ စစ်ကောင်စီက ဒုံးနဲ့ ဒုံးပျံစီမံကိန်း အစိတ်အပိုင်းတွေ ထုတ်လုပ်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်အချို့က အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က စစ်တပ်ရဲ့ ကာဘိုးကျေးရွာတပ်စခန်းအနီး တိုက်ပွဲအတွင်း စစ်တပ် ထိခိုက်သေဆုံးမှုရှိပြီး လက်နက်၂လက် သိမ်းရခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။