Connect with us

Hi, what are you looking for?

သတင်း

မောတောင်တိုက်ပွဲမှာ ထိုင်းဘက်ထွက်ပြေးတဲ့ စစ်သားတွေကို ထိုင်းပြန်ပို့

မောတောင်မြို့သိမ်းတိုက်ပွဲမှာ ထိုင်းနိုင်ငံဘက်ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကော့သောင်းစက်လှေဂိတ်ကနေတဆင့် ထိုင်းအာဏာပိုင်တွေက စစ်ကောင်စီထံ ပြန်လွှဲပေးလိုက်ပါတယ်။

မောတောင်တိုက်ပွဲမှာ ထိုင်းဘက်ထွက်ပြေးတဲ့ စစ်ကောင်စီတပ်သားတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - စကစ

နိုဝင်ဘာ-၂၀၊၂၀၂၅။အ်ိမ်သွင်/People’s Spring

မောတောင်မြို့သိမ်းတိုက်ပွဲမှာ ထိုင်းနိုင်ငံဘက်ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကော့သောင်းစက်လှေဂိတ်ကနေတဆင့် ထိုင်းအာဏာပိုင်တွေက စစ်ကောင်စီထံ ပြန်လွှဲပေးလိုက်ပါတယ်။

ကရင်အမျိူးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ပူးပေါင်းတပ်‌တွေရဲ့တိုက်ခိုက်မှုကြောင့်ထွက်ပြေးသွားတဲ့ တပ်ရင်းမှူးနဲ့အဖွဲ့ကို ထိုင်းဘက်က ပြန်လွှဲပေးတယ်လို့ စစ်တပ်ဝါဒဖြန့်ချိသူတွေက လူမှုကွန်ရက်မှာ တင်နေကြသလို‌ ကော့သောင်းမြို့က သတင်းရင်းမြစ်အချို့ကလည်းအတည်ပြုပါတယ်။

” ၂၀လောက်ရှိတယ်။ပြန်လွှဲပေးတာဗျ။ ထွေအုပ် ရော၊ စစ်တပ်ရောက လာခေါ်သွားတယ်”လို့ ‌မြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမှာ အရေးပါတဲ့မောတောင်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊Force for Federal Democracy(FFD) နဲ့PDFပူးပေါင်းတပ်တွေက နိုဝင်ဘာ ၁၄ရက်မှာ သိမ်းယူခဲ့တာဖြစ်ပါတယ်။

မြို့သိမ်းတိုက်ပွဲနေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ကျော် ဖမ်းမိခဲ့ပြီး နယ်စပ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားသူ တွေလည်းရှိပါတယ်။ ထွက်ပြေးသွားတဲ့သူအရေအတွက်ကိုမသိရသလို ပြန်လွှဲရာမှာတော့ ၂၀ဦးခန့်ပါဝင်တာကို ထွက်ပေါ်လာတဲ့ဓာတ်ပုံမှတ်တမ်းမှာတွေ့ရပါတယ်။

ထွက်ပြေးစဉ်က သေနတ်တွေနဲ့ လက်နက်ခဲယမ်းတွေကို ထိုင်းစစ်တပ်ကသိမ်းယူခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။ အခု ပြန်လွှဲပေးတာမှာ လက်နက်တွေပါ၊မပါတော့ မသိရသေးပါဘူး။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြန်မာ-တရုတ် နယ်စပ်အနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေ၊ မြောက်ပိုင်း မဟာမိတ်တပ်တွေနဲ့ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာလည်း တရုတ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ဖူးပြီး တရုတ်ဘက်က ပြန်လွှဲပေးခဲ့ပါတယ်။

ဒါ့အပြင် AAနဲ့ ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကိုထွက်ပြေးခဲ့ကြသလို ချင်းတော်လှန်ရေးတပ်တွေနဲ့ ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာလည်း အိန္ဒိယနိုင်ငံဘက်ကိုထွက်ပြေးခဲ့ကြတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။

ယခင်က KNLA၊PDFတွေနဲ့ဖြစ်တဲ့ တိုက်ပွဲတွေအတွင်းမှာလည်း ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးခဲ့ကြဖူးပါတယ်။ ထွက်ပြေးလာတဲ့သူတွေကို သက်ဆိုင်ရာနိုင်ငံတွေက စစ်ကောင်စီထံပြန်လွှဲပေးလေ့ရှိပါတယ်။

” ငါမသေ ငါ့စခန်းမကျစေရလို့ ကြွေးကြော်ပြီး တကယ်တိုက်တော့ ပြေးတာမှ မှုန်နေတာပဲ”လို့ ၁၀၂၇ စစ်ဆင်ရေးမှာ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့တဲ့အတူတိုက်ခိုက်ခဲ့ဖူးတဲ့ PDFရဲဘော်တစ်ဦးကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။