Connect with us

Hi, what are you looking for?

သတင်း

ထိန်းချုပ်နယ်မြေထဲ မည်သည့် လက်နက်ကိုင်အဖွဲ့ကိုမဆို ဖြတ်သန်းခွင့်မပြုဘူးလို့ DKBA ဆို

ကရင်ပြည်နယ် ၊မြဝတီမြို့နယ်ထဲက ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ စုကလိ ၊ ဝေါ်လေ နဲ့ ဖလူးလေး ဒေသတွေဆီ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းကို မဆို ဖြတ်သန်းသွားလာခွင့်မပြုဘူးလို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)က ဒီနေ့ နိုဝင်ဘာလ ၂၆ ရက် ရက်စွဲနဲ့ ကြေညာချက် ထုတ်လိုက်ပါတယ်။

ဓာတ်ပုံ - DKBA

နိုဝင်ဘာ – ၂၆ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ် ၊မြဝတီမြို့နယ်ထဲက ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ စုကလိ ၊ ဝေါ်လေ နဲ့ ဖလူးလေး ဒေသတွေဆီ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းကို မဆို ဖြတ်သန်းသွားလာခွင့်မပြုဘူးလို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)က ဒီနေ့ နိုဝင်ဘာလ ၂၆ ရက် ရက်စွဲနဲ့ ကြေညာချက် ထုတ်လိုက်ပါတယ်။

DKBAဆိုတာတနိုင်ငံလုံးအပစ်ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားပြီး အာဏာသိမ်းစစ်တပ်ရဲ့ ပူးပေါင်းဆောင်ရွက်နေသလိုစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေမှာ လည်း ပူးပေါင်းဆောင်ရွက်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပါတယ်။ DKBA ဟာစစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းစစ်တပ်ကို တိုက်ခိုက်ခြင်းမရှိသလို ၊စစ်တပ်လုပ်မယ့်​ရွေး​ကောက်ပွဲကို ကာကွယ်မယ်လို့​ကြေညာထားပါတယ်။

အဲဒီဒေသတွေဆီ အရေးပေါ် သွား လာလိုတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ အနေနဲ့ ကြိုတင်သတိပေးရမယ်လို့ DKBA က ကြေညာချက်မှာထည့်သွင်းအသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အခုလို ကြေညာချက်ဟာ နိုဝင်ဘာလ ၂၁ ရက်က မြဝတီမြို့တောင်ဘက် ရှိ DKBA ထိန်းချုပ်န​ယ်မြေဖြစ်တဲ့ မင်းလက်ပံရွာ ကို KNU က စီးနင်းပြီး တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရတဲ့ဖြစ်စဉ်အပြီး ရက်ပိုင်းအကြာမှာ DKBA က ထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။

KNU ကတော့ မင်းလက်ပံရွာမှာ ကျားဖြန့်လုပ်ငန်းခွင်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါအပြင် မင်းလက်ပံ (ဖလူး)ကို နယ်မြေစိုးမိုးရေး ဖို့အတွက် အင်အားသုံးထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲမှာ DKBA ဗိုလ်မှူးကြီး နိုင်လွင်ဦး ဆောင်တဲ့ တပ်ဖွဲ့က စစ်တပ်နဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ KNU က ဆိုထားပါတယ်။

အဲဒီ DKBA တပ်ဖွဲ့တွေ တပ်စွဲရာနေရာကို ရှင်းလင်းရာမှာDKBA တပ် ဖွဲ့ဝင် အနည်းဆုံး ၂၃ဝ ဦးလက်နက်ချပြီး သူတို့ အခြေချစခန်းကိုသိမ်းနိုင်ရာမှာ ကျားဖြန့် လုပ်ငန်းဂွင်ကိုလည်းတွေ့ရှိခဲ့တာလို့ KNU က ကြေညာ ချက်ထုတ်ထားတာပါ။

အဲဒီဖြစ်စဉ်ဖြစ်ပြီးနောက်မှာ ထိန်းချုပ်ဒေသတွေဖြစ်တဲ့ စုကလိ ၊ ဝေါ်လေ နဲ့ ဖလူးလေး ဒေသတွေဆီ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းကို မဆို ဖြတ်သန်းသွားလာခွင့်မပြုဘူးလို့ DKBA က ကြေညာ ချက် ထုတ်လာပါတယ်။

ဒီထုတ်ပြန်ချက်ဟာ ကရင်အမျိုးသားအစည်းအရုံး(KNU) အဖွဲ့အစည်းတစ်ခုတည်းအပေါ် ဦးတည်ပြီး ထုတ်ပြန်တာလားဆိုတဲ့ မေးခွန်းအပေါ် တိုက်ရိုက်မသက်ဆိုင်ကြောင်း DKBA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးချုပ်စောစိန်ဝင်းက ပြောပါတယ်။

“ ယုံကြည်မှုတည်ဆောက်မှု အားနည်းတယ်ဆိုတဲ့သဘောလား ကျွန်တော်တို့တစ်ယောက်နဲ့တစ်ယောက်ယုံကြည်လို့အပြန်အလှန်သွားလာ လွတ်လွတ်လပ်လပ်သွားလာကြတဲ့အပေါ်မှာ အခွင့်ကောင်းယူကြတဲ့အခြေအနေမျိုးတွေ မဖြစ်လာအောင် ကျွန်တော်တို့ကိုယ့်ကိုယ်ကို ကာကွယ်တဲ့သဘောပေါ့ ကြိုတင်ပြင်ဆင်တဲ့သဘော၊ အကယ်လို့ ကိစ္စတစုံတရာ အရေးတကြီးသွားလာတာရှိရင် ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ သွားကြဖို့ အဲ့လိုသဘောမျိုးလောက်ပါပဲ” လို့ DKBA ဗိုလ်မှူးချုပ်စောစိန်ဝင်းက ပြောပါတယ်။

DKBA က ထုတ်ပြန်ထားတဲ့ စုကလိ၊ ဝေါ်လေနဲ့ ဖလူးဒေသနယ်မြေတွေအတွင်းမှာ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်ဖွဲ့၊ ကရင်နယ်ခြားစောင့်တပ်(BGF)၊ ကော်သူးလေအာမီ(KTLA)နဲ့ စစ်ကောင်စီတပ်တို့ သွားလာလှုပ်ရှားနေကြပြီး ဒီထုတ်ပြန်ချက်ဟာ စစ်ရေးစစ်ရာနဲ့ တိုက်ရိုက်မသက်ဆိုင်ကြောင်း ဗိုလ်မှူးချုပ်စောစိန်ဝင်းက ပြောပါတယ်။

“ အဲ့လိုတိုက်ရိုက်ပြောလို့မရဘူး ၊ ကျွန်တော်တို့ဒေသမှာလည်း KNU လည်းရှိတယ်၊ BGF လည်းရှိတယ်၊ KTLA လည်းရှိတယ် ၊တပ်မတော်လည်းရှိတယ်၊ အပြန်အလှန်သွားလာကြတဲ့နေရာမှာ အချိတ်အဆက်ရှိရှိနဲ့ သွားလာကြဖို့ အဓိကဆိုလိုတဲ့သဘောပဲ၊ စစ်ရေးနဲ့ တိုက်ရိုက်တော့မဆိုင်ပါဘူး၊ အဓိကတော့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ သဘောလောက်ပါပဲ” လို့ သူကပြောပါတယ်။

DKBA က ထုတ်ပြန်ထားတဲ့ စုကလိမြို့ကို KNU က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လပိုင်းက စစ်တပ်ဆီကနေ တိုက်ခိုက်သိမ်းယူထားတာပါ။

ဒါ့အပြင် လက်ရှိ ဝေါ်လေမြို့နားက ဝေါ်လေဗျူဟာကိုလည်း KNU ပူးပေါင်းတပ်က ဆက်လက်ဝိုင်းရံပိတ်ဆို့ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ် ၊ မြဝတီမြို့နယ် ၊မင်းလက်ပံံကျေးရွာမှာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ ဦးဆောင်တဲ့ ပူးပေါင်းတပ်ကို ပစ်ခတ်တိုက်ခိုက်ဖို့အမိန့်ပေးခဲ့တဲ့ ဒုတပ်ရင်းမှုးအဆင့်ရှိတဲ့ တပ်ဖွဲ့ဝင်အရာရှိကို ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) က နိုဝင်ဘာလ ၂၄ ရက်က ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

သတင်း

ကျားဖြန့်နှိမ်နင်း​ရေးအတွက်အ​ရေး​ပေါ် နိုင်ငံတကာမှ ပူး​​ပေါင်း​ဆောင်ရွက်​ရေးတောင်းဆို

သတင်း

ငြိမ်းချမ်းရေးနဲ့ နယ်မြေအေးချမ်းရေးအတွက်ဆိုပြီး ကရင့်လက်နက်ကိုင်အဖွဲ့ သုံး ဖွဲ့ တွေ့ဆုံဆွေးနွေးမှု ကို ဒီနေ့ ( စက်တင်ဘာ ၂၈ ရက်) မြ၀တီမြို့နယ်၊ သေ့ကတေကျေးရွာမှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြန်မာ−ထိုင်းနယ်စပ်မျဉ်းဘေးဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)ထိန်းချုပ်ရာကျောက်ခတ်ကျေးရွာကဆေးရုံဟောင်းနေရာကို စစ်တပ်က ကာမီကာဇီဒရုန်း ၂စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။