Connect with us

Hi, what are you looking for?

သတင်း

တောင်သာ-နွားထိုးကြီး-မိတ္ထီလာလမ်းပိုင်းကို အသုံးမပြုဖို့ မြင်းခြံ PDF အသိပေး

မန္တလေးတိုင်းထဲက တောင်သာ-နွားထိုးကြီး၊တောင်သာ- ရုံးစည်ကြီး-မိတ္ထီလာလမ်းပိုင်းကို လုံခြုံရေးအခြေနေအရ ရက်အကန့်သတ်မရှိ ပိတ်ထားတယ်လို့ မြင်းခြံခရိုင်တပ်ရင်း ( ၃ ) က ဒီဇင်ဘာ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မြင်းခြံခရိုင် PDF တပ်ရင်း (၃) တပ်ဖွဲ့ဝင်အချို့ကိုတွေ့ရပုံ ( ပုံဟောင်း)

ဒီဇင်ဘာ – ၂ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်းထဲက တောင်သာ-နွားထိုးကြီး၊တောင်သာ- ရုံးစည်ကြီး-မိတ္ထီလာလမ်းပိုင်းကို လုံခြုံရေးအခြေနေအရ ရက်အကန့်သတ်မရှိ ပိတ်ထားတယ်လို့ မြင်းခြံခရိုင်တပ်ရင်း ( ၃ ) က ဒီဇင်ဘာ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပြည်သူတွေအနေနဲ့ လည်း လုံခြုံရေးအရဖြတ်သန်းသွားလာတာ မပြုဖို့ ထုတ်ပြန်အသိပေးချက်မှာ မေတ္တာရပ်ခံထားပါတယ်။

“တိုက်ပွဲဖြစ်နေတာတော့ မရှိပေမယ့် နှစ်ဖက်စစ်ရေးတင်းမာနေတဲ့အခြေနေမှာရှိပါတယ်”လို့ မြင်းခြံခရိုင်အတွင်းက တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့ (ဒီဇင်ဘာ ၂ ရက် ) မနက်ပိုင်းမှာတော့ မြင်းခြံမြို့ အရှေ့ခြမ်းက ဓူဝံကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်ပြီးနေအိမ်အချို့ မီးရှို့ခံရပါတယ်။

ဒါအပြင်ခင်မကန်၊မြောက်ကုန်းကျေးရွာအရှေ့ဘက်ရှိစစ်ရှောင်ဘုန်းကြီး ကျောင်းကပြည်သူငါးဦးကိုလည်း ဒီနေ့ မနက် ၁၀နာရီမှာ စစ်ကောင်စီ တပ် စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

“အခုလေးတင်(မနက် ၁၀နာရီ ၁၅မိနစ်)မှာ ခေါ်သွားတာ၊ကျား၊မ ဘယ်နှစ်ယောက်ပါသွားလဲဆိုတာ မသိရသေးဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီကလာမယ့်ဒီဇင်ဘာလ ၂၈ ရက်မှာကျင်းပမယ့် ရွေးကောက်ပွဲမှာမြင်းခြံမြို့ပေါ် ကရပ်ကွက်ပေါင်း၂၀ နဲ့ ကျေးရွာအုပ်စု ၈ ခု ပါဝင်နေပါတယ်။

ဒါကြောင့်စစ်ကောင်စီတပ်ကမြင်းခြံမြို့ပတ်လည်ကိုစစ်ကြောင်းထိုးနေတာတွေ ဆက်တိုက် လုပ်ဆောင်လာတာတွေ့ရပါတယ်။

မြင်းခြံမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်အစပ်မှာဆိုရင်အောက်တိုဘာလကုန်ပိုင်းကစတင်ပြီး စစ်ကြောင်းထိုးလာတာကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူဦးရေ သုံးသောင်းနီးပါး ရှိလာပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီတပ်သားများပါရှိသော ကားတစ်စီးအား တိုက်ခိုက်ရာ သုံးဦးသေဆုံးပြီး လက်နက် လေးလက်သိမ်းရကြောင်း မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်းက ယနေ့(ဩဂုတ် ၆ရက်) ထုတ်ပြန်သည်။