Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးတွင် စစ်သားများပါရှိသောကား တိုက်ခိုက်ခံရပြီး သုံးဦးသေဆုံး၊ လက်နက် လေးလက်သိမ်းရဟု မြင်းခြံ PDF ပြော

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီတပ်သားများပါရှိသော ကားတစ်စီးအား တိုက်ခိုက်ရာ သုံးဦးသေဆုံးပြီး လက်နက် လေးလက်သိမ်းရကြောင်း မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်းက ယနေ့(ဩဂုတ် ၆ရက်) ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သားများ၏ ကားတိုက်ခိုက်မှုမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်း

သြဂုတ်-၆၊ ၂၀၂၅။ရဲခေါင်/Peoples Spring

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီတပ်သားများပါရှိသော ကားတစ်စီးအား တိုက်ခိုက်ရာ သုံးဦးသေဆုံးပြီး လက်နက် လေးလက်သိမ်းရကြောင်း မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်းက ယနေ့(ဩဂုတ် ၆ရက်) ထုတ်ပြန်သည်။

ယမန်နေ့(သြဂုတ် ၅ ရက်) နေ့လည် ၃နာရီခန့်တွင် နွားထိုးကြီးမြို့နယ် ၊ကနားကျေးရွာမှ ပြင်စည်ကျေးရွာသို့ မောင်းနှင်လာသည့် စစ်ကောင်စီတပ်သားများပါရှိသော ကားအား ကနား – ပြင်စည်လမ်းပိုင်းတနေရာတွင် ပြောက်ကျားနည်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု ဖော်ပြသည်။

ထို့အပြင် ကားပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးအနက် သုံးဦးသေဆုံးခဲ့ကာ နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“နယ်မရွေးဘူး ဘက်ချင်းတူရင် ကြိုက်ရာလက်နက်နဲ့ယှဉ်လို့ရတယ် အာသီးတော့မရောင်နဲ့ အကောင်သေးရင်နှစ်ကောင်ပေးတယ် အလုပ်နဲ့ပဲသက်သေပြမယ်”ဟု မြင်းခြံခရိုင် အမှတ် (၄-၁၀)တပ်ရင်း ဦးဆောင်သူ ကိုစိုးအောင်က ပြောသည်။

ထို့အပြင် ၎င်း၏ လူမှုကွန်ရက်မှတဆင့် တိုက်ပွဲမှတ်တမ်းဖော်ပြချက်အရ တိမ်းမှောက်နေသော ဟွန်ဒါ ကားအဖြူရောင်အနီးတွင် သေဆုံးနေသည့် အမျိုးသားနှစ်ဦးနှင့် စစ်တပ်သုံးကျည်ကာအကျီ အချို့ကို တွေ့ရသည်။

“ရင်း(၄)ကခွဲတွေ အလုပ်လုပ်တယ်ဆိုတာ ပြမယ်နော်။မီးရှို့မယ်။အလက်ပါလားကြည့်ဦး။ဖိုတီး(၄၀ မမ) ယူပြီးပြီ။မီးရှို့ဖို့လုပ်။ရင်း(၄)က ခွဲတွေ အလုပ်လုပ်တယ်ဆိုတာပြရမှာ”ဟု ရုပ်သံမှတ်တမ်းအတွင်း ရဲဘော်တချို့က ပြောသည်။

တိုက်ခိုက်မှုအတွင်း M-79 တစ်လက် ၊ MA-3 သုံးလက်နှင့် ကျည်များသိမ်းဆည်းနိုင်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလာသော ကားအား မီးရှို့ဖျက်ဆီးခဲ့ပြီး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ် ထန်းပင်ကုန်းကြီးရွာနဲ့ ညောင်အိုင်ရွာကြားမှာ လစာထုတ်ပြန်လာတဲ့ စစ်သား တပ်ကြပ်ရန်နိုင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၃) ငါးပြေမ တပ်ရင်းက ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်က မြို့သာစက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်သားတွေ မြို့သာဘီယာဆိုင် လာသောက်ချိန် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၄ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် တစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ -မြင်းခြံက ထုတ်ပြန်ထားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ မေလ ၁၉ရက် ညနေက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF က ဒရုန်းနဲ့ဗုံးကြဲလို့ အာဏာသိမ်းစစ်တပ်ကစစ်သား ၄ဦး သေဆုံးခဲ့ပြီး စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဖားကန့်မှာ မနေ့ကစတင်ပြီးတကျော့ပြန်ဖြစ်ပွားတဲ့မြေပြင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးပြီး သုံ့ပန်းနဲ့လက်နက်ခဲယမ်းအချို့ရရှိခဲ့တယ်လို့KIA၊KPDF သတင်းရင်းမြစ်တွေကပြောပါတယ်။