Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီး အနောက်ခြမ်းက ကျေးရွာတွေ ထပ်မံစစ်ကြောင်းထိုးခံရ

မန္တလေးတိုင်း၊နွားထိုးကြီးမြို့ရဲ့ အနောက်ဘက်ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ် က စစ်ကြောင်းထိုးနေပြီး နေအိမ်တွေကို မီးတင်ရှို့နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

ဒီဇင်ဘာ – ၁၆ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း၊နွားထိုးကြီးမြို့ရဲ့ အနောက်ဘက်ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ် က စစ်ကြောင်းထိုးနေပြီး နေအိမ်တွေကို မီးတင်ရှို့နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

အင်အား၂၀၀နီးပါးရှိတဲ့ စစ်ကြောင်းက လွန်ခဲ့တဲ့ နှစ်ရက် ဒီဇင်ဘာ ၁၄ရက် ၊ နေ့ခင်း ၂ နာရီဝန်းကျင်မှာ စတင်စစ်ကြောင်းထိုးတာပါ။

“ မင်းရွာကိုတော့ အပိုင်းသုံးပိုင်းခွဲပြီး မီးရှို့နေတာ၊ ရွာကအိမ်ခြေများတယ် ကျေးရွာကြီးပါ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

မီးရှို့ခံရတဲ့ အိမ်ခြေအရေအတွက်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။မင်းရွာ ဟာ နွားထိုးကြီးမြို့အနောက်ခြမ်းမှာရှိပြီး Google Map ရဲ့ တိုင်းထွာချက်အရတော့ ၈ မိုင်ခန့်ဝေးပါတယ်။

မင်းရွာ၊ကူကုန်း၊ ခံစပ်ကုန်း စတဲ့ ကျေးရွာကြီးတွေကို စစ်ကြောင်းဝင်နေတယ်လို့သိရပါတယ်။ မင်းရွာမှာဆိုရင် ရွာဦးကျောင်းက ကိုရင်တစ်ပါးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ခံစပ်ကုန်းကျေးရွာက ဒေသခံနှစ် ဦးသတ်ဖြတ်ခံထားတယ်လို့ ကနဦးသိရပေမယ့် သီးခြားအတည်မပြုနိုင်ပါဘူး။

“တိုက်ပွဲတော့ခပ်စိပ်စိပ်ဖြစ်တာတွေရှိတယ်၊သူတို့(စစ်တပ်)က စစ်ကြောင်းမလာခင် ဒရုန်းအရင်ချပြီးမှစစ်ကြောင်းဝင်လာတာ”လို့ နွားထိုးကြီးမြို့နယ်အတွင်းက တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

နွားထိုးကြီးမြို့ပေါ်ကိုတော်လှန်ရေးတပ်ဖွဲ့တွေ လက်လွှတ်ရပြီး မြို့ရဲ့ အနီးတစ်ဝိုက်က ရွာတွေကို စစ်ကြောင်းထိုးလာတာပါ။

စစ်ကောင်စီတပ်စစ်ကြောင်းကြောင့်ဒေသခံပြည်သူတွေချက်ချင်းတိမ်း ရှောင်ရတဲ့အတွက်အခက်အခဲတွေ ကြုံတွေ့ရပြီး ရာသီဥတုအေးလာချိန်မှာ စောင်၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာလိုအပ်ချက်တွေရှိနေတယ်လို့ သိရပါတယ်။

နွားထိုးကြီးမြို့ ပေါ်ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ အောက်တိုဘာလ၁၈ ရက်မှာ စတင် ဝင်ရောက်လာချိန်ကတည်းက မြို့ကိုစွန့်ခွာရတဲ့ ဒေသခံတွေရှိနေပါတယ်။

လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာကျင်းပမယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအပိုင်း( ၁) မှာ မန္တလေးတိုင်းက ၈ မြို့နယ် ပါဝင်ပြီး နွားထိုးကြီးတော့ မပါလာသေးပါဘူး။ ဒါအပြင် လာမယ့်နှစ် ဇန်နဝါရီလ ၁၁ ရက်မှာ ဆက်လုပ်မယ့် ရွေးကောက်ပွဲ အပိုင်း (၂) မှာ လည်း နွားထိုးကြီးကို စစ်ကောင်စီက ထည့်သွင်းထားတာ မရှိပါဘူး။

ရွေးကောက်ပွဲအပိုင်း (၃) ကိုတော့ ဇန်နဝါရီလ ၂၅ ရက်မှာကျင်းပဖွယ် ရှိနေပါတယ်။

ဧရာဝတီမြစ် အရှေ့ဘက်ကမ်းမှာတည်ရှိပြီး ဖိုခနောင့်သဖွယ် ဖွဲ့စည်းထားတဲ့ မန္တလေးတိုင်းထဲက နွားထိုးကြီး ၊မြင်းခြံနဲ့ တောင်သာမြို့နယ်တွေဟာအာဏာသိမ်းစစ်ကောင်စီတပ်ကိုလက်နက်စွဲကိုင်တော်လှန်မှုအားကောင်းရာဒေသဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုတွေဟာ အခုနှစ် မေလအတွင်း နွားထိုးကြီး ၊ မြင်းခြံ ၊တောင်သာ နဲ့ ငါန်းဇွန်မြို့နယ်တွေထဲက စစ်ကောင်စီတပ်စခန်းတွေကို အထူးစစ်ဆင်ရေးအဖြစ် တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ် အငိုက်မိပြီးအထိနာခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက စစ်တပ် စစ်ကြောင်းဟာ ရခိုင်ရိုးမပေါ်မတက်နိုင်သေးဘူးလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးနေတဲ့ကြားက အာဇာနည်နေ့ အခမ်းအနားကို တော် လှန်ရေးအင်အားစုတွေ ကျင်းပခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်က စစ်တပ်အထိုင်စခန်းနေရာတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ဦး သေဆုံးပြီး ဒရုန်း ၁စီး သိမ်းရခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ပါတယ်။