Connect with us

Hi, what are you looking for?

သတင်း

လုံခြုံရေးစိတ်ချရသူတွေ စစ်တပ်ရွေးကောက်ပွဲလက်မခံကြောင်း Profileကမ်ပိန်းမှာ ပါဝင်ပေးဖို့ တိုက်တွန်း

အာဏာသိမ်းစစ်အုပ်စုကျင်းပမယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲ ဖြစ်ကြောင်း ပြည်သူလူထုက ထုတ်ဖော်ပြောဆိုပြသနိုင်ဖို့ ကိုယ့်ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ REJECT SHAM ELECTION စာသားပါ Profile Picture ပြောင်းလဲရေး ကမ်ပိန်းမှာ ပြည်သူတွေ ပါဝင်ကြဖို့ စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်ဖော်ပြနေတဲ့ Anti Sham Election(တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး) ဖေ့စ်ဘွတ်ခ် စာမျက်နှာက တိုက်တွန်းထားပါတယ်။

ဒီဇင်ဘာ-၁၆၊၂၀၂၅။ ဆန်အောင်/People’s Spring

အာဏာသိမ်းစစ်အုပ်စုကျင်းပမယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲ ဖြစ်ကြောင်း ပြည်သူလူထုက ထုတ်ဖော်ပြောဆိုပြသနိုင်ဖို့ ကိုယ့်ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ REJECT SHAM ELECTION စာသားပါ Profile Picture ပြောင်းလဲရေး ကမ်ပိန်းမှာ ပြည်သူတွေ ပါဝင်ကြဖို့ စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်ဖော်ပြနေတဲ့ Anti Sham Election(တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး) ဖေ့စ်ဘွတ်ခ် စာမျက်နှာက တိုက်တွန်းထားပါတယ်။

စစ်အုပ်စုရဲ့ရွေးကောက်ပွဲဟာ ပြည်သူတွေရဲ့ ရွေးကောက်ပွဲမဟုတ်ပဲ ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နိုင်ဖို့ ခေါင်းစဉ်ပြောင်းတဲ့ အတုအယောင်ရွေးကောက်ပွဲသာဖြစ်လို့ အဲဒီ ရွေးကောက်ပွဲကို ပြည်သူတွေကလက်မခံကြောင်း နိုင်ငံတကာကသိအောင် ဆိုရှယ်မိဒီယာတွေကတဆင့် ဖော်ထုတ်နိုင်ဖို့ အခုလို လုပ်ဆောင်တာဖြစ်ပါတယ်။

Facebook အပါအဝင် တခြားသော Social Media အကောင့်တွေမှာ Profile picture ပြောင်းပြီး ရွေးကောက်ပွဲကို လက်မခံကြောင်း ပြသကြဖို့ တိုက်တွန်းထားပြီး Profile Picture ပြောင်းလဲရာတွင် အသုံးပြုရန် ပုံကိုလည်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ယခုလှုပ်ရှားမှုဟာ လွတ်မြောက်နယ်မြေမှာ အခြေချနေထိုင်နေသူတွေ ပြည်ပနိုင်ငံတစ်ခုခုမှာ ရောက်ရှိနေထိုင်နေသူတွေနဲ့ လုံခြုံရေးစိတ်ချရသူတွေသာ ပါဝင်လှုပ်ရှားရန်ဖြစ်ကြောင်းလည်း အသိပေးထားပါတယ်။

“အဓိကတော့ ရွေးကောက်ပွဲဆိုတာ ပြည်သူ့ဆန္ဒကို ဖော်ထုတ်တဲ့ပွဲဖြစ်တယ်။ ဒီတရားမဝင်အတုအယောင်ရွေးကောက်ပွဲကို အလိုမရှိဘူး ဒါဟာ အတုအယောင်ဖြစ်တယ်ဆိုတာ ပြည်သူတွေက များများပြောနိုင်လေလေ ကောင်းလေလေပဲပေါ့။ အဲဒီအတွက်ကြောင့် ဒီလိုမျိုးကမ်ပိန်းတွေမှာ တက်နိုင်သမျှ ပြည်သူလူထုအနေနဲ့ နည်းလမ်းပေါင်းစုံနဲ့ ပါဝင်ကြဖို့ တိုက်တွန်းလိုပါတယ်”လို့ စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်ဆောင်ရွက်နေသူတဦးက ပြောပါတယ်။

ပြည်သူသန်းပေါင်းများစွာက မြန်မာရာဇဝတ် စစ်အုပ်စုရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသနေကြတာကြောင့် ကမ္ဘာတဝန်းမှအစိုးရတွေ အနေနဲ့ မြန်မာပြည်သူတွေနဲ့ အတူ ရပ်တည်ဖို့၊ မြန်မာပြည်သူတွေရဲ့ အသံကို နားထောင်ဖို့နဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်အား နိုင်ငံရေးတရားဝင်မှုပေးခြင်းကို ငြင်းပယ်ကြဖို့လည်း တောင်းဆိုထားပါတယ်။

“စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို အာဏာရှင်မိတ်ဖက် ရုရှား၊ တရုတ်၊ ဘယ်လားရုတ်စ်နဲ့ အာဆီယံနိုင်ငံအချို့တို့က အားပေးအားမြှောက် ပြုလုပ်နေတာပါ။ ဒါဟာ ရာဇဝတ်ဂိုဏ်း စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ နိုင်ငံတွင်းမှာ ခုထက် ပိုမိုဆိုးဝါးစွာ လုပ်ဆောင်နိုင်ဖို့ ပံ့ပိုးပေးနေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် စစ်အုပ်စုပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို နိုင်ငံတကာ အစိုးရတွေအနေနဲ့ အသိမှတ်မပြုဖို့အတွက် မြန်မာ ပြည်သူတွေ နည်းလမ်းပေါင်းစုံနဲ့ တောင်းဆိုနေကြတာပါ”လို့ အသိပေးပါတယ်။

စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲဟာ မြန်မာလူထုရဲ့ ပြည်သူ့ဆန္ဒ လုံးဝ (လုံးဝ) မပါဝင် ကြောင်းနဲ့ လက်မခံကြောင်း နိုင်ငံတကာ အစိုးရတွေကို နည်းလမ်းပေါင်းစုံနဲ့ ပြောဖို့လိုအပ်ကြောင်းလည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဟားခါးမြို့နယ်အတွင်း စစ်တပ်ရွေးကောက်ပွဲဝင်ပြိုင်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်အဖြစ် သိမ်းဆည်း

သတင်း

မြန်မာစစ်တပ်ဟာ အကြောက်တရား၊ ရန်လို အကြမ်းဖက်မှု၊ ဖိနှိပ်မှုတွေ ထူပြောနေတဲ့ အခြေအနေတစ်ခုမှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေတယ်လို့ ကုလသမဂ္ဂ(UN)က ဒီဇင်ဘာ ၂၃ရက် မနေ့က သတိပေး ပြောကြားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ မဲဆွယ်စည်းရုံးရာမှာ ‘တော်လှန်ရေး’စကားလုံးထည့်သွင်းသုံးနှုန်းခဲ့တယ်ဆိုပြီး အမတ်လောင်း ဦးလွင်မြင့်ဟာ ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈(ဂ)နဲ့ သင်္ဃန်းကျွန်းမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ခံခဲ့ရပါတယ်။

သတင်း

ထိုင်းအစိုးရက မြန်မာစစ်အုပ်စုရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့နဲ့ ပြင်းပြင်းထန်ထန်ရှုတ်ချဖို့ ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေက တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။