Connect with us

Hi, what are you looking for?

သတင်း

ဆေးရုံဆောက်မယ့် သူပုန်မိန်းမ ကမ်ပိန်း

ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ စစ်ဆင်ရေးနယ်မြေ ၂ မှာ အရေးပေါ်လိုအပ်နေတဲ့ ဆေးရုံ ဆောက်လုပ်ဖို့ သူပုန်မိန်းမ ကမ်ပိန်းပြုလုပ်သွားမယ်လို့ ဒီနေ့ (မတ်၂၀) အသိပေးထားပါတယ်။

မတ်-၂၀၊၂၀၂၆။တေဇ/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ စစ်ဆင်ရေးနယ်မြေ ၂ မှာ အရေးပေါ်လိုအပ်နေတဲ့ ဆေးရုံ ဆောက်လုပ်ဖို့ သူပုန်မိန်းမ ကမ်ပိန်းပြုလုပ်သွားမယ်လို့ ဒီနေ့ (မတ်၂၀) အသိပေးထားပါတယ်။

“သူပုန်ဖြစ်ရတာ မလွယ်ဘူး၊ ခက်ခဲပါတယ်။ သုပုန်မိန်းမ ဖြစ်ရတာ ပိုပြီးခက်ခဲပါတယ်။အခက်အခဲကြားက ရှင်သန် ရပ်တည် နေကြသောသူပုန်များရဲ့ မိန်းမတွေရော ကိုယ်တိုင်သူပုန်ဖြစ်နေကြတဲ့ သူပုန်မိန်းမတွေရောတော်လှန်ရေးမှာပါဝင်နေကြတဲ့ မိန်းမသားထုကို ကိုယ်စားပြုမယ့် သူပုန်မိန်းမ ကမ်ပိန်းမှာ ပါဝင်ပေးကြပါလ်ု့ မေတ္တာရပ်ခံပါတယ်။” လို့ ကမ်ပိန်းရဲ့ ဖေ့စ်ဘွတ်ခ်မှာ ကြေညာထားတာပါ။

ဒီကမ်ပိန်းက စစ်ကောင်စီက သူပုန်ကြေညာခံထားရတဲ့ ဒါရိုက်တာကိုပေါက်ရဲ့ ဇနီး မနီရဲ့‌ မတ် ၂၆ ရက်မှာ ကျရောက်မယ့် မွေးနေ့နဲ့ ဧပြီ ၇ မှာ ကျရောက်မယ့် ဒါရိုက်တာကိုပေါက်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည် အမှတ်တရ အနေနဲ့ ပြုလုပ်တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“၁၇.၂.၂၀၂၁ မှာ ကျနော်ကိုဖမ်းဝရမ်းထုတ်လို့ ဝရမ်းပြေးသူပုန်စဖြစ်ပါတယ်။ ၁၇.၁၂.၂၀၂၁ မှာ မိန်းမနဲ့ သား၂ ယောက်နေတဲ့အိမ်ပေါက်ဝ တည့်တည့်ကို သေနတ်နဲ့ ၉ ချက် ပစ်ပြီး ကိုပေါက်မိသားစုကိုရှင်းဖို့လုပ်တာ ခံရပါတယ်။ ၁၇.၁.၂၀၂၂ မှာ မိသားစုပိုင်အိမ်ကို ချိတ်ပိတ်လိုက်ပါတယ်။” လို့ ပြည်သူ့ဘက်ရပ်တည်ခဲ့တာကြောင့် ကြုံခဲ့ရတဲ့ အကြောင်းကို ကိုပေါက်ကရင်ဖွင့်ထားပါတယ်။

သူပုန်ကြေညာခံရတာကြောင့် အိမ်ကထွက်ပြေးခဲ့ရတဲ့ အချိန်ကစပြီး လက်ရှိအချိန်အထိ သားနှစ်ယောက်အပေါ်မှာရော အိမ်ရဲ့စီးပွားရေးရော တော်လှန်ရေးမှာနောက်‌ဆံမတင်းဘဲ စိတ်ဖြောင့်ဖြောင့် လုပ်နိုင်အောင်ဇနီးဖြစ်သူက ကြိုးစားရပ်တည်ပေးခဲ့တာလို့ ကိုပေါက်ကပြောထားပါတယ်။

ဒီကမ်ပိန်းကနေ ငွေကျပ် သိန်း ၃၈၀၀ ရရှိဖို့ ရည်မှန်းထားပြီး ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ စစ်ဆင်ရေးနယ်မြေ ၂ မှာ စစ်ရှောင်တွေ ပြည်သူတွေ နဲ့ တော်လှန်ရေးရဲဘော်တွေ ဆေးဝါးမပြည့်စုံမှုတွေကြောင့် အသက်ဆုံးရှုံးမှုတွေ ကိုယ်လက်အင်္ဂါစွန့်လွှတ်မှုတွေကို ကာကွယ်နိုင်ဖို့ ဆေးရုံဆောက်လုပ်ဖို့ ရည်ရွယ်ထားတာပါ။

ကမ်ပိန်းကာလကို ဒီနေ့ကနေ မေလ ၇ ရက်အထိ ၄၉ ရက်သတ်မှတ်ထားပြီး Package တွေနဲ့ လည်း ပါဝင်နိုင်တယ်လို့ အသိပေးထားပါတယ်။

Package လေးခုကို အမေရိကန်ဒေါ်လာ နှစ်ရာကနေ ငါးရာ အထိသတ်မှတ်ထားပြီး Package ဝယ်ယူသူတွေအတွက် ရတနာပစ္စည်းကံစမ်းမဲပါဝင်မယ်လို့ဆိုပါတယ်။

“Package နဲ့ ပါဝင်ဖို့ အဆင်မပြေလျှင်လည်း နိုင်သလောက် ပါဝင်လို့ရပါတယ်။” လို့ သူပုန်မိန်းမ ကမ်ပိန်းက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆေးရုံတစ်ခုကို ပါကစ္စတန်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ရာနဲ့ချီ သေဆုံးခဲ့ကြောင်း အာဖဂန် နစ္စတန်က စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဆေးရုံတစ်ခုရဲ့ အထူးကြပ်မတ် ကုသဆောင်မှာ မီးလောင်မှု ဖြစ်ပွားပြီး လူနာ ၁၁ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းက O-1 ဆေးရုံမှာ လူနာတွေကို အောက်ဆီဂျင်ပေးဖို့ မီးစက်အတွက် ဒီဇယ်အရေးပေါ်လိုအပ်နေကြောင်း O-1 ဆေးရုံ တာဝန်ခံ Dr. Tracyက အသိပေးပါတယ်။

သတင်း

ဖေဖော်ဝါရီ‌လမွေးနေ့ရှင် တော်လှန်အနုပညာရှင် မင်းမော်ကွန်းက တိုက်ပွဲတွေမှာထိခိုက်ဒဏ်ရာရရှိပြီး ခြေလက်အင်္ဂါဆုံး‌ရှုံးထားတဲ့ ရဲဘော်တွေကို ထောက်ပံ့ပေးနိုင်ဖို့ မွေးနေ့လက်ဆောင် ကမ်ပိန်းကို ပြုလုပ်နေပါတယ်။