Connect with us

Hi, what are you looking for?

သတင်း

ကြေးနီတင်ယာဥ်တွေဖြတ်သန်းလာလို့ စစ်တပ်က ရမ်းပစ်နေတာကြောင့် မုံရွာ-မန္တလေးလမ်းပိုင်း ကားတွေပိတ်မိနေ

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ကြေးနီတင်ယာဥ်တွေ ဖြတ်သန်းလာပြီး စစ်တပ်က ရမ်းသမ်းပစ်ခတ်လုံခြုံရေးယူနေလို့ ခရီးသွားယာဥ်တွေ ပိတ်မိနေပါတယ်။

ပြီးခဲ့သည့်နှစ်အတွင်းက မုံရွာ-မန္တလေးလမ်းတွင် လမ်းပိတ်၍ ရပ်ထားရသော ယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

​ဒီဇင်ဘာ ၂၀၊ ၂၀၂၅ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ကြေးနီတင်ယာဥ်တွေ ဖြတ်သန်းလာပြီး စစ်တပ်က ရမ်းသမ်းပစ်ခတ်လုံခြုံရေးယူနေလို့ ခရီးသွားယာဥ်တွေ ပိတ်မိနေပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၂၀ ရက်မနက်ပိုင်းမှာ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ ကြေးနီတင်ယာဥ်တန်းတွေဟာ မုံရွာ-မန္တလေးလမ်းအတိုင်း ထွက်ခွာလာပြီး ယာဥ်တန်းလုံခြုံရေးအတွက်ဆိုကာ လမ်းပိုင်းပေါ်က စစ်ကောင်စီဂိတ်တွေက ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

“ငါးယှန်ဂိတ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရမ်းသမ်းပစ်ခတ်နေတာကြောင့် မုံရွာ-မန္တလေးလမ်းပေါ်က နတ်ရေကန်ဂိတ်မှာ ကားတွေပိတ်မိနေတယ်လို့ ကားသမားအချို့က ပြောပါတယ်။

ပစ်ခတ်မှုတွေဖြစ်ပွားနိုင်တာကြောင့် ကြေးနီတင်ယာဥ်တန်းတွေနဲ့ ကပ်မလိုက်ကြဖို့နဲ့ အရေးကြီးကိစ္စကလွဲပြီး ခရီးအသွားအလာတွေ သတိပြုသွားလာကြဖို့ တော်လှန်ရေး အင်အားစုတွေက သတိပေးနေပါတယ်။

စစ်ကောင်စီတပ်ဟာ ယခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းထဲက ရွှေဘို၊ ခင်ဦး၊ ဝက်လက်နယ်တွေမှာ ခရီးသွားတွေ စစ်ဘေးရှောင်တွေကိုပါ လေကြောင်းတိုက်ခိုက်နေပြီး ပြည်သူဆယ်ချီ သေဆုံးနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။