Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ်မြောက်ပိုင်းတိုက်ပွဲ စစ်တပ် ၁၀ ဦးထက်မနည်း သေဆုံး၊ တစ်ဦး လက်နက်ချဟု PRF ပြော

မကွေးတိုင်း၊ပေါက်မြို့နယ်မြောက်ပိုင်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး တစ်ဦး လက်နက်ချအလင်းဝင်လာတယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)က ဒီကနေ့(ဒီဇင်ဘာ ၂၃ရက်)မှာ ထုတ်ပြန်ပါတယ်။

ပေါက်မြောက်ပိုင်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ အသေခံဒရုန်းတွေ နဲ့ စစ်ရှောင်ပြည်သူတွေကို တွေ့ရစဥ်။ဓာတ်ပုံ - PRF

ဒီဇင်ဘာ-၂၃၊၂၀၂၅။မိုမို/People’s Spring

မကွေးတိုင်း၊ပေါက်မြို့နယ်မြောက်ပိုင်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး တစ်ဦး လက်နက်ချအလင်းဝင်လာတယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)က ဒီကနေ့(ဒီဇင်ဘာ ၂၃ရက်)မှာ ထုတ်ပြန်ပါတယ်။

ပေါက်မြို့နယ်မြောက်ပိုင်းကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ ဒီဇင်ဘာ ၉ရက်၊၁၀ ရက်၊ ၁၆ရက်နဲ့ ဒီဇင်ဘာ ၂၀ရက်တွေမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်က ၁၂ ဦး သေပြီး ၃၇ ဦးထက်မနည်း ဒဏ်ရာရကာ တပ်သားတစ်ဦး MA4 လက်နက်နဲ့ လက်နက်ချလာတယ်လို့ အသိပေးပါတယ်။ဒါပေမယ့် စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုတွေနဲ့ပတ်သက်လို့ လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။

Public Service Announcement

Public Service Announcement

တိုက်ပွဲမှာ ပေါက်​မြို့နယ်ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးနဲ့ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်(MGY-PDF)က ရဲဘော် တစ်ဦး​ကျဆုံးပြီး ရဲဘော်ငါးဦး ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းရဲ့ ရက်သတ္တပတ်နှစ်ခုကျော်ကြာ ထိုးစစ်ဆင်ခဲ့မှုမှာ ကျေးရွာတွေကို ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“ရွေးကောက်ပွဲ နီးကပ်လာတဲ့အချိန်မှာ နယ်မြေအရ ပြန်ပြီးထိန်းချင်တဲ့ သဘောရတယ်”လို့ စစ်ကောင်စီတပ်စစ်​ကြောင်းနဲ့ပတ်သက်လို့ PRF တာဝန်ရှိသူက ပြောပါတယ်။

အဲဒီစစ်ကြောင်းကို PRF ၊ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDO/PDA)၊ ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ နယ်စည်းမခြား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပခုက္ကူ) (BORDERLESS)၊မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်(MGY-PDF)၊Phoenix Guerrilla Force(ဖီးနစ်ပြောက်ကျားတပ်ဖွဲ့)၊ပေါက်၊ မြိုင် (ပကဖ) နဲ့ BLY​ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ဆိုပါတယ်။

စစ်ကောင်စီတပ်က ပေါက်မြို့နယ်မှာရှိတဲ့ အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ -၂၄) ကနေပြီး ပေါက်မြို့နယ်မြောက်ပိုင်းကို အခုနှစ် အောက်တိုဘာကတည်းက စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

“စစ်ကြောင်းကတော့ မပြတ်သေးဘူး။ညောင်ရင်းရွာထဲ ပဲရှိနေသေးတယ်။ဖြစ်နိုင်တာကတော့ ဇီးပြား(ပျူစောထီး)ရွာကို သွားဖို့များတယ်”လို့ ပေါက်မြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အခုနှစ် သြဂုတ်က ပခုက္ကူတပ်မ(၁၀၁) ကနေ ကပစ(၂၄)ကို အင်အား ၁,၀၀၀ ဝန်းကျင်​ ဖြည့်တင်းခဲ့ပါတယ်။အဲဒီနောက် ပေါက်၊ဆိပ်ဖြူ အပါအဝင် ယောဒေသဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတွေဖြန့်ကျက်ပြီး ထိုးစစ်ဆင်နေတာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။