Connect with us

Hi, what are you looking for?

သတင်း

အမှတ်(၃)ခရိုင်ချင်းဆက်လမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားနေလို့ သွားလာခြင်းမပြုဖို့ သတိပေး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က အမှတ်(၃) ခရိုင်ချင်းဆက်လမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားနေလို့ သွားလာခြင်းမပြုဖို့ သတိပေးထားကြောင်း သတင်းရရှိပါတယ်။

ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ ခရိုင်ချင်းဆက်လမ်းအနီးက ငါးပတ်ချောင်းရွာကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်က စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့စဥ်။ ဓာတ်ပုံ-Wetlet Informational Network

ဒီဇင်ဘာ-၂၅၊ ၂၀၂၅ ​ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က အမှတ်(၃) ခရိုင်ချင်းဆက်လမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားနေလို့ သွားလာခြင်းမပြုဖို့ သတိပေးထားကြောင်း သတင်းရရှိပါတယ်။

ဝက်လက်မြို့နယ်၊ အမှတ်(၃) ခရိုင်ချင်းဆက်လမ်းပိုင်းကို မြေပြင် စစ်ရေးအခြေအနေအရ ဒီကနေ့ ဒီဇင်ဘာ ၂၅ ရက်ကစပြီး သွားလာခြင်း လုံး၀မပြုလုပ်ကြဖို့ ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးက သတိပေးပါတယ်။

“တိုက်ပွဲပြင်းထန်နေတယ်။ အသွားအလာမလုပ်ကြဖို့ သတိပေးထားတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မနေ့ညကလည်း ဝက်လက်မြို့နယ် အရှေ့‌‌မြောက်ခြမ်းက ထုံးဘိုကျေးရွာတောင်ဘက် သန်းကုန်းတောတိုက်အနီးကို ဂျက်ဖိုက်တာနှစ်စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုမသိရသေးကြောင်း Wetlet Informational Network အဖွဲ့က အသိပေးပါတယ်။

အထက်ပါလေကြောင်းတိုက်ခိုက်ခဲ့တဲ့နေရာတွေဟာ တိုက်ပွဲဖြစ်ပွားချင်းမရှိဘဲ ဒေသခံ ပြည်သူတွေစစ်ဘေးရှောင်တဲ့နေရာတွေကိုသာ ၃ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဒီဇင်ဘာ ၁၆ ရက်က ရွှေဘိုမြို့နယ်အရှေ့ခြမ်း၊ အမှတ်(၃) လမ်းမ(ခရိုင်ချင်းဆက်လမ်း)ပေါ်နဲ့ ဂွေးကုန်းရွာအနီးကို ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်လို့ ကားသမား နှစ်ဦး၊ အဘွားအိုတစ်ဦးအပါအဝင် ပြည်သူ လေးဦးသေဆုံးကာ ထိခိုက် ဒဏ်ရာရသူအများအပြား ရှိခဲ့ပါတယ်။

ဒီဇင်ဘာ ၂၃ ရက်ကလည်း ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ ခရိုင်ချင်းဆက်လမ်းအနီးက ငါးပတ်ချောင်းကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ကလေး ၂ ဦးအပါအဝင် ပြည်သူ ၇ ဦးသေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်အင်အားသစ်တွေဝင်ရောက်လာပြီးနောက် အခုရက်ပိုင်းမှာ နေ့တိုင်းလိုလိုတိုက်ပွဲပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

Facebook