Connect with us

Hi, what are you looking for?

သတင်း

Tik Tokက စစ်တပ်ရဲ့ မြဝတီသတင်း(MWD)စာမျက်နှာ ဖယ်ရှား

စစ်ကောင်စီ သတင်းတွေကိုဖော်ပြတဲ့ MWD News (မြဝတီသတင်း)စာမျက်နှာကို Tik Tok ကနေ ဖယ်ရှားလိုက်တယ်လို့ Justice For Myanmarက အသိပေးထားပါတယ်။

ဒီဇင်ဘာ-၂၆၊၂၀၂၅။တေဇ/People’s Spring

စစ်ကောင်စီ သတင်းတွေကိုဖော်ပြတဲ့ MWD News (မြဝတီသတင်း)စာမျက်နှာကို Tik Tok ကနေ ဖယ်ရှားလိုက်တယ်လို့ Justice For Myanmarက အသိပေးထားပါတယ်။

“ Justice For Myanmarသည် TikTokထံ စာရေးသားပေးပို့၍ စစ်အုပ်စုအကောင့်များအတွက် ဝန်ဆောင်မှုများ ဆက်လက်ပေးအပ်နေမှုများနှင့်ပတ်သက်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုများကို လိုက်နာဆောင်ရွက်မှုနှင့် လူ့အခွင့်အရေးဆိုင်ရာစိုးရိမ်မှုများအပေါ် မေးခွန်းထုတ်ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ TikTok က MWD News (မြဝတီ သတင်း)အကောင့်အား ဖြုတ်ချလိုက်ခြင်းလည်းဖြစ်သည်။” လို့ JFMက ဒီနေ့ (ဒီဇင်ဘာ၂၆) ထုတ်ပြန်ထားပါတယ်။

MWD Newsကို စစ်ကောင်စီရဲ့ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓါတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးက ကြီးကြပ်လုပ်ဆောင်နေတာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ရွေးကောက်ပွဲနီးလာချိန်မှာ စစ်ကောင်စီရဲ့ မီဒီယာအကောင့်တွေနဲ့ ဝါဒဖြန့်အကောင့်တွေကို နည်းပညာကုမ္ပဏီတွေက သူတို့ရဲ့ ပလက်ဖောင်းတွေကနေဆက်တိုက် ဖယ်ရှားနေတာပါ။

တိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်းဖြစ်တဲ့ Amazonကုမ္ပဏီရဲ့Twitch ၊ ဩစတေးလျနိုင်ငံ အခြေစိုက် Kick တို့က စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေတဲ့ အကောင့်တွေကို ဖယ်ရှားခဲ့ပါတယ်။

ဒါ့အပြင် ဖေ့စ်ဘွတ်ခ် ၊ ယူကျူ့ကလည်း စစ်ကောင်စီရဲ့ ဝါဒဖြန့်အကောင့်တွေကို ဖျက်သိမ်းခဲ့သလို ဝါဒဖြန့်သတင်းစာတွေရဲ့ PDF ဖိုင်တွေကို သိမ်းဆည်းတဲ့ MediaFireကလည်း ဖျက်သိမ်းခဲ့တယ်လို့ သိရပါတယ်။

“ TikTokနှင့် အခြားနည်းပညာကုမ္ပဏီအားလုံးအနေဖြင့် ကျန်ရှိနေသေးသည့် စစ်အုပ်စု၏ ဝါဒမှိုင်းဖြန့်အကောင့်များအား ဖြုတ်ချရန်နှင့် ၄င်းတို့၏ပလက်ဖောင်းများအား စစ်အုပ်စုက အသုံးပြုနေခြင်းကို ပိတ်ပင်ရန် Justice For Myanmarက ဆက်လက် တောင်းဆိုပါသည်။” လို့ JFMက ထပ်မံတောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြဝတီမြို့တောင်ဘက်ဖလူးကြီးကျေးရွာအနီးမှာဒီနေ့ ခရစ္စမတ်နေ့ (ဒီဇင်ဘာ ၂၅)ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တို့အကြားတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ ပစ်ကူပေးနေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

TikTokရဲ့ အမေရိကန် လုပ်ငန်းခွဲ ရှယ်ယာတွေကို လက်လွှဲရောင်းချဖို့ မိခင်ကုမ္ပဏီ ByteDanceက သဘောတူ လက်မှတ် ရေးထိုးလိုက်ပါတယ်။

ဆောင်းပါး

"ဟန်ပြ ဇာတ်ကားရိုက်​နေတာ မပြီးကြ​သေးဘူး"စစ်တပ် နဲ့ ကရင်နယ်ခြား​စောင့်တပ်(BGF)တို့က မြဝတီမြို့အနီးဝန်းကျင်မှာ ကျားဖြန့်တိုက်ဖျက်​ရေးလုပ်​နေတယ်ဆိုပြီး တိုက်​တွေဖြိုလိုက်၊ကွန်ပျူတာနဲ့ ဖုန်း​တွေကိုလမ်းကြိတ်စက်နဲ့ ကြိတ်လိုက် ၊မီး​တွေရှို့လိုက်လုပ်​နေတဲ့အ​ပေါ် ​​ဒေသခံတဦးက​ပြောလိုက်ပါတယ်။

သတင်း

မြ၀တီမြို့တစ်မြို့လုံးကို စစ်ကောင်စီတပ်က ပြန်ထိန်းချုပ်ထားနိုင်ပြီးနောက် မြို့ပေါ်ရပ်ကွက်တွေအတွင်း လူငယ်တွေကို ပစ်မှတ်ထားကာ ပေါ်တာဆွဲဖမ်းဆီးမှုတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။