Connect with us

Hi, what are you looking for?

သတင်း

DKBA တပ်ဖွဲ့ စစ်ဦးစီးချုပ်အပြောင်းအလဲပြုလုပ်

ကျားဖြန့်ကြောင့် အမေရိကန် အစိုးရ ရဲ့ ပိတ်ဆို့အရေးယူမှုခံရပြီးနောက် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)က ထပ်ပိုင်းခေါင်းဆောင်အပြောင်းအလဲ ပြုလုပ်လာပါတယ်။

စစ်ဦးစီးချုပ်ဖြစ်လာသူ ဗိုလ်ချုပ်ကြီးစောရွှေဝ ဓာတ်ပုံ - DKBA

ဒီဇင်ဘာ – ၂၆ ၊၂၀၂၅၊ နိုင်ပကောင်း/People’s Spring

ကျားဖြန့်ကြောင့် အမေရိကန် အစိုးရ ရဲ့ ပိတ်ဆို့အရေးယူမှုခံရပြီးနောက် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)က ထပ်ပိုင်းခေါင်းဆောင်အပြောင်းအလဲ ပြုလုပ်လာပါတယ်။

ပိတ်ဆို့အရေးယူခံရပြီးတစ်လကျော်အကြာမှာ စစ်ဦးစီးချုပ်အပြောင်း အလဲပြုလုပ်တာကို DKBA က ဒီဇင်ဘာလ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောစတီးကို DKBA ဗဟိုအကြံပေးအဖွဲ့ ဦးဆောင် နာယကကြီးအဖြစ် တာဝန်ပေးခန့်အပ်လိုက်ပြီး စစ်ဦးစီးချုပ်သစ်အဖြစ် ဒုစစ်ဦးစီးချုပ်ဖြစ်သူ ဒုဗိုလ်ချုပ်ကြီးစောရွှေဝကို ဗိုလ်ချုပ်ကြီးအဆင့်နဲ့ တာဝန်ပေးခန့်အပ်လိုက်တယ်လို့ DKBA က ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ဦးစီးချုပ်သစ်အဖြစ်လာသူ ဗိုလ်ချုပ်ကြီးစောရွှေဝဟာ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုမှာ မပါဝင်ပါဘူး။

ဗိုလ်ချုပ်ကြီးစောစတီး ကတော့ အသက် ၆၅ နှစ်ပြည့်သွားတဲ့အတွက် တပ်ဖွဲ့ စည်းမျည်းအတိုင်း အနားယူသွားတာလို့ သိရပါတယ်။

အမေရိကန် နိုင်ငံသားတွေကို ပစ်မှတ်ထားငွေလိမ်တဲ့ ကျားဖြန့်လို့ လူသိများတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ပတ်သက်ဆက်စပ်လို့ဆိုပြီး DKBA ထိပ်ပိုင်းခေါင်းဆောင် လေးဦးဖြစ်တဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောစတီး၊ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်၊ အမှတ်(၁)စစ်ကွပ်ရေးမှုး ဗိုလ်မှူးချုပ်စိုင်းကျော်လှ၊ စစ်ရေးချုပ် ဗိုလ်မှုးချုပ်စောစိန်ဝင်းတို့ ကိုအမေရိကန်အစိုးရက ပိတ်ဆို့အရေးယူထားတာပါ။

တပ်ဖွဲ့ရဲ့ ထိပ်ပေါင်းခေါင်းဆောင်အပြောင်းအလဲမှာ အမှတ်(၂)စစ်ကွပ်ကဲရေးမှုးဗိုလ်မှုးချုပ်စောဘငြိမ်းအောင်ကို ဒုတိယဗိုလ်ချုပ်ကြီးအဆင့်နဲ့ ဒုတိယစစ်ဦးစီးချုပ်၊ အမှတ်(၁)စစ်ကွပ်ကဲရေးမှုး ဗိုလ်မှုးချုပ်စိုင်းကျော်လှက ဗိုလ်ချုပ်အဆင့်နဲ့ ဗဟိုစီးပွားရေးကော်မတီ ဥက္ကဋ္ဌဖြစ်လာပါတယ်။

ဗိုလ်ချုပ်အဆင့်နဲ့ ရာထူးတိုးသွားပြီး အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုစာရင်းမှာပါဝင်တဲ့ စိုင်းကျော်လှဟာ ကျားဖြန့်နဲ့ ပတ်သက်လို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ထိုင်း-မြန်မာနယ်စပ်နား ကျောက်ခက်ဒေသကို ထိန်းချုပ်ထားတဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးပါ။

ဒါအပြင် ထိုင်း-မြန်မာနယ်စပ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ကို ထိန်းချုပ်ထားတဲ့ DKBA ရဲ့ အမှတ်(၂)စစ်ကွပ်ကဲရေးနည်းဗျူဟာမှုး ဗိုလ်မှုးကြီးစောအေဝမ်းကို ဗိုလ်မှူးချုပ်အဆင့်နဲ့ အမှတ်(၂)စစ်ကွပ်ကဲရေးမှုး တာဝန်ပေးခန့်အပ်လိုက်ပါတယ်။

ဘုရားသုံးဆူမြို့ဟာလည်း ကျားဖြန့် ကြောင့် နာမည်ဆိုးထွက်နေပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) ကို ဦးသိန်းစိန်အစိုးရ လက်ထက်မှာ DKBA ဟာ လက်မှတ်ရေးထိုးထားတာဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီနဲ့လည်းနေပြည်တော်မှာ တွေ့ဆုံဆွေးနွေးမှုတွေရှိခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း ထောက်ခံကူညီမယ်လို့ DKBA က ကြေညာချက်ထုတ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်က အာရှလမ်းပိုင်းတိုက်ပွဲနဲ့ ကော့ကရိတ်မြို့တိုက်ပွဲတွေမှာ ဦးဆောင်ကွပ်ကဲခဲ့ပြီး တောင်ပိုင်းတိုင်းအမှတ်(၃၁)ဗျူဟာမှူးအဖြစ် တာဝန်ယူခဲ့သူ ဗိုလ်မှူးချုပ် စောကျော်သက်ဟာ အင်အား ၃၅၀ခန့်နဲ့အတူ စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)နဲ့ ပြန်ပူးပေါင်းသွားပါတယ်။

သတင်း

ဥရောပ သမဂ္ဂ (EU)က ဒီမိုကရေစီအကျိုးပြုကရင်တပ်မ​တော်(DKBA) နဲ့ ​ခေါင်း​ဆောင်ငါးဦး အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းက အဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၇ ဦးတို့ကို အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ ဆက်စပ်တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်ပိတ်ဆို့အရေးယူလိုက်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။