Connect with us

Hi, what are you looking for?

သတင်း

အမြဲတမ်းအတွင်းဝန်ဒေါ်ကြည်ပြာအမှု စုံစမ်းရေးအဖွဲ့ နေ့စဉ်စစ်ဆေး၊ မကြာမီ အစီရင်ခံစာထွက်မယ်ဟုဆို

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူ တို့ကို တိုင်ကြားထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာ မကြာမီထွက်ပေါ်လာမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားပါတယ်။

NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ။ ဓာတ်ပုံ - Screengrab

ဒီဇင်ဘာ-၂၉၊ ၂၀၂၅။ ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူ တို့ကို တိုင်ကြားထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာ မကြာမီထွက်ပေါ်လာမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားပါတယ်။

ဒီကနေ့ NUG သတင်းပြန်ကြားရေးဌာန PVTVက ဒေါက်တာဇော်ဝေစိုးနဲ့ တွေ့ဆုံမေးမြန်းခန်းဖော်ပြရာ ဝန်ကြီးချုပ်ရုံး အတွင်းဝန်ကိုတိုင်ထားတဲ့ ကိစ္စနဲ့ စုံစမ်းစစ်ဆေးမှု အခြေအနေတွေကို ဝန်ကြီးက ရှင်းပြခဲ့တာပါ။ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူ ကိုညီညီမင်းတို့ဟာ မလျော်ကန်တဲ့အပြုအမူတွေပြုလုပ်ခဲ့တယ်ဆိုပြီး ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ထမ်းဟောင်းတွေက တိုင်ကြားတာနဲ့ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးချုပ်က စုံစမ်းရေးအဖွဲ့ကို နိုဝင်ဘာ ၂၅ရက်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

“စုံစမ်းရေးစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီးကတည်းက ညစဉ် ၈နာရီမှ ၁၀နာရီအထိ သီးခြားအချိန်ပေးပြီး ဒီကိစ္စကို အမှန်တရား ပေါ်ပေါက်စေရေးအတွက်စုံစမ်းစစ်ဆေးလျက်ရှိပါတယ်”လို့ ဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုင်ကြားသူ ၁၂ဦး၊ အတိုင်ခံရ သူ ၂ဦး၊ ကြားသက်သေ ၉ဦးကို အနည်းဆုံး ၁နာရီပေးပြီး နေ့စဉ်စစ်ဆေး ကြားနာလျက်ရှိတဲ့အပြင် ပစ္စည်းသက်သေ၊လူသက်သေများကိုလည်း စိစစ်စစ်ဆေးလျက်ရှိကြောင်း ရှင်းပြပါတယ်။

ဒါ့အပြင် စာရင်းဇယားများနဲ့ပတ်သက်ပြီး အသေအချာ စိစစ်စစ်ဆေးလျက်ရှိကြောင်း အသိပေးပါတယ်။ အလှူရှင်အဖွဲ့တွေနဲ့ပတ်သက်နေတာဖြစ်လို့ အဲဒီ အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ စာရင်းဇယားများ ရရှိနိုင်ရေး စစ်ဆေးနိုင်ရေးဆောင်ရွက်နေတာကြောင့် အချိန်တခု ယူရတာဖြစ်တယ်လို့ ရှင်းပြပါတယ်။

“ဒါပေမဲ့ မကြာမီမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာထွက်လာတော့မှာ ဖြစ်ပါတယ်”လို့လည်း ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တော်လှန်ရေးသစ္စာ၊ တော်လှန်ရေးကတိနဲ့အညီ အမှန်တရားဖော်ထုတ်နိုင်ရေး ဓမ္မ အမှန်တရားကိုရရှိရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးက ပြည်သူကို အသိပေးပါတယ်။

ဒါ့အပြင် တော်လှန်ရေးမှာ အသက်ပေးနေတဲ့ ရဲဘော်တွေ ၊ ဘ၀ပေးနေတဲ့ CDM အတွက် အဂတိ လိုက်စားမှုကို လုံး၀ ခွင့်လွှတ်မှာ မဟုတ်ဘဲ အဂတိ တိုက်ဖျက်ရေး လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးက တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားပါတယ်။

“အဂတိလိုက်၊ ကိုယ်ကျိုးရှာမှု တော်လှန်ရေးအပေါ်မှာ အမြတ်ထုတ်ရင် လုံး၀ ခွင့်လွှတ်မှာ မဟုတ်ပါဘူး”လို့ ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အဂတိ တိုက်ဖျက်ရေး လုပ်ဆောင်မယ့်အပေါ် အလေးထား ပြောကြားပါတယ်။

ဆက်စပ်သတင်းများ

News

အောက်တိုဘာ ၂၆ ကနေ ၂၈ အထိ သုံးရက်ကြာပြုလုပ်မယ့် အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်း အဝေးတွေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်နဲ့ ရုရှားက ခေါင်းဆောင်တွေလည်း တက်ရောက်ကြမယ်လို့ ဆိုပါတယ်။