Connect with us

Hi, what are you looking for?

News

မင်းအောင်လှိုင်တက်ခွင့်မရတဲ့ အာဆီယံထိပ်သီး ညီလာခံမှာ စစ်ကောင်စီလက်အောက်ခံအမြဲတမ်းအတွင်းဝန်ကို ဖိတ်ကြားထားတယ်လို့ဆို

အောက်တိုဘာ ၂၆ ကနေ ၂၈ အထိ သုံးရက်ကြာပြုလုပ်မယ့် အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်း အဝေးတွေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်နဲ့ ရုရှားက ခေါင်းဆောင်တွေလည်း တက်ရောက်ကြမယ်လို့ ဆိုပါတယ်။

မနက်ဖြန်(အောက်တိုဘာ၂၆)စတင်မယ့် အာဆီယံထိပ်သီးညီလာခံမှာ မြန်မာအာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ကို တက်ရောက်ခွင့်ပြုမှာမဟုတ်ဘဲ စစ်ကောင်စီလက်အောက်ခံနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန်ဦးချမ်းအေးကို ဖိတ်ကြားထားတယ်လို့ APသတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

အွန်လိုင်းကကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံကို နိုင်ငံရေးနဲ့မပတ်သက်တဲ့ကိုယ်စားလှယ် (non-political representative)ကိုသာ ဖိတ်ကြားသွားမယ်လို့ အာဆီယံကဆုံးဖြတ်ခဲ့ပြီး အဲဒီ ကိုယ်စားလှယ်ဟာ ဦးချမ်းအေးဖြစ်ကြောင်းနဲ့ တက်ရောက်ဖြစ်၊ မဖြစ်ကိုမရှင်းသေးကြောင်း APသတင်းဌာက ရေးသားပါတယ်။

အောက်တိုဘာ ၂၆ ကနေ ၂၈ အထိ သုံးရက်ကြာပြုလုပ်မယ့် အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်း အဝေးတွေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်နဲ့ ရုရှားက ခေါင်းဆောင်တွေလည်း တက်ရောက်ကြမယ်လို့ ဆိုပါတယ်။

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပေးတဲ့အပေါ် အပြင်းအထန်ကန့်ကွက်ထားပါတယ်။

Public Service Announcement

Public Service Announcement

တစ်ဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က အာဆီယံရဲ့ Non-political representative ဖိတ်ကြားမယ့်အပေါ် ထောက်ခံကြိုဆိုထားပြီး စစ်ကောင်စီနဲ့ပတ်သက်တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကို မဖိတ်ကြားဖို့ တောင်းဆိုတိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အဟာရပြည့်​အောင်​ကြွေးရမယ့်ညွန်ကြားပြီးဘက်ဂျက်​မ​ပေးလို့ အသားကျွေးဖို့ ကျောင်းသားမိဘတွေဆီကပိုက်ဆံကောက်

အတွေးအမြင်

ဝမ်းသာစရာ သတင်းကောင်းပါ။ မြန်မာနိုင်ငံမှာ အနည်းဆုံးတော့ အရာအားလုံး မပြိုလဲသေးပါဘူး။ တည်ငြိမ်ခိုင်မြဲတာ တစ်ခုတော့ရှိနေပါပြီ။

ဆောင်းပါး

တကယ်တော့ ဒီစာက အိမ်နီးချင်းကောင်းပီပီ ထိုင်းနိုင်ငံကို ကြိုတင်သတိပေးနိုင်ဖို့ အထူးပြုရေးတဲ့စာပါ။လက်မ တင်လေးဖြစ်ဖြစ်၊ လက်တစ်လုံးအလိုဖြစ်ဖြစ် ကြိုပြီးအသိပေးနိုင်၊ သတိပေးနိုင်ရင် ဆုံးရှုံးနစ်နာမှုဘေးကနေ ရှောင်လွှဲနိုင်မယ် မဟုတ်လား။

သတင်း

အာဏာသိမ်း စစ်တပ်ကို ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့်ကနေ ဆက်လက် တားဆီး ပိတ်ပင်ထားမယ့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဆုံးဖြတ်ချက်ကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် အမတ်များ အစုအဖွဲ့ (APHR)က ကြိုဆိုလိုက်ပါတယ်။