Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်းအောင်လှိုင်တက်ခွင့်မရတဲ့ အာဆီယံထိပ်သီး ညီလာခံမှာ စစ်ကောင်စီလက်အောက်ခံအမြဲတမ်းအတွင်းဝန်ကို ဖိတ်ကြားထားတယ်လို့ဆို

အောက်တိုဘာ ၂၆ ကနေ ၂၈ အထိ သုံးရက်ကြာပြုလုပ်မယ့် အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်း အဝေးတွေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်နဲ့ ရုရှားက ခေါင်းဆောင်တွေလည်း တက်ရောက်ကြမယ်လို့ ဆိုပါတယ်။

မနက်ဖြန်(အောက်တိုဘာ၂၆)စတင်မယ့် အာဆီယံထိပ်သီးညီလာခံမှာ မြန်မာအာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ကို တက်ရောက်ခွင့်ပြုမှာမဟုတ်ဘဲ စစ်ကောင်စီလက်အောက်ခံနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန်ဦးချမ်းအေးကို ဖိတ်ကြားထားတယ်လို့ APသတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

အွန်လိုင်းကကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံကို နိုင်ငံရေးနဲ့မပတ်သက်တဲ့ကိုယ်စားလှယ် (non-political representative)ကိုသာ ဖိတ်ကြားသွားမယ်လို့ အာဆီယံကဆုံးဖြတ်ခဲ့ပြီး အဲဒီ ကိုယ်စားလှယ်ဟာ ဦးချမ်းအေးဖြစ်ကြောင်းနဲ့ တက်ရောက်ဖြစ်၊ မဖြစ်ကိုမရှင်းသေးကြောင်း APသတင်းဌာက ရေးသားပါတယ်။

အောက်တိုဘာ ၂၆ ကနေ ၂၈ အထိ သုံးရက်ကြာပြုလုပ်မယ့် အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်း အဝေးတွေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်နဲ့ ရုရှားက ခေါင်းဆောင်တွေလည်း တက်ရောက်ကြမယ်လို့ ဆိုပါတယ်။

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပေးတဲ့အပေါ် အပြင်းအထန်ကန့်ကွက်ထားပါတယ်။

Public Service Announcement

Public Service Announcement

တစ်ဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က အာဆီယံရဲ့ Non-political representative ဖိတ်ကြားမယ့်အပေါ် ထောက်ခံကြိုဆိုထားပြီး စစ်ကောင်စီနဲ့ပတ်သက်တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကို မဖိတ်ကြားဖို့ တောင်းဆိုတိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။