Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနားမှာ ခရစ္စမတ်ညက အမျိုးသမီးတစ်ဦးကို လူတစ်စုက အုပ်စုဖွဲ့အဓမ္မပြုကျင့်ပြီး အမှိုက်ပုံမှာ စွန့်ပစ်၊ လူငယ်တစ်ဦးနဲ့ ကားပြန်ပေးဆွဲထား

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ လူတစ်စုက ဆိုင်ကယ်စီးအမျိုးသမီးသုံးဦးကို ဖမ်းဆီးရိုက်နှက်ပြီး တစ်ဦးကို အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တဲ့ဖြစ်စဉ် ပြီးခဲ့တဲ့ ခရစ္စမတ်ညက ဖြစ်ပွားခဲ့ပါတယ်။

ပျောက်ဆုံးနေတဲ့ လူငယ်နဲ့အတူ ပြန်ပေးဆွဲခံရပြီး ပျောက်ဆုံးနေတဲ့ကား။ ဓာတ်ပုံ - CJ

ဒီဇင်ဘာ-၂၉။၂၀၂၅။အိမ်သွင်/People’s Spring

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ လူတစ်စုက ဆိုင်ကယ်စီးအမျိုးသမီးသုံးဦးကို ဖမ်းဆီးရိုက်နှက်ပြီး တစ်ဦးကို အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တဲ့ဖြစ်စဉ် ပြီးခဲ့တဲ့ ခရစ္စမတ်ညက ဖြစ်ပွားခဲ့ပါတယ်။

အသက် (၄၀)ခန့်အရွယ်အမျိုးသမီးနှစ်ဦးနဲ့ အသက်(၂၁)နှစ်အရွယ်အမျိုးသမီးတစ်ဦးဟာ ဒီဇင်ဘာ ၂၅ရက် ည ၈နာရီခန့်မှာ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ကအပြန် အမျိုးသား ၆ဦးက တားဆီးရိုက်နှက်ပြီး တစ်ဦးကို အဓမ္မပြုကျင့်သွားတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

” သတင်းကြားရတာအရမ်းကြောက်ဖို့ကောင်းတယ်။ စီတာပူရပ်ကွက်ဆိုတာမြို့ပေါ်ရပ်ကွက်ဖြစ်ပါတယ်။ စစ်တပ်ကလည်း ရွေးကောက်ပွဲရှိလို့ဆိုပြီး လုံခြုံရေးတွေလှည့်နေတဲ့အချိန်မှာဖြစ်တာ။ အခုဖြစ်တာကြီးက ကြောက်စရာကောင်းတယ်”လို့ မြစ်ကြီးနားမြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

အမျိုးသမီးသုံးဦးကိုတားဆီး ရိုက်နှက်ခဲ့တဲ့ အမျိုးသားခြောက်ဦးက နှာခေါင်းစီးတွေတပ်ထားပြီး တစ်ဦးကသေနတ်ကိုင်ထားတယ်လို့ အဲဒီ ဖြစ်စဉ် တွေ့ရှိသူတစ်ဦးက ပြောပါတယ်။

စတင်ဖမ်းဆီးထားစဉ် လမ်းပေါ်ဖြတ်သွားတဲ့အိမ်စီးကားတစ်စီးကို သေနတ်ပစ်ခတ်တားဆီးလိုက်ပြီး အသက်၂၁နှစ်အရွယ်အမျိုးသမီးကို အဲ့ဒီကားပေါ် တင်ခေါ်သွားပြီး အဓမ္မပြုကျင့်သွားတာလို့ ဆိုပါတယ်။

” အဒေါ်နှစ်ယောက်ကို ရွှေထည်တွေယူပြီး လမ်းဘေးမှာ ထားခဲ့တယ်။ မိန်းကလေးကိုကျတော့ ကားပေါ်တင်ခေါ်ပြီး အုပ်စုလိုက်ပြုကျင့်တာ။ ပြီးတော့ တပ်ကုန်းရပ်ကွက်က အမိုက်ပုံဘေးမှာ ပစ်ထားခဲ့ကြတာ”လို့ မြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

အဓမ္မပြုကျင့်ခံရတဲ့အမျိုးသမီးဟာ ထိန့်လန့်ကြောက်ရွံ့နေလို့ အမျိုးသမီးအရေးဆောင်ရွက်သူတွေအကူအညီနဲ့ ‌ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေရပါတယ်။

လက်ရှိမှာ ဖမ်းဆီးခံလိုက်ရတဲ့ ကားရော ကားပေါ်ပါ အမျိုးသားပါ ပျောက်ဆုံးနေပါတယ်။

မောင်းနှင်လာတဲ့ကားပေါ်မှာ အသက်၂၀ကျော်အရွယ်လူငယ်တစ်ဦးသာလိုက်ပါလာပြီး ကားရောလူပါ ပျောက်ဆုံးနေပါတယ်။။

” ကောင်လေးရဲ့မိဘတွေဆီကို ငွေသိန်းထောင်ချီတောင်းပြီးပြန်ပေးဆွဲနေတယ်လို့ကြားတယ်။ အရင်က လုယက်မှုပဲဖြစ်တာ။ အခုကကျတော့ ဖမ်းပြီး အုပ်စုဖွဲ့မုဒိမ်းကျင့်တာတွေ၊ ပြန်ပေးဆွဲတာတွေပါဖြစ်လာတယ်။ဓားပြတိုက်တဲ့သူတွေက ပေါ်တင်ပဲ ကားတွေဆိုင်ကယ်တွေကိုတားတယ်။ ပေါ်တင်လုပ်တာ။ စစ်တပ်ကြောင့် မြို့က ပျက်စီးသွားပြီ”လို့ မြစ်ကြီးနားမြို့က အမျိုးသမီးတစ်ဦးကပြောပါတယ်။

စစ်ကောင်စီက သူတို့ပြုလုပ်တဲ့ရွေးကောက်ပွဲအကြောင်းပြပြီး မြစ်ကြီးနား မြို့ပေါ်မှာလုံခြုံရေးတိုးမြှင့်ထားတာပါ။ မြစ်ကြီးနားမြို့ပေါ် လုယက်မှုနဲ့ခိုးမှုတွေလည်းမကြာခဏဖြစ်နေသလို လူသတ်ပြီး ရုပ်အလောင်းကို အမှိုက်ပုံမှာစွန့်ပစ်ခဲ့တဲ့ဖြစ်စဉ်လည်း ပြီးခဲ့တဲ့ စက်တင်ဘာကဖြစ်ပွားခဲ့ပါတယ်။

မြေကြီးနားမြို့ဟာ ကချင်ပြည်နယ်ရဲ့မြို့တော်ဖြစ်ပါတယ်။ မနေ့ကပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲမှာ စစ်ကောင်စီက မြစ်ကြီးနားမြို့မှာ မဲရုံ၁၀၀ ကျော် ဖွင့်လှစ်ခဲ့ပါတယ်။ ဒေသခံတချို့သာမဲသွားပေးပြီး အများစုကမဲမပေးခဲ့ဘူးလို့ သိရပါတယ်။ ဒီဇင်ဘာလ၂၅ရက်နေ့ကဖြစ်ပွားခဲ့တဲ့ အမျိုးသမီးတစ်ဦးအုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရမှုအပါအဝင် ဒေသတွင်း တရားဥပဒေစိုးမိုးမှုမရှိတဲ့အခြေအနေတွေကို ရွေးကောက်ပွဲဝင်အမတ်တွေက ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ

သတင်း

ကချင်နဲ့ရခိုင်ပြည်နယ်ကို ကြည်းရေလေစစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်​ပေမယ့် ဧရာဝတီမြစ်​ကြောင်းတိုက်ပွဲမှာစစ်ရှုံးခဲ့ပြီး​နောက်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီးကိုကိုဦး ကိုပြည်ထဲရေးဝန်ကြီးအဖြစ် အရပ်ဖက်ရာထူးပူးတွဲခန့်အပ်လိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စင်းခန်းတံတား(ကားလမ်း၊ ရထားလမ်းပါ ဧရာ၀တီမြစ်ကူးတံတား)ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီ ဝါဒဖြန့်နေပေမဲ့ အခြေအနေဟာ ပြောင်းပြန် အနေအထားဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဆက်လက်စိုးမိုးထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကသာမြို့ကနေ ကချင်ပြည်နယ်ဘက်ကို ထွက်ခွာသွားတဲ့ စစ်သင်္ဘောတွေဟာ ဧရာ၀တီမြစ်ဘေးက ကျေးရွာတွေကို လက်နက်ကြီး ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။