Connect with us

Hi, what are you looking for?

သတင်း

ပဲခူးတိုက်ပွဲ စစ်တပ်အရာရှိအချို့အပါအဝင် ခြောက်ဦး သေဆုံး၊ စစ်သုံ့ပန်း ငါးဦးဖမ်းမိပြီး လက်နက်တွေလည်းသိမ်းရ

ပဲခူးမြို့နယ်က ဒီဇင်ဘာ ၂၈ရက်တိုက်ပွဲအတွင်းမှာ စစ်ကောက်စီတပ်က ဗိုလ်ကြီးတစ်ဦးနဲ့ အရာခံဗိုလ်တစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးပြီး အရှင် ငါးဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိထားတယ်လို့ အမှတ်(၂) စစ်ဆင်ရေးနယ်မြေက သတင်းထုတ်ပြန်ပါတယ်။

ပဲခူးမြို့နယ်တိုက်ပွဲအတွင်း ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေနဲ့ သိမ်းရတဲ့ လက်နက်တွေ။ ဓာတ်ပုံ - အမှတ်(၂) စစ်ဆင်ရေးနယ်မြေ

ဇန်နဝါရီ ၁၊၂၀၂၆။အိမ်သွင်/People’s Spring

ပဲခူးမြို့နယ်က ဒီဇင်ဘာ ၂၈ရက်တိုက်ပွဲအတွင်းမှာ စစ်ကောက်စီတပ်က ဗိုလ်ကြီးတစ်ဦးနဲ့ အရာခံဗိုလ်တစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးပြီး အရှင် ငါးဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိထားတယ်လို့ အမှတ်(၂) စစ်ဆင်ရေးနယ်မြေက သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေအတွင်း ဝင်လာလို့ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) ကွပ်ကဲမှုအောက်က အမှတ်(၃၇၀၁) တပ်ရင်း၊ တပ်ခွဲ(၃) ကတိုက်ခိုက်ခဲ့တာပါ။

” စစ်ကြောင်းက ၅ဝ ထက်မနည်းဘူး။ ပြန်ဆုတ်ပြေးတယ်။ ဒဏ်ရာရတွေပါ ဆွဲထုတ်ပြေးတာ။ မိထားတဲ့သူတွေကလည်း ဒဏ်ရာတွေနဲ့”လို့ စစ်ဆင်ရေးအခြေအနေကို သိတဲ့ သတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

နှစ်ဘက်ထိတွေ့တိုက်ပွဲ မိနစ်(၄၀)ခန့် ကြာမြင့်ခဲ့ပြီး စစ်တပ်မှ ဗိုလ်ကြီး(၁)ဦး၊ အရာခံဗိုလ်(၁)ဦး၊ ဆေးဗိုလ်(၁)ဦးနဲ့ အခြားတပ်သားအဆင့် (၃)ဦးသေဆုံးပြီး ကျန်တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာတွေနဲ့ ကစဉ့်ကလျားဆုတ်ခွာ ထွက်ပြေးသွားတယ်လို့ ဖော်ပြပါတယ်။

တိုက်ပွဲအတွင်းမှာ သေနတ် ၁၂လက်နဲ့ အခြားစစ်သုံးပစ္စည်းတွေလည်း သိမ်းဆည်းရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

၂၀၂၅ နှစ်ကုန်ပိုင်းကစပြီး စစ်ကိုင်း၊ မကွေးနဲ့ နေပြည်တော်အပြင် ပဲခူးတိုင်းမှာလည်း တော်လှန်ရေးတပ်တွေက စစ်ရေးအရှိန်မြှင့်နေပြီး မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေပါတယ်။

ပဲခူးတိုင်းအတွင်းမှာ စစ်ရေးဖော်ဆောင်ပြီး နယ်မြေစိုးမိုးရေးဆောင်ရွက်နေတဲ့ အထူးတိုင်းစစ်ဌာနမှာလည်း နောက်ထပ် တပ်ရင်း ၁ရင်း၊ ဒရုန်းတပ်ဖွဲ့ ၁ဖွဲ့ကို ယခုရက်ပိုင်းမှာ ထပ်မံဖွဲ့စည်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် နဲ့ MNDAAတို့ လားရှိုးမြို့မှာ ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို စစ်သုံ့ပန်း ၁၀၀ ခန့်ကိုလည်း MNDAAက ပြန်လွှဲပေးလိုက်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းကသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း ရုပ်သံမှတ်တမ်းဖော်ပြပြီး အလင်းဝင်သူနဲ့ စစ်သုံ့ပန်းကို ခွဲခြားထားရှိတာဖြစ်လို့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်မလား စစ်သုံ့ပန်းအဖြစ်ခံမလား စဉ်းစားစေလိုတယ်လို့ သတိပေးခဲ့ပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်အစပ် မိုးဗြဲမြို့အနီးမှာ ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း လက်နက်ခဲယမ်းတချို့နဲ့ စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ပြပြောက်ကျားတပ် Urban Task Force Aung Ban - UTF က ဒီကနေ့ဇွန်လ ၂၉ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိပြီး ကလေး-တမူးလမ်းပိုင်းမှာပါဝင်တဲ့ ဝိတုပ်ကျေးရွာတိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်ကတပ်ရင်းမှူးအပါအဝင်သေဆုံးသူ ၂၀ ထက်မနည်းရှိခဲ့ပြီးစစ်သုံ့ပန်းအချို့ကိုလည်းတော်လှန်ရေးတပ်တွေကဖမ်းမိထားတယ်လို့စုံစမ်းသိရပါတယ်။