Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမှာ စစ်တပ်ဂိတ်အနီး ဖြတ်သွားတဲ့ ပြည်သူတစ်ဦး မိုင်းနင်းမိပြီး သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာက အသက်(၆၀)ကျော်အရွယ် အမျိုးသားတစ်ဦးဟာ ရွှေဘိုမြို့အဝင် မင်းကုန်းကျေးရွာမှာရှိတဲ့ စစ်တပ် စစ်ဆေးရေးဂိတ်အနီးကဖြတ်သွားချိန် မိုင်းနင်းမိပြီး သေဆုံးသွားခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

(စစ်ကောင်စီအဖွဲ့ စစ်ဆေးလေ့ရှိရာ ရွှေဘိုမြို့အဝင်မုခ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ဇန်နဝါရီ-၁၈၊၂၀၂၆။ကလင်ကာ/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာက အသက်(၆၀)ကျော်အရွယ် အမျိုးသားတစ်ဦးဟာ ရွှေဘိုမြို့အဝင် မင်းကုန်းကျေးရွာမှာရှိတဲ့ စစ်တပ် စစ်ဆေးရေးဂိတ်အနီးကဖြတ်သွားချိန် မိုင်းနင်းမိပြီး သေဆုံးသွားခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

ဇန်နဝါရီ ၁၇ ရက်ညနေ ၆ နာရီကျော်မှာ ရွှေဘိုမြို့ကနေ ဆိပ်ခွန်ရွာပြန်လာစဥ် စစ်တပ်ဂိတ်အနီးက ဖြတ်သွားစဥ် မိုင်းနင်းမိကာ ဦးခေါင်းမိုင်းစထိမှန် သေဆုံးသွားတာလို့ သိရပါတယ်။

“ရွှေဘိုကနေ သူ့ရွာကိုပြန်တာ၊စစ်တပ်ဂိတ် အနောက်ဘက်၊မင်းကုန်းနဲ့အိုးဘိုကြား တံတားအနီးမှာ မိုင်းနင်းမိတာ၊ပေါက်ကွဲသံတော့ ကြားလိုက်တယ်၊မင်းကုန်းဂိတ်က လက်နက်ကြီးပစ်တာမှတ်နေတာ၊သွားလည်မကြည့်ရဲဘူး။ ၁နာရီလောက်ကြာ လူတယောက်မိုင်းနင်းမိတာကို သိတာ။ ဒဏ်ရာကပြင်းတော့ပွဲချင်းပြီးသေသွားတယ်”လို့ ရွှေဘိုဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၅ အတွင်းကလည် မင်းကုန်းရွာစစ်တပ်ဂိတ်အနီးရှိ မင်းကုန်းရွာနဲ့အိုးဘိုရွာကြားမှာ ညပိုင်းဖြတ်သွားသူအမျိုးသားတစ်ဦး မိုင်းနင်းမိလို့ သေဆုံးမှုဖြစ်ခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

၂၀၂၄ကလည် မင်းကုန်းရွာ စစ်တပ်အထိုင်စခန်းက လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ခရီးသွားပြည်သူ ၅ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဥ်တွေ ဖြစ်ပွားပြီးနောက် ရွှေဘို-မင်းကုန်း-ဆိပ်ခွန်သွားလမ်းပိုင်း အသုံးပြုသူခရီးသွားတွေဟာ ညပိုင်းအချိန်တွေ ဖြတ်သန်းသွားလာမှု မလုပ်ရဲတော့ဘူးလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော် ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဆားလင်းကြီးနဲ့ ဘုတလင်မြို့နယ်မှာ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။