Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ပဲခူးတိုင်းမှာ စစ်တပ်ရွေးကောက်ပွဲအပိုင်း(၃)ကို ကြိုလုပ် နေ

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ပဲခူးတိုင်း အရှေ့ခြမ်းက မြို့နယ်တွေမှာ စစ်ကောင်စီက ရွေးကောက်ပွဲကို သတ်မှတ်ထားတဲ့ရက်ထက် စောပြီးလုပ် နေသလို ကြိုတင်မဲ တွေ ဖိအား ပေးပြီး ပေးခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ-၂၂၊ ၂၀၂၆။ People’s Spring

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ပဲခူးတိုင်း အရှေ့ခြမ်းက မြို့နယ်တွေမှာ စစ်ကောင်စီက ရွေးကောက်ပွဲကို သတ်မှတ်ထားတဲ့ရက်ထက် စောပြီးလုပ် နေသလို ကြိုတင်မဲ တွေ ဖိအား ပေးပြီး ပေးခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်တံခါးမြို့နယ်မှာ စစ်တပ်က ရွေးကောက်ပွဲ အပိုင်း ၃ အတွက် သတ်မှတ်ရက်ထက်စောပြီး ဇန်နဝါရီ ၁၉ ရက်ကစပြီး မဲ ပေးခိုင်း နေတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ကြိုတင်မဲပေးခွင့်ရှိသူ မဟုတ်ဘဲ ပေးချင်တဲ့သူ ပေးလို့ရတဲ့ပုံစံမျိုး ပြုလုပ်နေတယ်လို့ အဲဒီ ဒေသခံက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ရွေးကောက်ပွဲ အပိုင်း ၃ကို လာမယ့် ဇန်နဝါရီ ၂၅ ရက်မှာ လုပ်မယ်လို့ ကြေညာထားတာဖြစ်ပါတယ်။

စစ်တပ်ရွေးကောက်ပွဲ အပိုင်း ၃ မှာတော့ ပဲခူးတိုင်း အရှေ့ခြမ်းက ဝေါ၊ ကျောက်တံခါး၊ ဖြူး ၊ အုတ်တွင်း ၊ ကျောက်ကြီးနဲ့ ပဲခူးတိုင်း အနောက်ခြမ်းက သဲကုန်း၊ ကြို့ပင်ကောက်၊ အုတ်ဖို မြို့နယ်တွေ ပါဝင်ပါတယ်။

ကြို့ပင်ကောက်မြို့နယ်မှာလည်း စစ် ကောင်စီဝန်ထမ်းတွေကို ကြိုတင်မဲပေးဖို့ ဖိအားပေး ခြိမ်းခြောက်နေတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့တာကြောင့် ကြို့ပင်ကောက်မှာ မဲရုံတွေ မဖွင့်ရဲတော့ဘဲ စစ်ကောင်စီ ဝန်ထမ်းတွေကို ကြိုတင်မဲပေးရမယ်ဆိုပြီး ဖိအားပေး ခြိမ်းခြောက်နေတယ်လို့ ကြို့ပင်ကောက်မြို့နယ်နေတဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ကြို့ပင်ကောက်နဲ့ ဇီးကုန်းကြား ရှမ်းကွင်းရွာ လမ်းဆုံက စစ်ကောင်စီဂိတ်ကို PDF တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ပွဲ တွေဖြစ် နေတာကြောင့် စစ်တပ်ရွေးကောက်ပွဲ မဲရုံတွေမှာ မဲရုံ စောင့်လုပ်ဆောင်ပေးသူ မရှိ တော့လို့ ပိုက်ဆံပေးစောင့်ခိုင်းသူ ရှာဖွေနေတယ်လို့လည်း ဒေသခံပြည်သူတွေက ဆိုပါတယ်။

ဖြူးမြို့နယ်မှာလည်း စစ်တပ်လက် အောက်ခံအုပ်ချုပ် ရေးမှူး တွေက ကျေးရွာတချို့က ပြည်သူ တွေကို ဇန်နဝါရီ ၁၇ရက်ကစပြီး ကြိုတင်မဲ ပေးဖို့ ဖိအား ပေး နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ကြိုတင်မဲ ပေးဖို့ ရွာအုပ်ချုပ် ရေးမှူးက ရွာသူရွာသား တွေကို တစ်အိမ်တက်၊ တစ်အိမ်ဆင်း လက်မှတ် တွေ လိုက် ထိုးခိုင်းပြီး ဖိအား ပေးတာလို့ ဒေသခံ တွေက ဆိုတာပါ။

အာဏာသိမ်းစစ်ကောင်စီဟာ ပဲခူးတိုင်းက မြို့နယ်တချို့မှာ ရွေးကောက်ပွဲကို ကြိုလုပ် နေသလို တဖက်မှာလည်း အဲဒီဒေသတွေမှာ တော်လှန် ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာတွေ ရှိပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲကအမြောက်တပ်(၃၄၄)နဲ့ ပဲခူးတိုင်းအုတ်ဖိုမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေယာဉ်တွေနဲ့ ဆက်တိုက် ဗုံးကြဲခုခံနေရပါတယ်။

သတင်း

အချိန်မရွေးတိုက်ပွဲတွေဖြစ်နိုင်လို့ စစ်တပ်အနီးမနေကြဖို့ (၂၂)ဗျူဟာမှူး သတိပေး