Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံနယ်မှာ စစ်ကြောင်းထိုးလို့ ကျေးရွာ ၁၁ ရွာက ပြည်သူတွေ အရေးပေါ် တိမ်းရှောင်

မန္တလေးတိုင်း ၊မြင်းခြံမြို့နယ် ၊ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာတွေကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုး မီးရှို့နေတာကြောင့် ကျေးရွာ ၁၁ ရွာကပြည်သူတစ်သောင်းနီးပါးအရေးပေါ်တိမ်းရှောင်နေရပါတယ်။

ဇန်နဝါရီ – ၂၂ ၊ ၂၀၂၆ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ၊မြင်းခြံမြို့နယ် ၊ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာတွေကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုး မီးရှို့နေတာကြောင့် ကျေးရွာ ၁၁ ရွာကပြည်သူတစ်သောင်းနီးပါးအရေးပေါ်တိမ်းရှောင်နေရပါတယ်။

ဇန်နဝါရီလ ၁၆ ရက်ကစတင်ပြီး ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ရွာတွေဆီ ရေကြောင်းကတဆင့် အင်အား ၅၀၀ ခန့်ပါတဲ့ စစ်ကြောင်း ရောက်လာတာပါ။

“ အရေးပေါ်ပြေးလာရတော့ ဘာမှလည်းမယူလာနိုင်ဘူး”လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောပါတယ်။ စစ်ရှောင်တွေ အတွက် စားနပ်ရိက္ခာ အဓိက လိုအပ်တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

မြင်းခြံမြို့နယ် ထဲက ဧရာဝတီမြစ်အရှေ့ဘကမ်းရှိ လေးဖျက်ခုံ ၊ ပြည်တော်သာ ၊ ဓားကျွန်း၊ တန်စောင်း၊ နတ်ညွန်း၊ အောင်ဆန်းကုန်း၊ နတ်ပေးကျွန်း၊ရဲကုန်း၊အောင်ပြည်စိုးနဲ့ ပတ္တာကျေးရွာတို့ကဒေသခံတွေ တိမ်းရှောင်နေရတာပါ။

အများစုက မြစ်တဖက်ကမ်း ရေစကြိုဘက်ဆီ တိမ်းရှောင်ကြရတယ်လို့ သိရပါတယ်။

နတ်ညွန်း၊ပတ္တာကျေးရွာတွေကို ဒီနေ့ (ဇန်နဝါရီလ ၂၂ ရက် )အထိ မီးတင်ရှို့နေပြီး ရွာလုံးကျွတ်နီးပါး နေအိမ်တွေမီးလောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပတ္တာ ကျေးရွာ(ရှေ့၊နောက် )က နေအိမ် ၁,၀၀၀ကျော် မီးရှို့ခံရတယ်လို့ကနဦးသိရပါတယ်၊။

လက်ရှိမှာတော့စစ်ကောင်စီတပ်စစ်ကြောင်းကနတ်ညွန်းနဲ့ ပတ္တာကျေးရွာတွေမှာ အထိုင်ချထားတယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ် ၊ ဧပြီလအတွင်း မြင်းခြံနယ်မှာကျေးရွာတစ်ရွာမီးရှို့ခံရပြီးနောက်တွေ့ရပုံ

ဓာတ်ပုံ – မြင်းခြံ ပကဖ

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။