Connect with us

Hi, what are you looking for?

သတင်း

စလင်းမှာ စစ်ရှောင်တွေနေတဲ့ ဘုရားကျောင်းဝင်း စစ်တပ် ဗုံးကြဲလို့ ကလေးငယ်အပါအဝင် ၂ဦးသေဆုံး၊ မိခင်အသက်အန္တရာယ် စိုးရိမ်ရ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ရှောင်တွေနေတဲ့ ဘုရားတန်ဆောင်းပေါ် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်လို့ (၁)နှစ်သားကလေးငယ် အပါအဝင် ၂ဦး သေဆုံးခဲ့ပြီး ကလေးမိခင် အသက်အန္တရာယ် စိုးရိမ်နေရပါတယ်။

ဇန်နဝါရီ-၂၃၊ ၂၀၂၆။ဇေအောင်/People’s Spring

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ရှောင်တွေနေတဲ့ ဘုရားတန်ဆောင်းပေါ် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်လို့ (၁)နှစ်သားကလေးငယ် အပါအဝင် ၂ဦး သေဆုံးခဲ့ပြီး ကလေးမိခင် အသက်အန္တရာယ် စိုးရိမ်နေရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်က စလင်းမြို့နယ်၊ မကျီးဖျားအုပ်စု၊ ကျောက်ခဲကုန်းရွာက စစ်ဘေးရှောင်တွေ လာရောက်နေထိုင်နေတဲ့ ဘုရားတန်ဆောင်းပေါ်ကို စစ်တပ်က ဒရုန်းနဲ့ ဗုံးလာကြဲလို့ အသက်(၇၀)အရွယ် အမျိုးသားတစ်ဦး နေရာတင်သေဆုံးပြီး မိခင်နဲ့ (၁)နှစ်အရွယ်ကလေး ငယ် ဒဏ်ရာရခဲ့ကြောင်း၊ နှစ်ရက်အကြာမှာတော့ ကလေးပါသေဆုံးခဲ့ကြောင်း ဒေသခံတွေနဲ့ စလင်း ပအဖက ပြောပါတယ်။

“ ကလေးကတော့၂၀ ရက်နေ့မှ ဆုံးပါတယ်မိခင်လဲ စိုးရိမ်ရတဲ့အခြေအနေပါ” လို့ စလင်းပကအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်ကလည်း ဝမ်းပြည့်ကျေးရွာကို ဒရုန်းနဲ့ဗုံးချလို့ ပြည်သူ ၄ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စလင်းမြို့နယ်ထဲက ကျေးရွာတွေကို ဒရုန်းတွေ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေပြီး ပြည်သူ ၃၀ထက်မနည်း ထိခိုက်ဒဏ်ရာများရှိကာ သေဆုံးသူတွေလည်း ရှိနေပါတယ်။ စလင်းမြို့နယ်မှာ ကျေးရွာပေါင်း ၁၅ရွာလောက်ဟာ စစ်ဘေးရှောင်နေရပြီး ပြီး စစ်ဘေးရှောင်ဦးရေဟာ ၅,၀၀၀ အထက်မှာရှိနေကြောင်း၊ စစ်ရှောင်တွေဟာစားနပ်ရိက္ခာတွေ ဆေးဝါးတွေနဲ့ အခြားသော လူသုံးကုန်ပစ္စည်းတွေလည်း လိုအပ်နေကြောင်း ပြည်သူ့ညီနောင်စလင်းအဖွဲ့ထံက သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သုံးရက်ဆက် ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ပြည်သူတစ်ဦးသေဆုံးကာ နေအိမ်နဲ့ အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ စလင်းမြို့နယ်၊ ခြေသေ့ဦးကျေးရွာမှာ ပျူစောထီးတွေဖွင့်လှစ်ထားတဲ့ လောင်းကစားဝိုင်းကို အခြားပျူစောထီးအဖွဲ့တစ်ခုက အချင်းချင်း ဝင်စီးနင်းရာ ပျူစောထီးတွေအပါအဝင် ၁၅ ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရကြောင်း အဲဒီဒေသကမြေပြင်ကင်းထောက်ဖြစ်တဲ့ ပြည်သူ့ညီနောင်-စလင်းအဖွဲ့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်တပ်ထောင်သွားတဲ့မိုင်းနင်းမိလို့ စစ်ရှောင်ပြည်သူတစ်ဦး ခြေထောက်ပြတ်သွားကြောင်း ပြည်သူ့ညီနောင် - စလင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စင်းခန်းဒေသက ရွှေလုပ်ကွက်နေရာတွေကို စစ်ကောင်စီက မတ်လ ၁၀ရက် ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရတယ်လို့ သိရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။