Connect with us

Hi, what are you looking for?

သတင်း

စလင်းမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတပ်ဖွဲ့ကို PDF က ဒရုန်းနဲ့ တိုက်ခိုက်

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဒရုန်းတပ်ဖွဲ့ကို ဒရုန်းနဲ့ တန်ပြန်တိုက်ခိုက်ရာ စစ်တပ် ထိခိုက်သေဆုံးမှုရှိတယ်လို့ မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။

အောက်တိုဘာ-၂၁ ၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဒရုန်းတပ်ဖွဲ့ကို ဒရုန်းနဲ့ တန်ပြန်တိုက်ခိုက်ရာ စစ်တပ် ထိခိုက်သေဆုံးမှုရှိတယ်လို့ မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။

မနေ့က(အောက်တိုဘာ ၂၀ ရက်) ညနေ ၆ နာရီ၀န်းကျင်က မြေနီကုန်းကျေးရွာအနီးမှာ စစ်တပ် အရာရှိအပါအ၀င် အင်အား ၂၅ ဦး၀န်းကျင် ပါ၀င်တဲ့ ဒရုန်းအဖွဲ့ နေထိုင်ရာနေရာကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“စစ်တပ် ဂိတ်စွဲထားတာ ၂လကျော်ပြီ။ ဒရုန်းအဖွဲ့ ရောက်တာက ၁၀ ရက်နီးပါးရှိပြီ။မနေ့က တိုက်ခိုက်မှုက ၅ဦးနီးပါး သေဆုံးတယ်ဆိုတာတော့သိရတယ်”လို့ အထက်ပါတာ၀န်ရှိသူက မြေနီကုန်းကျေးရွာအနီးစစ်တပ်ဂိတ်စခန်း တိုက်ခိုက်မှုအခြေအနေကို ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ဘက်က သေဆုံးထိခိုက်မှုနဲ့ ပတ်သက်လို့ လူထုနွေဦးက သီးခြားအတည်ပြုမရသေးပါဘူး။

စလင်း-စေတုတ္တရာ လမ်းပိုင်းပေါ်က စစ်တပ်ဂိတ်စခန်း တိုက်ခိုက်မှုကို မင်းဘူးခရိုင်စစ်ဌာနချုပ် ညွှန် ကြားချက်နဲ့ မင်းဘူးခရိုင် အမှတ် (၅)တပ်ရင်း၊ ရုန်းလက်ရုံးအဖွဲ့က ဆောင်ရွက်ခဲ့တာလို့ သူက အသိပေးပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ ၁၉ ရက်ကလည်း မင်းဘူးခရိုင် အမှတ် (၅)တပ်ရင်းက ချင်းတောင်ပိုင်းကို စစ်ကူမယ့် စစ်တပ်ယာဉ်တန်းတွေကို စလင်းနဲ့ ကံပြားလမ်းပိုင်းမှာ FPV ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကား ၁စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး ထိခိုက်သေဆုံးတဲ့စစ်ကောင်စီတပ်သားတချို့ရှိတယ်လို့ မင်းဘူးခရိုင် အမှတ် (၅)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

စလင်းမြို့နယ်က စလင်း၊တညောင်၊ဆင်ဖြူကျွန်း စတဲ့မြို့ပေါ်ဒေသနေရာ အများစုကိုသာ အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ထားနိုင်တာဖြစ်ပြီး ကျန်ဒေသတွေကို တော်လှန်ရေးအင်အားစုတွေက စိုးမိုးထားပါတယ်။

ဒါ့အပြင် အခု ၂၀၂၆နှစ်ဆန်းပိုင်က စလင်း၊ဆင်ဖြူကျွန်းမြို့ပေါ် နေရာတွေက စစ်တပ်တပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်စီးနင်းခဲ့ပါတယ်။

တော်လှန်ရေးတပ်တွေထိုးစစ်ဆင်ခဲ့ပြီးနောက် စစ်တပ်က တန်ပြန်စစ်ကြောင်းထိုးကာ စလင်းမြို့နယ်တွင်းင ကျေးရွာတွေကို မီးရှို့တာ စစ်ဘေး မရှောင်နိုင်တဲ့သက်ကြီးရွယ်အိုတွေအပါအ၀င် အရပ်သားပြည်သူ ခြောက်ဦးထက်မနည်းကို သတ်ဖြတ်ခဲ့တာ ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)နဲ့ အာဏာသိမ်းစစ်တပ်တို့ တွေ့ဆုံဆွေးနွေးမယ်ဆိုတာ မကြားမိကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊မြစ်ကမ်းကြီးကျေးရွာရဲ့ အနောက်ဘက်မြစ်အတွင်းကတံငါသည်တွေကို စစ်တပ်က ပစ်ခတ်လို့ တံငါသည် ၁ဦး သေနတ်ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တွေနဲ့ ငပြီကျွန်းတိုက်ပွဲမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တောမြို့နယ် လူနေကျေးရွာတွေနဲ့ မြို့ပေါ်တွေကို Y-12 လေယာဉ်နဲ့ ဗုံးပတ်ကြဲတာကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်ကနေ ထွက်လာတဲ့ စစ်တပ် စစ်ကြောင်းနဲ့ ‌‌ တော်လှန်ရေးပူး‌ပေါင်းတပ်တွေဟာ ဝန်းသိုနဲ့ထီးချိုင့်မြို့နယ်မှာ တိုက်ပွဲပြင်းထန်‌နေပြီး ဒီကနေ့(အောက်တိုဘာ၂၁ရက်)မနက်မှာ နေရာ ၂ခုကို စစ်တပ်က လေကြောင်းကနေဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။