Connect with us

Hi, what are you looking for?

သတင်း

စလင်းမြို့နယ်မှာ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

ဇူလိုင်-၂၇၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

စလင်းမြို့အနောက်ခြမ်း ပုသိမ်-မုံရွာ လမ်းဘေးက သစ်ခေါက်တောင် ကျေးရွာမှာတပ်စွဲထားတဲ့ စစ်တပ်နဲ့ တပ်ချိန်းမယ့် ကံပြားရဲစခန်းကလာတဲ့ စစ်ကားတစ်စီးကို အခုဇူလိုင် ၂၅ ရက်က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“သစ်ခေါက်တောင်မှာက ကာကင်းတွေ ထုတ်ထားတာ နှစ်ချီပြီ။အင်အားက ၃၀ ကျော်လောက်ရှိတယ်။ဒီဟာကို တစ်လတခါလောက် ကင်းချိန်းတယ်။ဒီတခါ ကျွန်တော်တို့ သတင်းကြိုရတာနဲ့ ကင်းပုန်း၀ပ်ပြီး မိုင်းဆွဲတာ ပစ်ခတ်တာလုပ်ခဲ့တယ်”လို့ အထက်ပါတာ၀န်ရှိသူက တိုက်ခိုက်မှုဖြစ်စဉ်ကို ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရတယ်လို့ အသိပေးပါတယ်။

“တိုက်ပွဲက သစ်ခေါက်တောင် ကာကင်းနဲ့ မီတာ ရှစ်ရာလောက်ပဲဝေးတယ်။လက်နက်ကြီးနဲ့သူတို့ဘက်က ပစ်ကူပေးခဲ့တယ်။သေဆုံးဒဏ်ရာရတဲ့စစ်တပ်ဘက်က နာမည်စာရင်းအတိအကျ ကျွန်တော်တို့ ရထားတယ်”လို့ စလင်းအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့၀င်တစ်က ပြောပါတယ်။

တပ်ချိန်းမယ့် စစ်တပ်ကို တိုက်ခိုက်မှုမှာ မင်းဘူးခရိုင် အမှတ်(၅)တပ်ရင်း နဲ့ SLN LPDF တို့လည်းပူးပေါင်းပါ၀င်ခဲ့တယ်လို့ သိရပါတယ်။

စလင်းမြို့နယ်က စလင်း၊တညောင်၊ဆင်ဖြူကျွန်း စတဲ့မြို့ပေါ် ဒေသနေရာ အများစုကိုသာ အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ထားနိုင်တာဖြစ်ပြီး ကျန်ဒေသတွေကို တော်လှန်ရေးအင်အားစုတွေက စိုးမိုးထားပါတယ်။

ဒါ့အပြင် အခု ၂၀၂၆နှစ်ဆန်းပိုင်က စလင်း၊ဆင်ဖြူကျွန်းမြို့ပေါ် နေရာတွေက စစ်တပ်တပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်စီးနင်းခဲ့တာ ရှိပါတယ်။

ဒါ့ကြောင့် စစ်တပ်က မကြာခဏ စစ်ကြောင်းထိုးနေပြီး ပြီးခဲ့တဲ့ ၂လအတွင်း စလင်းမြို့နယ်က ကျေးရွာ ၅ရွာထက်မနည်း မီးရှို့ခံခဲ့ရကာ ‌ပြည်သူ ၃ဦးကို သတ်ဖြတ်ခဲ့တယ်လို့ စလင်းမြို့နယ်ပအဖ(ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook