Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ပြန်ဝင်ခဲ့တဲ့ လားရှိုးမြို့ပေါ်မှာသံဃာတစ်ပါး အသတ်ခံရ

စစ်ကောင်စီထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ လူတစ်စုက ဘုန်းကြီးကျောင်းဝင်းအတွင်းဝင်လာပြီး သံဃာတစ်ပါး သတ်ဖြတ်သွားပါတယ်။

ဇန်နဝါရီ-၂၈၊၂၀၂၆။ဇော်ရမ်း/People’s Spring

စစ်ကောင်စီထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ လူတစ်စုက ဘုန်းကြီးကျောင်းဝင်းအတွင်းဝင်လာပြီး သံဃာတစ်ပါး သတ်ဖြတ်သွားပါတယ်။

ဒီကနေ့( ဇန်နဝါရီ ၂၈ရက်) မနက်မှာ လားရှိုးမြို့ ရပ်ကွက်(၄)မှာရှိတဲ့ မဟာဗောဓရုံကျောင်းတိုက်က သံဃာတစ်ပါး သတ်ဖြတ်ခံရတာဖြစ်ပါတယ်။

“ဘုန်းကြီးက ဒီကျောင်းမှာ အနေကြာနေပါပြီ။ ဒီနေ့မနက်အစောပိုင်းမှာ အုပ်စုဖွဲ့ပြီး သတ်သွားကြတာပါ။ ဒဏ်ရာတွေ အများကြီးနဲ့ ပျံတော်မူတာပါ”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိသတင်းရေးသားချိန်အထိ တရားခံတွေကို ဖမ်းမိခြင်းမရှိသေးဘဲ အခင်းဖြစ်ရာနေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာစစ်နေတယ်လို့ သိရပါတယ်။

လားရှိုးမြို့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ၂၀၂၄ သြဂုတ်လဆန်းမှာ ကိုးကန့်တပ်မတော်(MNDAA) နဲ့မဟာမိတ်တပ်​တွေက သိမ်းပိုက်ထိန်းချုပ်ခဲ့တဲ့မြို့ဖြစ်ပါတယ်။ဒါ​ပေမယ့် တရုတ်အစိုးရရဲ့ ဖိအားပေးမှု​ကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ဧပြီမှာ MNDAAက စစ်ကောင်စီထံပြန်လွှဲပေးခဲ့လို့ လက်ရှိမှာ စစ်ကောင်စီကထိန်းချုပ်ထားပါတယ်။

စစ်ကောင်စီကပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်ပိုင်း လားရှိုးမြို့မှာ လုယက်မှုတွေ၊ ဓားပြမှုတွေ၊ ပြန်ပေးဆွဲမှုတွေနဲ့ ခိုးမှုတွေ မကြာခဏဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ စက်တင်ဘာ ၄ရက်ညက လားရှိုးမြို့မှာ နေအိမ်အတွင်း ဝင်ရောက်လာတဲ့ သူခိုးကို ဒေသခံတွေက ဝိုင်းဖမ်းခဲ့စဉ် ဓားနဲ့ ပြန်အခုတ်ခံရပြီး အမျိုးသားနှစ်ဦးဒဏ်ရာရခဲ့ပါတယ်။‌အောက်တိုဘာလကလည်း မူးယစ်ဆေးကြောင်နေသူတစ်ယောက် မောင်းနှင်လာတဲ့ကားက တိုက်မိလို့ လူသုံးသေဆုံးခဲ့ပါတယ်။

အောက်တိုဘာ ၁၃ရက်နဲ့ သြဂုတ် ၂၁ရက်နေ့ကလည်း လားရှိုးမြို့ ရပ်ကွက်(၇)နဲ့ ရပ်ကွက်(၅)မှာ အမျိုးသမီးတစ်ဦးမောင်းနှင်လာတဲ့ ကားကိုလူတစ်စုက လူမြင်ကွင်းမှာ လုယက်မောင်းနှင်ထွက်ပြေးသွားခဲ့ပါတယ်။ မြို့မှာဖြစ်နေတဲ့အမှုတွေကို စစ်ကောင်စီကအရေးယူခြင်းမရှိသလို လားရှိုးမြို့ မှာ တရားဥပဒေစိုးမိုးမှုမရှိကြောင်း လူမှုကွန်ရက်ပေါ်ဝေဖန်ခဲ့တဲ့ စစ်ဘေးရှောင်အမျိုးသားတစ်ဦးကိုဖမ်းဆီးပြီး ရွေးကောက်ပွဲပျက်ပြားအောင် လှုံ့ဆော်တယ်ဆိုပြီး ထောင်ဒဏ် ၇နှစ်ချမှတ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ-၂၀၊၂၀၂၆၊ရှိန်း/People’s Spring စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်က ကျေးရွာ ၃ရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသား တစ်ဦး သေဆုံးပြီး ၂ဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝက်လက်မြို့နယ်က မင်းဂန်ရွာနဲ့ စစ်ကိုင်းမြို့နယ်၊သာစည်နဲ့ ရွှေစည်းခုံရွာ​တွေကို စစ်တပ်ကဧပြီ ၁၉ရက် ည ၁၂နာရီ ကျော်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့...

အတွေးအမြင်

လွတ်လပ်ရေးရပြီး ၁၉၅၈ ခုနောက်ပိုင်းကနေ ကနေ့အချိန်ထိ စုစုပေါင်း ၆၈ နှစ်လောက်ရဲ့ မြန်မာ့ နိုင်ငံရေးသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် စစ်တပ်က အာဏာလက်လွှတ်ခဲ့တယ်ဆိုတာ မရှိသလောက်ကို ရှားပါးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာကို ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ အင်အား ၁၀၀ ခန့်ရှိကြောင်း တီးတိန်မြို့နယ်အခြေစိုက် PDF ဇိုလဲန်းတပ်ဖွဲ့ စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။

သတင်း

နိုင်ငံတကာကိုသွားရောက်ချိန်တိုင်းမှာ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေရဲ့ ရက်စက်မှုတွေကို ဖော်ထုတ်ပြီး အာဏာရှင်စနစ်အဆုံးသတ်သည်အထိ ပါဝင်သွားမယ်လို့ တော်လှန်အနုပညာရှင် မေမြတ်နိုးက ကတိပေးလိုက်ပါတယ်။