Connect with us

Hi, what are you looking for?

သတင်း

ဖက်ဒရယ်ကျန်းမာရေးမူဝါဒဖွံ့ဖြိုးရေးနှီးနှောဖလှယ်ပွဲ အနာဂတ်ကျန်းမာရေးစနစ်မှာပါရမယ့်အချက်တွေ ဆွေးနွေး

ပြည်သူလူထုအခြေပြု ဖက်ဒရယ်ကျန်းမာရေးစနစ် တည်ဆောက်ရေးကို အရေးပါတဲ့ ခြေလှမ်းတစ်ရပ်အဖြစ် တိုးတက်စေနိုင်ဖို့ ဖက်ဒရယ်ကျန်းမာရေးမူဝါဒ ဖွံ့ဖြိုးရေးနှီးနှောဖလှယ်ပွဲ (Federal Health Policy Development Seminar-FHPDS) ကို ကျင်းပခဲ့ပြီး အနာဂတ်ဖက်ဒရယ်ကျန်းမာရေးစနစ်မှာ ပါဝင်ရမယ့် အချက်တွေဆွေးနွေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

ပြည်သူလူထုအခြေပြု ဖက်ဒရယ်ကျန်းမာရေးစနစ် တည်ဆောက်ရေးကို အရေးပါတဲ့ ခြေလှမ်းတစ်ရပ်အဖြစ် တိုးတက်စေနိုင်ဖို့ ဖက်ဒရယ်ကျန်းမာရေးမူဝါဒ ဖွံ့ဖြိုးရေးနှီးနှောဖလှယ်ပွဲ (Federal Health Policy Development Seminar-FHPDS) ကို ကျင်းပခဲ့ပြီး အနာဂတ်ဖက်ဒရယ်ကျန်းမာရေးစနစ်မှာ ပါဝင်ရမယ့် အချက်တွေဆွေးနွေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က သတင်းထုတ်ပြန်ပါတယ်။

အဲဒီ နှီးနှောဖလှယ်ပွဲကို ဇန်နဝါရီ ၂၆ရက်ကနေ ၂၇ရက်ထိ နှစ်ရက်ကြာ ပြုလုပ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်တွေ၊ ပြည်နယ်/ဖက်ဒရယ် ယူနစ်အသီးသီးက ခေါင်းဆောင်တွေ၊ NUG ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားကျန်းမာရေးကော်မတီ (NHC) ၊ ကျန်းမာရေးဆိုင်ရာပေါင်းစပ် ညှိနှိုင်းရေးကော်မတီ (JCC-Health) မှ အဖွဲ့ဝင်တွေ ဖိတ်ကြားထားသူတွေ ပါဝင်တက်ရောက်ခဲ့တယ်လို့ အသိပေးပါတယ်။

ဒါ့အပြင် ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ်တွေက ကျန်းမာရေး ကိုယ်စားလှယ်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ပညာရှင်တွေ၊ လူထုအခြေပြုအဖွဲ့တွေက ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ၊ မူဝါဒရေးရာကျွမ်းကျင်သူတွေ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အခု ကျင်းပခဲ့တဲ့ နှီးနှောဖလှယ်ပွဲကို တစ်နိုင်ငံလုံးအတွက် အထက်မှအောက်သို့ သတ်မှတ်တဲ့ မူဝါဒ တစ်ရပ် ဖန်တီးဖို့ မဟုတ်ဘဲ၊ ပါဝင်သင့်သူအားလုံး ပါဝင်နိုင်သော နှီးနှောဖလှယ်ပွဲ ပလက်ဖောင်း တစ်ခုအဖြစ် ရည်ရွယ်ထားကြောင်း ဖော်ပြပါတယ်။

ဖက်ဒရယ်ကျန်းမာရေးအတွက် မျှဝေထားတဲ့ အခြေခံအုတ်မြစ်တွေကို သတ်မှတ်နိုင်စေဖို့၊ ပြည်နယ်အလိုက် လိုအပ်ချက်တွေနဲ့ အခြေအနေတွေကို ဖော်ထုတ်နိုင်စေဖို့နဲ့ ပြည်သူလူထုရဲ့ ကျန်းမာရေးကဏ္ဍဆိုင်ရာလိုအပ်ချက်တွေနဲ့ ကျန်းမာရေး စနစ် ဒီဇိုင်းအကြား ကိုက်ညီမှုရှိစေဖို့၊ ဖက်ဒရယ်ကျန်းမာရေး မူဝါဒ မူကြမ်းကို ရည်ညွှန်းကိုးကားစရာ အဖြစ်သာ အသုံးပြုနိုင်စေဖို့ ရည်ရွယ်ထားကြောင်း အသိပေးပါတယ်။

နှောဖလှယ်ပွဲတက်ရောက်သူတွေက အနာဂတ်ဖက်ဒရယ်ကျန်းမာရေးစနစ်မှာ ပါဝင်ရမယ့် အချက်တွေကိုလည်း အလေးပေး ဆွေးနွေးခဲ့ကြောင်း ဖော်ပြပါတယ်။

အဲဒီ အချက်တွေကတော့ ပြည်နယ်နဲ့ ဒေသအလိုက် စုံလင်ကွဲပြားမှုတွေကို လေးစားတဲ့ လူထုအခြေပြု (Bottom-Up) တည်ဆောက်သော စနစ်ဖြစ်ဖို့၊ ဆုံးဖြတ်ချက်ချမှတ်မှုတွေမှာ သက်ဆိုင်ရာ ဒေသအသီးသီးရဲ့ ပါဝင်နိုင်မှုနဲ့ ပိုင်ဆိုင်မှု ကဏ္ဍတွေကို သေချာစေဖို့၊ ပြည်သူလူထုအားလုံးအတွက် ဂုဏ်သိက္ခာ၊ ပါဝင်အသုံးပြုနိုင်မှု နဲ့ ဆက်လက် စောင့်ရှောက်မှုတို့ကို အကာအကွယ်ပေးဖို့ စတဲ့ အချက်တွေဖြစ်ပါတယ်။

ဒါ့အပြင် ဖက်ဒရယ်စနစ်အတွင်း ပြည်နယ်အခွင့်အာဏာကို ထိန်းသိမ်းထားရင်း ညှိနှိုင်း ဆောင်ရွက်မှုတွေ ခိုင်မာစေရမယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

နှီးနှောဖလှယ်ပွဲ မှ ထွက်ပေါ်လာသော ရလဒ်တွေဟာ ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ်တွေကို ကိုယ်ပိုင် ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေရဲ့ ကျန်းမာရေးမူဝါဒများ ဖွံ့ဖြိုးတိုးတက်စေဖို့ သို့မဟုတ် ပြန်လည်သုံးသပ် ပြင်ဆင်ရေး အထောက်အကူပြုမှာ ဖြစ်ကြောင်း ဖော်ပြထားါပတယ်။ အဲဒီ မူဝါဒတွေကတဆင့် အားလုံးပူးပေါင်းပါဝင်ရေးသားပြုစုတဲ့ ဖက်ဒရယ်ကျန်းမာရေးမူဝါဒ တိုးတက်လာစေရေး အခြေခံအုတ်မြစ်အဖြစ် အသုံးချသွားမယ်လို့လည်း ဖော်ပြပါတယ်။

အခုနှီးနှောဖလှယ်ပွဲဟာ ဖက်ဒရယ်ဒီမိုကရေစီစနစ်၊ မျှတကောင်းမွန်မှုနဲ့ ရေရှည်တည်တံ့ နိုင်သော ကျန်းမာရေးစနစ် ပြန်လည်တည်ဆောက်ရေးခရီးလမ်းမှာအရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်တယ်လို့လည်း ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ် အတည်ပြု ပြဋ္ဌာန်းခြင်း (၅) နှစ်ပြည့် ကြေညာချက်ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ( NUCC) က ထုတ်ပြန်ခဲ့ရာ ပဋိညာဉ်ရဲ့ ပြဋ္ဌာန်းချက်တွေနဲ့ပေးအပ်ထားသော တာဝန်များကို တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ ကတိသစ္စာတည်ကြည်စွာ လိုက်နာကျင့်သုံးသွားကြဖို့ လေးနက်စွာ တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC-OT)နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUCCက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ဟာ ဖေဖော်ဝါရီ ၂၂ရက်မှာ ထပ်မံတွေ့ဆုံပြီး တော်လှန်ရေးဦးဆောင်မှုခိုင်မာရေးနဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ NUCCက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ရပ်တည်ချက်တွေကို ခိုင်ခိုင်မာမာ ဆက်လက် ထိန်းသိမ်းထားဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။