Connect with us

Hi, what are you looking for?

သတင်း

အကျဉ်းထောင် ၂၅ခုက နိုင်ငံရေးအကျဉ်းသား ၁,၈၉၅ဦး ပြန်လွတ်မြောက်

​နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် ၂၅ခုက စစ်တပ်မတရားဖမ်းဆီးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၁,၈၉၅ဦး ပြန်လည်လွတ်မြောက်လာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ကနဦးအတည်ပြု ထုတ်ပြန်ပါတယ်။

အင်းစိန်အကျဉ်းထောင်က လွတ်မြောက်လာသူတွေကို ကြိုဆိုနေကြသူတွေနဲ့ တွေ့ရစဉ်။ ဓာတ်ပုံ − PS

မတ်−၂ရက်၊ ၂၀၂၆။ဇေအောင်/People’s Spring

​နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် ၂၅ခုက စစ်တပ်မတရားဖမ်းဆီးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၁,၈၉၅ဦး ပြန်လည်လွတ်မြောက်လာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ကနဦးအတည်ပြု ထုတ်ပြန်ပါတယ်။

PPNMက စုံစမ်းရရှိပြီး ကနဦးထပ်မံအတည်ပြုထားတဲ့ ဒီကနေ့ လွတ်‌မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသားများမှာ အကျဉ်းထောင် ၂၅ခုက နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ ၁၈၉၅ဦး လွတ်မြောက်လာတယ်လို့ ထုတ်ပြန်ပါတယ်။

ပေါင်းတည်အကျဉ်းထောင်က အမျိုးသား ၁၆)ဦးနဲ့ အမျိုးသမီး ၆ဦး၊ သာယာဝတီအကျဉ်းထောင်က အမျိုးသား ၅၉ ဦးနဲ့ အမျိုးသမီး ၂၇ဦး၊ ဒိုက်ဦးအကျဉ်းထောင်က အမျိုးသား ၁၀ဦးနဲ့ အမျိုးသား ၂၀ဦး၊ မအူပင်အကျဉ်းထောင်က အမျိုးသား ၃၈ဦး နဲ့ အမျိုးသမီး ၈ဦး၊ ကော့သောင်းအကျဉ်းထောင်က စိစစ်ဆဲ ၆ဦး၊ ပခုက္ကူအကျဉ်းထောင်က စိစစ်ဆဲ ၈၀ဦး၊ကလေးအကျဉ်းထောင်က အမျိုးသား ၈၁ဦးနဲ့ အမျိုးသမီး ၂၅ဦး၊ ပြည်အကျဉ်းထောင်က အမျိုးသား ၄၃ဦးနဲ့ အမျိုးသမီး ၉ဦး၊ သထုံအကျဉ်းထောင်က အမျိုးသား ၆၁ဦး၊ မြိတ်အကျဉ်းထောင်က အမျိုးသား ၁၃ဦးနဲ့ အမျိုးသမီး ၁၆ဦး၊ မြစ်ကြီးနားအကျဉ်းထောင်က အမျိုးသား ၃ဦး၊ အင်းစိန်အကျဉ်းထောင်က အမျိုးသမီး ၅ဦးတို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဆက်လက်အတည်ပြုဖို့ ကျန်နေတာက ရွှေဘိုအကျဉ်းထောင်က အမျိုးသား ၈၂ဦးနဲ့ အမျိုးသမီး ၁၄ဦး၊ ကသာအကျဉ်းထောင်က အမျိုးသား ၂၀ဦးနဲ့ အမျိုးသမီး ၇ဦး၊ ကျိုက်မရောအကျဉ်းထောင်က အမျိုးသမီး ၆ဦး၊သရက်အကျဉ်းထောင်က ၁၀ဦး၊ ဟင်္သာတအကျဉ်းထောင်က မျိုးသား ၁၀၀ဦး နဲ့ အမျိုးသမီး ၂၀ဦးနဲ့ အိုးဘိုအကျဉ်းထောင်၊ ရမည်းသင်းအကျဥ်းထောင်နဲ့ လွိုင်ကော်အကျဥ်းထောင်က စီစစ်ဆဲလွတ်မြောက်လာသူတွေရှိတယ်လို့ PPNMက ထပ်မံအသိပေးပါတယ်။

“ဒီကနေ့လွတ်မြောက်လာမှုကို ဆက်စောင့်ကြည့်နေဆဲဖြစ်တယ်။ ကျွန်တော်တို့ ဒီတစ်ပတ်တာလုံးမှာ ခုနှစ်ထောင်ကျော်ရှိမရှိ စောင့်ကြည့်ဖို့လိုအပ်သေးတယ်။”လို့ PPNMရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

အရေအတွက်အသေးစိတ် အတိအကျ ဆက်လက်စုံစမ်းနေပြီး ဆက်လက်ထုတ်ပြန်သွားမယ်လို့ PPNMက အသိပေးပါတယ်။

အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီး​ထောင်ချထားသူ​တွေထဲက အကျဥ်းသား​တွေကို ဒီက​နေ့ ပြန်လွှတ်​ပေးတာမှာ ည​နေပိုင်းအထိစာရင်း​တွေအရ နိုင်ငံ​ရေးအကျဥ်းသား ၁၉၀၀ ခန့်ပါဝင်ပြီး ၊

ပြန်လည်လွတ်​မြောက်လာသူ​တွေထဲမှာ NLD အစိုးရအဖွဲ့ဝင်တချို့ ပါဝင်လာပါတယ်။

စစ်တပ်အာဏာသိမ်းပြီး မတရားဖမ်းဆီးခံခဲ့ရတဲ့ ဒီချုပ်အစိုးရအဖွဲ့ရဲ့ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဟောင်း ဦးမင်းသူ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဟောင်း ဒေါက်တာ မျိုးအောင်၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးတာ၊ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ကြီးဟောင်း ဦးဟံထွန်းနဲ့ ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဟောင်း ဒေါ်မိုးမိုးစုကြည်တို့ ပြန်လွတ်လာတယ်လို့ စုံစမ်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။