Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမှာ စစ်ရှောင် ၃မျိုးရှိနေပြီး အရပ်ဘက်စစ်၊ဘက်ပူးပေါင်း အကူအညီပေးနေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်း စစ်ဘေးရှောင် ၃မျိုးရှိနေပြီး အရပ်ဘက်စစ်ဘက်ပူးပေါင်းကာ အကူအညီပေးနေကြောင်း အမှတ်(၁) ရွှေဘိုခရိုင်စစ်ဌာနရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း စစ်ဘေးရှောင်များအား ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလက တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

မတ် ၃၊ ၂၀၂၆။မေရီ/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်း စစ်ဘေးရှောင် ၃မျိုးရှိနေပြီး အရပ်ဘက်စစ်ဘက်ပူးပေါင်းကာ အကူအညီပေးနေကြောင်း အမှတ်(၁) ရွှေဘိုခရိုင်စစ်ဌာနရဲ့ တာဝန်ရှိသူက ပြောပါတယ်။

​လက်ရှိ ရွှေဘိုခရိုင်အတွင်း ရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေဟာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့ပေါ်တွေက ထွက်ပြေးတိမ်းရှောင်လာသူတွေ ၊ပျူစောထီးကျေးရွာတွေက တိမ်းရှောင်လာသူတွေနဲ့ မန္တလေးတိုင်းအပါအဝင် အခြားသောဒေသတွေက စစ်ဘေးရှောင်လာသူတွေဖြစ်ကြောင်း၊ ၎င်းတို့ကို မြို့နယ်အလိုက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)တွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့များက နေရာချထားပေးခြင်း၊ အရေးပေါ်အဆောက်အဦးများ တည်ဆောက်ပေးခြင်းနဲ့ စားနပ်ရိက္ခာ ထောက်ပံ့ပေးခြင်းကို ဆောင်ရွက်ပေးနေကြောင်း အမှတ်(၁) ရွှေဘိုခရိုင်စစ်ဌာနရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“အဆင်ပြေနေတယ်လို့တော့ မဆိုနိုင်ဘူး။ အချို့ကလည်း နေရပ်စွန့်ခွာလာကြရတာဆိုတော့ ရက်ရှည်စစ်ဘေးရှောင်ပုံစံမျိုးဖြစ်နေတော့ သူတို့အတွက် တမျိုးတဖုံစီစဥ်ပေးဖို့ ကြိုးစားနေကြတာတွေတော့ရှိပါတယ်။”လို့ ၎င်းတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်းအတွက် လိုအပ်ချက်တွေရှိနေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက စစ်ဘေးရှောင်နေရာတွေကိုပါ ဦးတည်တိုက်ခိုက်မှုပြုလုပ်နေတာကြောင့် ၎င်းတို့ဘေးကင်းလုံခြုံစေဖို့ အရပ်ဘက်နဲ့ စစ်ဘက်ပူးပေါင်းကာ လုံခြုံတဲ့ နေရာများမှာ စီစဉ်ပေးနေရတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က ပြီးခဲ့တဲ့ ၂၀၂၅ စက်တင်ဘာ ၂၄ ရက်ထုတ်ပြန်ချက်အရ

လက်နက်ကိုင် ပဋိပက္ခပြင်းထန်နေတဲ့ မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ အရေအတွက် ၃ ဒသမ ၆ သန်းအထိ ရှိနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးငူရွာမှာနေထိုင်တဲ့ စစ်ဘေးရှောင်အမျိုးသားတဦးဟာ စက်လှေနဲ့ ငါးဖမ်းထွက်နေရင်း လေယာဉ်ဝဲလာလို့စိုးရိမ်ပြီး မော့ကြည့်ရာကနေ ရေထဲပြုတ်ကျပြီး သေဆုံးသွားခဲ့ကာ အလောင်းရှာမတွေ့သေးဘူးလို့ ဒေသခံ တွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ ၂ဦးသေဆုံးခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းကို စစ်တပ်က စစ်ကြောင်းထိုးကာ ဒရုန်းနဲ့ ချီပါရွာအနီးကို ဗုံးကြဲတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုနဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း လှုပ်ရှားမှုတွေ ဒီကနေ့ (စက်တင်ဘာ ၂၉) ပြုလုပ်ခဲ့ပါတယ်။

Trending

Facebook