Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့နယ်မှာ စစ်တပ်က နှစ်ပတ်အတွင်း ကျေးရွာဆယ်နဲ့ချီ မီးရှို့ဖျက်ဆီး

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်မှာ စစ်တပ်က�ပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးရာ နှစ်ပတ်အတွင်း ကျေးရွာ၁၀ရွာထပ်မနည်း မီးရှို့ဖျက်ဆီးခံရတယ်လို့ မြင်းခြံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းထောက်လှမ်း ရေးနဲ့ ပြန်ကြား ရေးတာဝန်ရှိသူက ပြောပါတယ်။

(မြင်းခြံမြို့နယ်က ကျေးရွာတွေကို စစ်တပ်က မီးရှို့ဖျက်ဆီးအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

မတ်-၁၀၊၂၀၂၆၊ရှိန်း/ People’s Spring

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်မှာ စစ်တပ်က�ပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးရာ နှစ်ပတ်အတွင်း ကျေးရွာ၁၀ရွာထပ်မနည်း မီးရှို့ဖျက်ဆီးခံရတယ်လို့ မြင်းခြံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းထောက်လှမ်း ရေးနဲ့ ပြန်ကြား ရေးတာဝန်ရှိသူက ပြောပါတယ်။

ဖေဖော်ဝါရီ၂၆ရက်မှာ နဘူးအိုင်ကျေးရွာကို ထိန်းချုပ်လိုက်တဲ့ စစ်တပ်ဟာ ကျေးရွာက ပြည်သူနေအိမ်တွေက ပစ္စည်းတွေကို တံတားဦး မြို့ဘက်ကိုသယ်ထုတ်ပြီး ကျေးရွာတွေကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ နဘူးအိုင်၊သက်ကယ်ကျင်း၊သ‌‌‌င်ဘောတင်၊ပတ္တာ၊ပြည်တော်သာ ၊ဓားကျွန်းစတဲ့ ကျေးရွာတွေကို မီးရှို့ထားပြီး မတ်လ၁၀ရက် နေ့ ၊ဒီနေ့မှာ တောင်ကျွန်းနဲ့ မြောက်ကျွန်းရွာတို့ကို ဆက်ပြီး မီးရှို့နေတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ရောက် ရောက်ချင်း တော့မရှို့ဘူး။ရှိသမျှပစ္စည်းအကုန်သယ်ပြီးမှ ရှို့တာ။နဘူးအိုင်ရွာဆိုအကုန်သယ်ပြီးသွားပြီ။နွားထိုး-မြင်းခြံလမ်းပိုင်းက စစ်ကြောင်းဆို နွားထိုးကြီးမြို့ပေါ်နဲ့ မြင်းခြံမြို့ပေါ်တွေကို ပြန်သယ်တယ်။ဘယ်လောက်သယ်လဲဆိုရင် အမျိုးသမီးလုံချည်တွေပါအကုန်သယ်တာ”လို့ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

အလားတူပဲ နွားထိုးကြီး- မြင်းခြံလမ်းပိုင်းက စစ်ကြောင်းက ကျေးရွာတွေနဲ့ ညောင်ပင်ရွာ၊ရွာကြီး၊ရွာသစ်၊ခံတက်ကုန်း၊ကံနှောင်း၊ကုန်းသာ၊ကံရွာစတဲ့ရွာတွေကိုလည်း မကြာခဏ မီးဝင်ရှို့နေတာလို့ သိရပါတယ်။

“တိုက်ပွဲဖြစ်ပွားခြင်းဘဘာညာမရှိဘူးလေ။သက်သက်ကိုမီးလိုက်ရှို့နေတာ”လို့ ပြန်ကြားရေးတာဝန်ရှိသူက ဆက်ပြောပါတယ်။

လက်ရှိ မြင်းခြံမြို့နယ်မှာ စစ်တပ်က နေရာ ၂၀လောက်ကို အင်အား၁၅၀၀ ဝန်းကျင်နဲ့ အင်အားဖြန့်တပ်စွဲထားတယ်လို့ သိရပါတယ်။

မြင်းခြံ- နွားထိုးကြီးလမ်းပိုင်းကို ၂၀၂၅ ဩဂုတ်ကတည်းက စစ်တပ်က အင်အားထောင်ချီသုံးကာ သိမ်းယူဖို့ကြိုးစားခဲ့ပြီး နှစ်ကုန်ပိုင်းမှာ တော်လှန်ရေးတပ်တွေ နယ်မြေ ဆုံးရှုံးခဲ့တာပါ။

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၅ ဩဂုတ်လကုန်အထိ စုစည်းထားတဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်း လေးနှစ်ကျော်ကာလအတွင်း အရပ်သားနေအိမ်ပေါင်း ၁၁၉,၄၁၁ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmarက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။