Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ထံက ကယ်ထုတ်လာတဲ့ ပြည်သူတွေကို PDFရဲဘော်တွေ ကျန်းမာရေးစောင့်ရှောက်မှုပေး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဓားစားခံအဖြစ် ဖမ်းထားတဲ့ ပြည်သူတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ မဟာမိတ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်က ကယ်ထုတ်ခဲ့ပြီးနောက် အဲဒီ ပြည်သူတွေကို PDF ရဲဘော်တွေက ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ မှတ်တမ်း ဓာတ်ပုံတွေ အမျိုးသားညီညွတ်ရေးအစိုးရ(PDF) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

(စစ်တပ်ထံက ကယ်ထုတ်လာတဲ့ ပြည်သူတွေကို PDFရဲဘော်တွေက ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဉ်။ ဓာတ်ပုံ - MOD)

မတ်-၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဓားစားခံအဖြစ် ဖမ်းထားတဲ့ ပြည်သူတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ မဟာမိတ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်က ကယ်ထုတ်ခဲ့ပြီးနောက် အဲဒီ ပြည်သူတွေကို PDF ရဲဘော်တွေက ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ မှတ်တမ်း ဓာတ်ပုံတွေ အမျိုးသားညီညွတ်ရေးအစိုးရ(PDF) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

မတ်လ ၅ရက်မှာ ညောင်လေးပင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီက ပြည်သူ ၃၀၀ ကျော်ကို ဓားစားခံအဖြစ်ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးထားစဉ် စစ်ကောင်စီ လက်ချက်ကြောင့် ပြည်သူ ၃၀ ကျော် ၄၀နီးပါး သေဆုံးခဲ့ရတယ်လို့လည်း တော်လှန်ရေးပူးပေါင်းတပ်က အသိပေးထားပါတယ်။

ကယ်ထုတ်လာတဲ့ ပြည်သူတွေကို လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၅)၊ Spring Warriors Column က ကျန်းမာရေး စောင့်ရှောက်ပေးလျက် ရှိကြောင်း အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ညောင်လေးပင်ခရိုင်၊ ပိန်းဇလုတ်မြို့နယ်က ရေတွင်းကုန်း၊ ခရုကုန်း၊ ကျောင်းကုန်းကျေးရွာများအား အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းကာ ပြည်သူ ၃၀၀ ကျော်ကို ဓားစာခံ ဖမ်းဆီးကာ ညှင်းပန်းနှိပ်စက်တာ သတ်ဖြတ်တာတွေ ကျူးလွန်ခဲ့ပါတယ်။

ဓားစားခံကယ်ထုတ်တဲ့ စစ်ဆင်ရေးကို KNLAနဲ့ PDF ပူးပေါင်းတပ်က ဆင်နွှဲခဲ့ရာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုတွေရှိသလို PDF ရဲဘော် ၉ဦးနဲ့ KNLA ရဲဘော် ၂ဦး စုစုပေါင်း ၁၁ဦး ကျဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေတိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက်အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

​စစ်မြေပြင်မှာ ထိခိုက်သေဆုံးမှုများပြားနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းအင်အား လိုအပ်ချက်ကြောင့် အရင်က နယ်မြေအခြေအနေအရ ပိတ်ထားခဲ့ရတဲ့ စစ်သင်တန်းကျောင်းအချို့ကိုပါ ပြန်လည်ဖွင့်လှစ်ပြီးထပ်တိုးလက်ခံလေ့ကျင့်ပေးနေကြောင်း မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(Myanmar Defense & Security Institute-MDSI)က သတင်းထုတ်ပြန်ပါတယ်။