Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲကပေါ်လာမယ့်အုပ်ချုပ်ရေး အသိအမှတ်မပြု၊ ၂၀၀၈ ခြေဥနဲ့ NCA အခြေခံ နိုင်ငံရေး ဆွေးနွေးပွဲလက်မခံဟု မွန်တော်လှန်ရေးဖိုရမ်ကြေညာ

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

မတ်-၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

မွန်တော်လှန်ရေးအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ဖို့ ၊ စည်းလုံးညီညွတ်မှု မြှင့်တင်ဖို့နဲ့ မွန်တော်လှန်ရေးဆိုင်ရာ အမြင်ဖလှယ်ပြီး မွန်ပြည်တည် ဆောက်ရေးဆိုင်ရာ ဘုံသဘောထား ရပ်တည်ချက်တစ်ရပ် ဖော်ထုတ်နိုင်ဖို့ ရည်ရွယ်ပြီး မတ်လ ၉ရက်ကစတင်ကာ မွန်တော်လှန်ရေးဖိုရမ်ကို သုံးရက်ကြာ ကျင်းပခဲ့ပြီး အခုလို သဘောထား ကြေညာခဲ့တာပါ။

တူညီတဲ့ ဘုံရည်ရွယ်ချက် ၅ချက်၊ စစ်တပ်ရွေးကောက်ပွဲက ပေါ်ထွက်လာမယ့် အုပ်ချုပ်ရေးအဖွဲ့နဲ့ ပတ်သက်တဲ့ သဘောထား ရပ်တည်ချက် ၂ချက်၊ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုဆိုင်ရာ ရပ်တည်ချက် ၂ချက်တို့ကို သဘောတူခဲ့တာလို့ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

တူညီတဲ့ ဘုံသဘောထားရပ်တည်ချက်တွေကို အခြေခံပြီး တော်လှန်ရေးကာလအတွက် မွန်ပြည် တော်လှန်ရေးပဋိဉာဉ် (Mon State Revolutionary Charter) ကို ရေးဆွဲသွားမယ်လို့ အသိပေးပါတယ်။

အဲဒီ ပဋိဉာဉ်ရေးဆွဲနေစဉ် တော်လှန်ရေးအဖွဲ့တွေအကြား ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အလုပ်အဖွဲ့ တခုဖွဲ့စည်းခဲ့တယ်လို့ အသိပေးပါတယ်။

“မွန်ပြည်တည်ဆောက်ရေးကို ဦးတည် လျက် မွန်တော်လှန်ရေးအဖွဲ့အစည်းများနှင့် မွန်ပြည်သူတစ်ရပ်လုံး လက်တွဲညီညီ တိုက်ပွဲဝင်သွား ကြပါရန် ဤဖိုရမ်မှ လေးနက်စွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။” လို့လည်း ထုတ်ပြန်ပါတယ်။

မွန်တော်လှန်ရေးဖိုရမ် ကျင်းပမှု နဲ့ပတ်သက်ပြီး မေးမြန်းဖို့ ကြေညာချက် ပြောရေးဆိုခွင့်ရှိသူ ထံ ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရသေးပါဘူး။

မွန်တော်လှန်ရေးဖိုရမ်သို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ မွန်ပြည်သစ်ပါတီ(စစ်အာ ဏာရှင်တိုက်ဖျက်ရေး) (NMSP/AD)၊ ပြည်ပရောက် မွန်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (OMCC)၊ မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ (MSCC)၊ မွန်အရပ်ဘက်အဖွဲ့အစည်းတွေ၊ သံဃာတော်တွေနဲ့ လေ့လာသူတွေ အပါအဝင် ကိုယ်စားလှယ် ပေါင်း ၇၀ ဦးကျော် တက်ရောက်ခဲ့တာလို့ဆိုပါတယ်။

ဖိုရမ်မှာ တော်လှန်ရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ စစ်ရေး နိုင်ငံရေး အခြေအနေတွေ ဆွေးနွေးသုံးသပ်ခဲ့ဟု အသိပေးပါတယ်။

ဒါ့အပြင် တော်လှန်ရေးကာလအတွင်း အဖွဲ့အစည်း အသီးသီးရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို တင်ပြကာ ဘုံသဘောထား ရပ်တည်ချက်တွေနဲ့ အနာဂတ်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွင်းရှိ မွန်ပြည်တည် ဆောက်ရေးဟာ မွန်တော်လှန်ရေးပန်းတိုင်အဖြစ် မွန်တော်လှန်ရေး ဖိုရမ်က ချမှတ်ခဲ့ကြောင်း ကြေညာပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေတိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက်အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

​စစ်မြေပြင်မှာ ထိခိုက်သေဆုံးမှုများပြားနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းအင်အား လိုအပ်ချက်ကြောင့် အရင်က နယ်မြေအခြေအနေအရ ပိတ်ထားခဲ့ရတဲ့ စစ်သင်တန်းကျောင်းအချို့ကိုပါ ပြန်လည်ဖွင့်လှစ်ပြီးထပ်တိုးလက်ခံလေ့ကျင့်ပေးနေကြောင်း မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(Myanmar Defense & Security Institute-MDSI)က သတင်းထုတ်ပြန်ပါတယ်။