Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမှာ တော်လှန်ရေးတပ်စခန်း ၂ခု စီးနင်းခံရပြီး ရဲဘော် ၃ဦး ကျဆုံး၊ ၃ဦးဖမ်းဆီးခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ စခန်း ၂ခု စီးနင်းခံရပြီး ရဲဘော် ၃ဦး ကျဆုံးခဲ့ရကြောင်း ဒေသတွင်းရဲဘော်အချို့က ပြောပါတယ်။

မတ်-၁၄၊ ၂၀၂၆။ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ စခန်း ၂ခု စီးနင်းခံရပြီး ရဲဘော် ၃ဦး ကျဆုံးခဲ့ရကြောင်း ဒေသတွင်းရဲဘော်အချို့က ပြောပါတယ်။

မတ်လ ၁၂ရက် မနက်ပိုင်းမှာ စစ်တပ်က ရေစကြိုမြို့နယ်၊ အနောက်တောင်ဘက်မှာရှိတဲ့ စဥ့်ကိုင်ကျေးရွာအနီးက တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ရဲ့ စခန်းကို ဝင်ရောက်စီးနင်းပြီး ရဲဘော် ၃ ဦးကို သတ်ဖြတ်သွားကြောင်း ဒေသတွင်း ရဲဘော်အချို့က ပြောပါတယ်။

ယင်းနောက် ကံသစ်ကျေးရွာအနီးက ပခုက္ကူခရိုင် တပ်ရင်း (၃)စခန်းကိုလည်း ဝင်ရောက်စီးနင်းခဲ့ပြီး ရဲဘော် ၃ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရေစကြိုဒေသတွင်းရဲဘော်အချို့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ပါသွားတဲ့ရဲဘော်တွေက အရှင်ပါသွားတာလို့သိရတယ်။ စစ်ကြောင်းလာတာမသိပဲအိပ်ပျော်နေတာ။ စစ်ကြောင်းက ဖမ်းခေါ်သွားတာလို့သိရတယ်”လို့ ရဲဘော်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာတော့ ရဲဘော် ၆ ဦးလုံး သတ်ဖြတ်ခံလိုက်ရတဲ့ပုံတွေနဲ့ ဖြန့်ဝေနေပြီး အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အဲဒီစစ်ကြောင်းနဲ့ ရေစကြိုပကဖအဖွဲ့တို့ မိနစ် ၂၀ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲဘော်တစ်ဦး ဒဏ်ရာတွေနဲ့ ပိတ်မိခဲ့လို့ ကယ်ထုတ်ခဲ့ရကြောင်း ရေစကြိုပကဖအဖွဲ့က ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ကျနော်တိုရဲဘော်တွေနဲ့တော့ထိတွေမှုမိနစ်၂၀လောက်ဖြစ်တယ်ဗျ။ ကျနော်တို့ ရဲဘော်တစ်ဦးက ဒဏ်ရာရပြီး ၃ နာရီလောက်ပိတ်မိနေတာ။”လို့ အထက်ပါ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ဒီကနေ့ညနေပိုင်းမှာ မြိုင်မြို့နယ်၊ ထနောင်းခလှကျေးရွာတောင်ဘက်ကိုရောက်ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ တပ်မ (၉၉)က စစ်ကြောင်းဖြစ်ပြီး ယခုနှစ် နှစ်စပိုင်းကတည်းက ရေစကြိုနယ်အတွင်း စစ်ကြောင်းထိုးနေကာ ကျေးရွာတွေကိုပါ မီးရှို့ဖျက်ဆီးနေတာကြောင့် ကျေးရွာတွေက ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရဲဘော်အထိအခိုက်မရှိခဲ့ပေမယ့် စခန်းပျက်စီးဆုံးရှုံးမှုများခဲ့တယ်လို့ မကွေးတိုင်း၊ရေစကြိုမြို့နယ် အခြေစိုက် Yesagyo Revolution Group (YRG) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ(၂၅၆)တပ်ရင်း က လက်နက်ကြီးတွေ နေ့စဥ် ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံတွေက ပြောပါတယ်။