Connect with us

Hi, what are you looking for?

သတင်း

မုံရွာမှာ ရေနစ်တဲ့ကလေး ၃ ဦးအနက် တစ်ဦးကို သေဆုံးလျက်ပြန်တွေ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချင်းတွင်းမြစ်ဆိပ်မှာ ရေနစ်ပျောက်ဆုံးနေတဲ့ က​လေး ၃ ဦးထဲက တစ်ဦးကို သေဆုံးလျက် ပြန်လည်ရှာဖွေတွေရှိခဲ့ပြီး ၂ ဦး ရှာမတွေ့သေးကြောင်း ဒေသခံတွေက ပြောပါတယ်။

ရေနစ်ကလေးငယ်ရုပ်အလောင်းအား သယ်ဆောင်လာသော ကယ်ဆယ်ရေးအဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ-မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မုံရွာမြို့နယ်ရုံး)

မတ် ၁၇၊ ၂၀၂၆ ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချင်းတွင်းမြစ်ဆိပ်မှာ ရေနစ်ပျောက်ဆုံးနေတဲ့ က​လေး ၃ ဦးထဲက တစ်ဦးကို သေဆုံးလျက် ပြန်လည်ရှာဖွေတွေရှိခဲ့ပြီး ၂ ဦး ရှာမတွေ့သေးကြောင်း ဒေသခံတွေက ပြောပါတယ်။

မနေ့က (မတ်လ ၁၆ ရက်) ညနေ ၆ နာရီခန့်က မုံရွာမြို့ရှိ ချင်းတွင်းမြစ်၊ ဇတ်ဆိပ်အနီးမှာ ရေဆင်းချိုးတဲ့ အသက် ၁၄ နှစ်ဝန်းကျင် ကလေးငယ် ၅ ဦး ရေနစ်ခဲ့ပြီး ၂ ဦး ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ကျန်တဲ့ ယောကျာ်းလေး ၁ ဦး၊ မိန်းကလေး ၂ ဦးကို ဆက်လက်ရှာဖွေခဲ့ရာ (ဒီကနေ့ မတ်လ ၁၇ ရက်)မှာ ယောကျာ်းလေးအလောင်းကို တွေ့ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ငါးဖမ်းပိုက်ထဲ ငြိနေတာ။ မနက်ဖြန် ကျန်တဲ့ကလေးနှစ်ယောက် ဆက်ရှာမယ်ပြောတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကလည်း မုံရွာမြို့၊ သလ္လာဝတီဆိပ်ကမ်းမှာ အသက် ၇ နှစ်အရွယ် ကလေး ၁ ဦး ရေနစ်ခဲ့ပြီး ရှာဖွေခဲ့ပေမဲ့ မတွေ့ရှိခဲ့ဘဲ ၂ ရက်အကြာ ၂၆ ရက်က ရုပ်အလောင်းပြန်လည်တွေ့ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

မုံရွာမြို့မှာ ဩဂုတ်၃၀ရက် ညက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အသက် ၈၀ ကျော်အရွယ် အဘိုးအို ၁ ဦး နေအိမ်အတွင်းပိတ်မိပြီး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။